ရွမ္းျပည္နယ္လႊတ္ေတာ္ႏွင့္ ခ်ိတ္ဆက္ေဆာင္ရြက္ေရး အရပ္ဘက္အဖြဲ႕အစည္းမ်ား ႏွစ္ရက္တာ ေဆြးေႏြး

ရွမ္းျပည္နယ္လႊတ္ေတာ္ႏွင့္ ခ်ိတ္ဆက္ေဆာင္ရြက္ေရး အရပ္ဘက္အဖြဲ႕အစည္းမ်ား ႏွစ္ရက္တာ ေဆြးေႏြး
ဇွန် 13, 2017
By Tachileik News Agency

ရွမ္းျပည္နယ္လႊတ္ေတာ္ ပိုမိုအားေကာင္းလာေစေရးအတြက္ အရပ္ဘက္အဖြဲ႕အစည္းမ်ား ဆက္လက္ အေကာင္အထည္ ေဖာ္ေဆာင္ရြက္ႏိုင္ေရး အတြက္ ျပန္လည္သံုးသပ္ျခင္း၊ ေရွ႕လုပ္ငန္းစဥ္မ်ား ေဖာ္ထုတ္ျခင္း ေဆြးေႏြးပြဲကို ဇြန္လ (၁၃) ရက္မွ (၁၄)ရက္ေန႔အထိ ေတာင္ႀကီးၿမိဳ႕တြင္ က်င္းပေနေၾကာင္း သိရသည္။

ရွမ္းျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္မ်ားႏွင့္ အရပ္ဘက္အဖြဲ႕အစည္းမ်ား ေတြ႕ဆံုေဆြးေႏြးပြဲအား ဇြန္လ (၁၁)ရက္ေန႔မွ (၁၂)ရက္ေန႔အထိ က်င္းပၿပီးေနာက္ အရပ္ဘက္အဖြဲ႕အစည္းမ်ားက ဆက္လက္ ေဆြးေႏြးေနၾကျခင္း ျဖစ္သည္။

“ကၽြန္ေတာ္တို႔နဲ႔ ပူးေပါင္းလုပ္ေဆာင္ဖို႔ သူတို႔ေတြက စိတ္အားထက္သန္မႈ ရွိၾကပါတယ္။ သူတို႔ ကိုယ္တိုင္လည္း လိုလိုလားလား ရွိၾကပါတယ္။ ကၽြန္ေတာ္တို႔ ေဆြးေႏြးတဲ့၀ိုင္းမွာဆိုရင္လည္း တပ္မေတာ္သား ကိုယ္စားလွယ္တစ္ဦး ပါ ပါတယ္။ ကၽြန္ေတာ္တို႔နဲ႔လည္း လိႈက္လွႈိက္လွဲလွဲပါဝင္ပါတယ္။ အရင္နဲ႔ အခုေနာက္ပိုင္းမွာ ဆိုရင္ေတာ့ ပိုၿပီးေတာ့ ေအာင္ျမင္လာမွာပါ။ ကၽြန္ေတာ္တို႔ဘက္ကေန လိုအပ္တဲ့သတင္းအခ်က္အလက္ေတြ ေပးနိုင္ရင္ သူတို႔လႊတ္ေတာ္မွာ ထိထိေရာက္ေရာက္ မဲခြဲဆံုးျဖတ္တဲ့ကိစၥေတြ လုပ္ေပးနိုင္ရင္ေတာ့ ပိုၿပီးေတာ့ အဆင္ေျပမယ္လို႔ ကၽြန္ေတာ္တို႔ ေမွ်ာ္မွန္းထား ပါတယ္။ အရင္တုန္းကေတာ့ သူတို႔အေနနဲ႔က သတင္းအခ်က္အလက္ေတြ သိပ္မရဘူး” ဟု ရွမ္း/ေတာင္ လိြဳင္လင္ၿမိဳ႕ ရွမ္း/ေတာင္အရပ္ဘက္အဖြဲ႕အစည္း အတြင္းေရးမွဴး ဦးေအာင္စိုးမိုးက ေျပာသည္။

