
ဇှနျ 6, 2017
By 🌸



~~~~~~~~⊰❂ unicode ~~~~~~~~
ကျောက်မဲတွင် ရေခဲစက်အဆောက်အဦးမှ လူနေအိပ်ခန်းတန်းလျားမီးလောင်
*************
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ ရပ်ကွက်(၃)မှ ရေခဲစက်အဆောက်အဦးတွင် ဇွန်လ (၆) ရက်နေ့ နံနက် (၂ )နာရီခန့်က မီးလောင်မှုဖြစ်ပွားနေကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားရာသို့ ကျောက်မဲမီးသတ်မှ သန္ဓေမီးသတ် (၄၀)၊ မီးသတ်ယာဉ် (၃) စီး၊ ရေသယ်ယာဉ် (၂) စီးတို့ဖြင့်ငြိမ်းသတ်နေပြီး နံနက် (၃) နာရီခန့်တွင် မီးထိန်းနိုင်ကာ ဆက်လက်ငြိမ်းသတ်နေဆဲဖြစ်သည်။
မီးလောင်မှုကြောင့် သုံးဘီးယာဉ် (၂) စီးနှင့် ဆိုင်ကယ်အချို့ ၊ နေအိမ်တန်းလျားနှစ်ခုမှ အခန်း (၂၁)ခန်း မီးလောင်သွားကြောင်း လတ်တလောအခြေအနေအရ သိရသည်။
မီးလောင်မှုဖြစ်ပွားရာသို့ မိုင်းတင်းနှင် ့နောင်ပိန်ကျေးရွာမှ မီးသတ်ယာဉ်တစ်စီးစီလည်း ထပ်မံရောက်လာကြောင်း သိရသည်။
မီးလောင်မှုကြောင့် မီးသတ်သမား (၁) ဦး၊ အမျိုးသမီးငယ် (၁) ဦးတို့ ဒဏ်ရာရသဖြင့် ဆေးရုံသို့တင်ပို့ထားပြီး မီးဘေးသင့်လူဦးရေ (၅၀)ကျော်ခန့်ရှိကြောင်း သိရသည်။
သတင်း၊ဓါတ်ပုံ #နေဖြိုးမြင့်
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~