ပန္လီေက်းရြာအနီး ဖမ္းဆီးရမိသည့္ တရားမဝင္သစ္မ်ား၏ ပိုင္ရွင္အား စံုစမ္းေဖၚထုတ္ေနဆဲ

ပန္လီေက်းရြာအနီး ဖမ္းဆီးရမိသည့္ တရားမဝင္သစ္မ်ား၏ ပိုင္ရွင္အား စံုစမ္းေဖၚထုတ္ေနဆဲ
ဇွန် 5, 2017
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္း မိုင္းဆတ္ၿမိဳ႕ဘက္မွ က်ိဳင္းတုံုၿမိဳ႕ဘက္သို ့ ဇြန္လ (၃)ရက္ေန႔ နံနက္(၃)နာရီခြဲ   ခန္ ့က (၁၀)ဘီးကားျဖင့္ ပိေတာက္သစ္ခြဲသား(၆၅)ေခ်ာင္း အေလးခ်ိန္(၈.၀၄၀၄)တန္အား တရားမဝင္သယ္ေဆာင္ လာသည့္ ယာဥ္ေမာင္းႏွင့္ ယာဥ္ေနာက္လိုက္တို႔အား ဇြန္လ(၅)ရက္ေန႔တြင္ အမႈဖြင့္ထားေၾကာင္း သိရသည္။

သစ္ေတာဦးစီးဌာနမွ တပ္ဖြဲ႔ဝင္မ်ား၊ ခလရ(၂၄၄)တပ္မွ တပ္မေတာ္သားမ်ားႏွင့္ က်ိဳင္းတုံၿမိဳ႕မရဲစခန္းမွ တပ္ဖြဲ ့ဝင္မ်ားပါဝင္သည့္ ပူးေပါင္းအဖြဲ႕သည္ က်ိဳင္းတုံၿမိဳ႕နယ္အတြင္းရိွ ပန္လီေက်းရြာအနီး မိုင္းခုတ္-က်ိဳင္းတုံသြားလမ္းေပၚတြင္ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါသစ္မ်ား၏ပိုင္ရွင္အား ေဖၚထုတ္ႏုိင္ေရးစစ္ေဆးေနရာ မိုင္းဆတ္ၿမိဳ႕မွ မနန္းျမႏွင့္ ဦးေအာင္ကိုကိုတို႔က လြန္ခဲ့သည့္(၈)ရက္ခန္ ့က မိုင္းဆတ္ၿမိဳ႕ ဟိုပန္/ဟိုရြက္ရြာအနီးရိွ သစ္စက္ေဟာင္းအတြင္းမွသစ္မ်ားကို ယာဥ္ေမာင္းျဖစ္သူ ဦးေက်ာ္စိုးႏွင့္ ယာဥ္ေနာက္လုိက္ျဖစ္သူ ဦးလႊမ္းမိုးေအာင္တို ့အား Nissan အမ်ိဳးအစား ေခါင္းျပာ(၁၀)ဘီးယာဥ္ျဖင့္  က်ိဳင္းတုံၿမိဳ႕သို႔ ပို႔ေဆာင္ခိုင္းျခင္းျဖစ္ေၾကာင္း ကနဦးစစ္ေဆးေမးျမန္း  ခ်က္အရ သိရသည္ဟု ရဲမွတ္တမ္းတြင္ ေဖၚျပထားသည္။

သစ္ပိုင္ရွင္အားဆက္လက္ေဖၚထုတ္ေနၿပီး လက္ရိွတြင္ အဆိိုပါသစ္ကားမွ ယာဥ္ေမာင္းႏွင့္ ယာဥ္ေနာက္လုိက္တို႔အား က်ိဳင္းတံုၿမိဳ႕မရဲစခန္းတြင္ (ပ)၉၆/၂၀၁၇၊ ျပည္သူပိုင္ ၆(၁)အရ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

သတင္း #ဇြဲျမတ္

~~~~~~~~⊰❂ unicode ~~~~~~~~

ပန်လီကျေးရွာအနီး ဖမ်းဆီးရမိသည့် တရားမဝင်သစ်များ၏ ပိုင်ရှင်အား စုံစမ်းဖေါ်ထုတ်နေဆဲ
*************
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်မြို့ဘက်မှ ကျိုင်းတုုံမြို့ဘက်သို ့ ဇွန်လ (၃)ရက်နေ့ နံနက်(၃)နာရီခွဲခန် ့က (၁၀)ဘီးကားဖြင့် ပိတောက်သစ်ခွဲသား(၆၅)ချောင်း အလေးချိန်(၈.၀၄၀၄)တန်အား တရားမဝင်သယ်ဆောင် လာသည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့အား ဇွန်လ(၅)ရက်နေ့တွင် အမှုဖွင့်ထားကြောင်း သိရသည်။
သစ်တောဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ၊ ခလရ(၂၄၄)တပ်မှ တပ်မတော်သားများနှင့် ကျိုင်းတုံမြို့မရဲစခန်းမှ တပ်ဖွဲ ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ကျိုင်းတုံမြို့နယ်အတွင်းရှိ ပန်လီကျေးရွာအနီး မိုင်းခုတ်-ကျိုင်းတုံသွားလမ်းပေါ်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါသစ်များ၏ပိုင်ရှင်အား ဖေါ်ထုတ်နိုင်ရေးစစ်ဆေးနေရာ မိုင်းဆတ်မြို့မှ မနန်းမြနှင့် ဦးအောင်ကိုကိုတို့က လွန်ခဲ့သည့်(၈)ရက်ခန် ့က မိုင်းဆတ်မြို့ ဟိုပန်/ဟိုရွက်ရွာအနီးရှိ သစ်စက်ဟောင်းအတွင်းမှသစ်များကို ယာဉ်မောင်းဖြစ်သူ ဦးကျော်စိုးနှင့် ယာဉ်နောက်လိုက်ဖြစ်သူ ဦးလွှမ်းမိုးအောင်တို ့အား Nissan အမျိုးအစား ခေါင်းပြာ(၁၀)ဘီးယာဉ်ဖြင့်  ကျိုင်းတုံမြို့သို့ ပို့ဆောင်ခိုင်းခြင်းဖြစ်ကြောင်း ကနဦးစစ်ဆေးမေးမြန်း  ချက်အရ သိရသည်ဟု ရဲမှတ်တမ်းတွင် ဖေါ်ပြထားသည်။
သစ်ပိုင်ရှင်အားဆက်လက်ဖေါ်ထုတ်နေပြီး လက်ရှိတွင် အဆိိုပါသစ်ကားမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့အား ကျိုင်းတုံမြို့မရဲစခန်းတွင် (ပ)၉၆/၂၀၁၇၊ ပြည်သူပိုင် ၆(၁)အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
သတင်း #ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~