လႊတ္ေတာ္ကိုယ္စားလွယ္မ်ားႏွင့္ အရပ္ဘက္အဖြဲ႕အစည္းမ်ား ေတြ႔ဆံုေဆြးေႏြးခဲ့ရာတြင္ အခ်ဳိ႕ေသာ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားက အရပ္ဘက္အဖြဲ႕မ်ား၏ ေရွ႕လုပ္ငန္းစဥ္မ်ားကို စိုးရိမ္မႈ အနည္းငယ္ ရိွသည္ကိုလည္း ေတြ႔ရသည္ဟု အရပ္ဘက္အဖြဲ႕အစည္းအခ်ဳိ႕က သံုးသပ္ေျပာဆိုၾကသည္။

“ကၽြန္ေတာ္တို႔က သတင္းအခ်က္အလက္ ရတယ္။ လႊတ္ေတာ္ထိ မေရာက္နိုင္ဘူး။ ေနာက္ပိုင္းမွာေတာ့ ကၽြန္ေတာ္တို႔ CSO ကေန ျပည္သူေတြထဲထိ ေအာက္ေျခထဲထိပိုၿပီးေတာ့ တိက်တဲ့ သတင္းအခ်က္ အလက္ရယူဖို႕ စဥ္းစားထားပါတယ္။ တခ်ဳိ႕ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကေတာ့ ကၽြန္ေတာ္တို႔ CSO ေတြ အေပၚမွာ နည္းနည္း စိုးရိမ္ေနတာေတြရွိတယ္”ဟု ရွမ္း/ေတာင္ လိြဳင္လင္ၿမိဳ႕ ရွမ္း/ေတာင္ အရပ္ဘက္အဖြဲ႕အစည္း အတြင္းေရးမွဴး ဦးေအာင္စိုးမိုးက ေျပာသည္။

ယင္းသုိ႔ေတြ႕ဆံုမႈမ်ားသည္ အရပ္ဘက္အဖြဲ႕အစည္းမ်ား၏ ပထမဆံုးေျခလွမ္းတစ္ခုျဖစ္ၿပီး ေရွ႕လုပ္ငန္းစဥ္အျဖစ္ ျပည္သူမ်ားထံမွ ခိုင္မာေသာသတင္းအခ်က္အလက္မ်ား ရယူသြားရန္ ျဖစ္ၿပီး ျပည္သူ႔ေရးရာစီမံခန္႕ခြဲမႈ ေကာ္မတီ ဖြဲ႕စည္းရာတြင္လည္း အရပ္ဘက္အဖြဲ႕မ်ား ထည့္သြင္း ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

“ပူးေပါင္းတာက အားလံုးအက်ဳိးရွိမယ္။ ကၽြန္မတို႔ CSO က အေျခခံေတြလုပ္မယ္။ လႊတ္ေတာ္ ကိုယ္စားလွယ္ ေတြတင္ျပမယ္။ လႊတ္ေတာ္ကိုယ္စားလွယ္ကေနတစ္ဆင့္ လႊတ္ေတာ္ကို ျပန္လည္ တင္ျပမယ္။ ေမွ်ာ္လင့္မထား ရာကေန ဒီလိုပူးေပါင္းရမယ္ဆိုေတာ့ အရမ္း၀မ္းသာပါတယ္။ ဟိုတုန္းကေတာ့ ဒီလိုအခြင့္အေရးေတြမရွိခဲ့ဘူး။ ေဆြးေႏြးမႈမွာလည္း အက်ဳိးရလဒ္ေတြက အရမ္းေကာင္းပါတယ္။ မေန႔ကလည္း လႊတ္ေတာ္ ဒုဥကၠဌ ကိုယ္တိုင္က ေျပာပါတယ္။ ျပည္သူ႕ေရးရာစီမံခန္႕ခြဲမႈ ေကာ္မတီဖြဲ႕တဲ့အခ်ိန္မွာ ကၽြန္မတို႔ CSO ေတြပါလာေတာ့မွာပါ။ ပညာရွင္ေတြ အစံုပါလာေတာ့ အေကာင္းဆံုးရလဒ္တစ္ခုရလာမွာပါ”ဟု အဆိုပါ ပြဲသို႔ တက္ေရာက္သည့္ တာခ်ီလိတ္ၿမိဳ႕ ဗမာတိုင္းရင္းသားယဥ္ေက်းမႈအဖြဲ႕ မွ ေဒၚခင္သန္းမူက ေျပာသည္။

