တာေလ နမ့္လင္းေခ်ာင္းတြင္ ေရနစ္ေသဆံုးေနသည့္ အမ်ိဳးသားအေလာင္းေတြ႔ရိွ

တာေလ နမ့္လင္းေခ်ာင္းတြင္ ေရနစ္ေသဆံုးေနသည့္ အမ်ိဳးသားအေလာင္းေတြ႔ရိွ
ဇွန် 6, 2017
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕နယ္ တာေလၿမိဳ႕၊ နားေယာင္းေက်းရြာအုပ္စု၊ ပါခါးႏြဲ႕ေက်းရြာအနီး  ေဝဠဳဝန္ဘုန္းေတာ္ႀကီးေက်ာင္း၏ အေနာက္ဘက္ကမ္းတြင္ ဇြန္လ (၅)ရက္ေန႔က အမ်ိဳးသားအေလာင္း တစ္ေလာင္း ေတြ႔ရိွရသျဖင့္ စစ္ေဆးေနေၾကာင္း သိရသည္။
ေဝဠဳဝန္ဘုန္းေတာ္ႀကီးေက်ာင္းမွ ဆရာေတာ္က ဇြန္လ (၅)ရက္ေန႔ ည (၈)နာရီခန္႔တြင္ တာေလနယ္ေျမရဲစခန္းသို႔ ဖုန္းဆက္အေၾကာင္းၾကားသျဖင့္ ရဲတပ္ဖြဲ႕ႏွင့္ေက်းရြာအုပ္ခ်ဳပ္ေရးတို႔ပါဝင္သည့္အဖြဲ႔က        သြားေရာက္စစ္ေဆးရာ အသက္ (၄၀)အရြယ္ခန္႔ အမ်ိဳးသားတစ္ဦးအား ျပင္ပဒဏ္ရာမ်ားမရွိဘဲ ေရနစ္ေသဆံုးပုပ္ပြေနသည္ကို နမ့္လင္းေခ်ာင္းအတြင္း ေတြ႔ရျခင္းျဖစ္ေၾကာင္း သိရသည္။
အေလာင္းအား တာေလျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ထားၿပီး စစ္ေဆးေနကာ အဆိုပါျဖစ္စဥ္အား တာေလနယ္ေျမရဲစခန္းတြင္ ေသမႈေသခင္းအမွတ္စဥ္ (၄/၂၀၁၇)ျဖင့္ စစ္ေဆးေဆာင္ရြက္ေနေၾကာင္း သိရသည္။
~~~~~~~~⊰❂ unicode ~~~~~~~~

တာလေ နမ့်လင်းချောင်းတွင် ရေနစ်သေဆုံးနေသည့် အမျိုးသားအလောင်းတွေ့ရှိ
*************
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ် တာလေမြို့၊ နားယောင်းကျေးရွာအုပ်စု၊ ပါခါးနွဲ့ကျေးရွာအနီး ဝေဠုဝန်ဘုန်းတော်ကြီးကျောင်း၏ အနောက်ဘက်ကမ်းတွင် ဇွန်လ (၅)ရက်နေ့က အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိရသဖြင့် စစ်ဆေးနေကြောင်း သိရသည်။
ဝေဠုဝန်ဘုန်းတော်ကြီးကျောင်းမှ ဆရာတော်က ဇွန်လ (၅)ရက်နေ့ ည (၈)နာရီခန့်တွင် တာလေနယ်မြေရဲစခန်းသို့ ဖုန်းဆက်အကြောင်းကြားသဖြင့် ရဲတပ်ဖွဲ့နှင့်ကျေးရွာအုပ်ချုပ်ရေးတို့ပါဝင်သည့်အဖွဲ့က သွားရောက်စစ်ဆေးရာ အသက် (၄၀)အရွယ်ခန့် အမျိုးသားတစ်ဦးအား ပြင်ပဒဏ်ရာများမရှိဘဲ ရေနစ်သေဆုံးပုပ်ပွနေသည်ကို နမ့်လင်းချောင်းအတွင်း တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။
အလောင်းအား တာလေပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီး စစ်ဆေးနေကာ အဆိုပါဖြစ်စဉ်အား တာလေနယ်မြေရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် (၄/၂၀၁၇)ဖြင့် စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~