ရပ်ရွာအခြေပြု ရေ၊ ပတ်ဝန်းကျင်နှင့် တစ်ကိုယ်ရေသန့်ရှင်းရေးဆိုင်ရာလုပ်ငန်းများ ICRC က မိုင်းဆတ်တွင် ဆောင်ရွက်မည်

ရပ်ရွာအခြေပြု ရေ၊ ပတ်ဝန်းကျင်နှင့် တစ်ကိုယ်ရေသန့်ရှင်းရေးဆိုင်ရာလုပ်ငန်းများ ICRC က မိုင်းဆတ်တွင် ဆောင်ရွက်မည်
ဇှနျ 23, 2017
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်အတွင်း ရပ်ရွာအခြေပြု ရေ၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးဆိုင်ရာ လုပ်ငန်းများ လုပ်ဆောင်ရန် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)နှင့် ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ဇွန်လ (၂၂)ရက်နေ့က ဆွေးနွေးကြောင်း သိရသည်။



တွေ့ဆုံဆွေးနွေးပွဲသို့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)မှ ရေနှင့် လူနေမှုဆိုင်ရာ ကိုယ်စားလှယ် Mr.Lucien Blandernier၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC) ကျိုင်းတုံရုံး တာဝန်ခံ Mr.Charles Deutschers၊ မိုင်းဆတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်၊ မိုင်းဆတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သူလှိုင်၊ ပြန်ကြားရေးနှင့် ဆက်သွယ်ရေးကွင်းဆင်းအရာရှိ ဒေါ်နန်းရွှေဖြူနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

သတင်း - သန်းဇော်ဦး


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်အတွင်း ရပ်ရွာအခြပြေု ရေ၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးဆိုင်ရာ လုပ်ငန်းများ လုပ်ဆောင်ရန် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)နှင့် ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ဇွန်လ (၂၂)ရက်နေ့က ဆွေးနွေးကြောင်း သိရသည်။

အဆိုပါ စီမံချက်အား ဇူလိုင်လအတွင်း ကျေးရွာ (၂၅)ရွာတွင် ကွင်းဆင်း လေ့လာသုံးသပ်ပြီး အကောင်အထည်ဖော်မည့် ကျေးရွာ (၅)ရွာမှ (၁၀)ရွာကို ရွေးချယ်မည်ဖြစ်ကြောင်း သိရမည်။

အဆိုပါ စီမံချက်မှာ ရေရရှိမှု တိုးတက် ကောင်းမွန်ရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေး အတွက် မိလ္လာနှင့် အမှိုက် စနစ်တကျ စွန့်ပစ်နိုင်ရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေး အသိပညာပေးတို့အား ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)မှ ရေနှင့် လူနေမှုဆိုင်ရာ ကိုယ်စားလှယ် Mr.Lucien Blandernier၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC) ကျိုင်းတုံရုံး တာဝန်ခံ Mr.Charles Deutschers၊ မိုင်းဆတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်၊ မိုင်းဆတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သူလှိုင်၊ ပြန်ကြားရေးနှင့် ဆက်သွယ်ရေးကွင်းဆင်းအရာရှိ ဒေါ်နန်းရွှဖြေူနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

သတင်း - သန်းဇော်ဦး

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~