အရပ္ဘက္ အဖြဲ႕အစည္းမ်ားႏွင့္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား ခ်ိတ္ဆက္ေဆာင္ရြက္ႏိုင္ေရး ေဆြးေႏြးရာတြင္ ျပည္နယ္လႊတ္ေတာ္မွ တပ္မေတာ္သားကိုယ္စားလွယ္မ်ားလည္း ပါဝင္ ေဆြးေႏြးၾကျခင္းျဖစ္ေၾကာင္း သိရသည္။

“သတင္း အခ်က္အလက္ေတြကလည္း အမ်ားႀကီးတိုးတက္လာမယ္လို႔ ကၽြန္မေမွ်ာ္လင့္ပါတယ္။ လႊတ္ေတာ္ အမတ္ေတြကလည္း သူတို႔နဲ႕ခ်ိတ္ဆက္နိုင္ဖို႔ အမ်ားႀကီးကူညီေပးပါတယ္။ အရင္ လုပ္ေနတာထက္ ပိုၿပီးေတာ့ အခုေနာက္ပိုင္းမွာ ျပည္သူေတြအတြက္ ထဲထဲဝင္ဝင္ လုပ္ေဆာင္သြားမွာပါ။ ကၽြန္မတို႔အတြက္ ေမွ်ာ္လင့္ခ်က္ေတြအမ်ားႀကီးရလာပါတယ္”ဟု ရွမ္းျပည္နယ္ေျမာက္ပိုင္း လားရိႈးၿမိဳ႕မွ အရပ္ဘက္အဖြဲ႕အစည္းတစ္ခုမွ ေဒၚမူမူျမင့္က ေျပာသည္။

CSO မ်ားက ရရိွလာသည့္ အခ်က္အလက္မ်ားအား လႊတ္ေတာ္ကိုယ္စားလွယ္မ်ားထံ တင္ျပသြားရန္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားႏွင့္ အရပ္ဘက္အဖြဲ႕အစည္းမ်ား ေတြ႔ဆံုေဆြးေႏြးခဲ့ၾကျခင္းျဖစ္ေၾကာင္း
ရွမ္းျပည္ေတာင္ပိုင္း နမ့္စန္ ဓမၼဘာသာအသင္း က်န္းမာေရးကူညီေစာင့္ေရွာက္မႈအဖြဲ႕မွ ဦးသိန္းျမင့္ထံမွ သိရသည္။

အရပ္ဘက္ အဖြဲ႕အစည္းမ်ား ေတြ႔ဆံုေဆြးေႏြးပြဲသို႕ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ ဗမာတိုင္းရင္းသားေရး ရာ၀န္ႀကီး ေဒါက္တာ ေအာင္သန္းေမာင္က အဖြင့္အမွာစကားေျပာၾကားၿပီး ရွမ္းျပည္နယ္(ေတာင္ပိုင္း)မွ(၈၀) ဦး၊ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)မွ (၈၀) ဦး၊ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)မွ (၄၀)ဦး ၊ အရပ္ဘက္ အဖြဲ႕အစည္းမ်ားမွ ကိုယ္စားလွယ္စုစုေပါင္း (၂၀၀)ဦး တက္ေရာက္ေဆြးေႏြးေနၾကေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ႏိုႏို


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်လွှတ်တော် ပိုမိုအားကောင်းလာစေရေးအတွက် အရပ်ဘက်အဖွဲ့အစည်းများ ဆက်လက် အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး အတွက် ပြန်လည်သုံးသပ်ခြင်း၊ ရှေ့လုပ်ငန်းစဉ်များ ဖော်ထုတ်ခြင်း ဆွေးနွေးပွဲကို ဇွန်လ (၁၃) ရက်မှ (၁၄)ရက်နေ့အထိ တောင်ကြီးမြို့တွင် ကျင်းပနေကြောင်း သိရသည်။

ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် အရပ်ဘက်အဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးပွဲအား ဇွန်လ (၁၁)ရက်နေ့မှ (၁၂)ရက်နေ့အထိ ကျင်းပပြီးနောက် အရပ်ဘက်အဖွဲ့အစည်းများက ဆက်လက် ဆွေးနွေးနကြခြေင်း ဖြစ်သည်။

“ကျွန်တော်တို့နဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ သူတို့တွေက စိတ်အားထက်သန်မှု ရှိကြပါတယ်။ သူတို့ ကိုယ်တိုင်လည်း လိုလိုလားလား ရှိကြပါတယ်။ ကျွန်တော်တို့ ဆွေးနွေးတဲ့ဝိုင်းမှာဆိုရင်လည်း တပ်မတော်သား ကိုယ်စားလှယ်တစ်ဦး ပါ ပါတယ်။ ကျွန်တော်တို့နဲ့လည်း လှိုက်လှိုက်လှဲလှဲပါဝင်ပါတယ်။ အရင်နဲ့ အခုနောက်ပိုင်းမှာ ဆိုရင်တော့ ပိုပြီးတော့ အောင်မြင်လာမှာပါ။ ကျွန်တော်တို့ဘက်ကနေ လိုအပ်တဲ့သတင်းအချက်အလက်တွေ ပေးနိုင်ရင် သူတို့လွှတ်တော်မှာ ထိထိရောက်ရောက် မဲခွဲဆုံးဖြတ်တဲ့ကိစ္စတွေ လုပ်ပေးနိုင်ရင်တော့ ပိုပြီးတော့ အဆင်ပြေမယ်လို့ ကျွန်တော်တို့ မျှော်မှန်းထား ပါတယ်။ အရင်တုန်းကတော့ သူတို့အနေနဲ့က သတင်းအချက်အလက်တွေ သိပ်မရဘူး” ဟု ရှမ်း/တောင် လွိုင်လင်မြို့ ရှမ်း/တောင်အရပ်ဘက်အဖွဲ့အစည်း အတွင်းရေးမှူး ဦးအောင်စိုးမိုးက ပြောသည်။

လွှတ်တော်ကိုယ်စားလှယ်များနှင့် အရပ်ဘက်အဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးခဲ့ရာတွင် အချို့သော လွှတ်တော်ကိုယ်စားလှယ်များက အရပ်ဘက်အဖွဲ့များ၏ ရှေ့လုပ်ငန်းစဉ်များကို စိုးရိမ်မှု အနည်းငယ် ရှိသည်ကိုလည်း တွေ့ရသည်ဟု အရပ်ဘက်အဖွဲ့အစည်းအချို့က သုံးသပ်ပြောဆိုကြသည်။

“ကျွန်တော်တို့က သတင်းအချက်အလက် ရတယ်။ လွှတ်တော်ထိ မရောက်နိုင်ဘူး။ နောက်ပိုင်းမှာတော့ ကျွန်တော်တို့ CSO ကနေ ပြည်သူတွေထဲထိ အောက်ခြေထဲထိပိုပြီးတော့ တိကျတဲ့ သတင်းအချက် အလက်ရယူဖို့ စဉ်းစားထားပါတယ်။ တချို့ လွှတ်တော်ကိုယ်စားလှယ်တွေကတော့ ကျွန်တော်တို့ CSO တွေ အပေါ်မှာ နည်းနည်း စိုးရိမ်နေတာတွေရှိတယ်”ဟု ရှမ်း/တောင် လွိုင်လင်မြို့ ရှမ်း/တောင် အရပ်ဘက်အဖွဲ့အစည်း အတွင်းရေးမှူး ဦးအောင်စိုးမိုးက ပြောသည်။

ယင်းသို့တွေ့ဆုံမှုများသည် အရပ်ဘက်အဖွဲ့အစည်းများ၏ ပထမဆုံးခြေလှမ်းတစ်ခုဖြစ်ပြီး ရှေ့လုပ်ငန်းစဉ်အဖြစ် ပြည်သူများထံမှ ခိုင်မာသောသတင်းအချက်အလက်များ ရယူသွားရန် ဖြစ်ပြီး ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ကော်မတီ ဖွဲ့စည်းရာတွင်လည်း အရပ်ဘက်အဖွဲ့များ ထည့်သွင်း ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ပူးပေါင်းတာက အားလုံးအကျိုးရှိမယ်။ ကျွန်မတို့ CSO က အခြေခံတွေလုပ်မယ်။ လွှတ်တော် ကိုယ်စားလှယ် တွေတင်ပြမယ်။ လွှတ်တော်ကိုယ်စားလှယ်ကနေတစ်ဆင့် လွှတ်တော်ကို ပြန်လည် တင်ပြမယ်။ မျှော်လင့်မထား ရာကနေ ဒီလိုပူးပေါင်းရမယ်ဆိုတော့ အရမ်းဝမ်းသာပါတယ်။ ဟိုတုန်းကတော့ ဒီလိုအခွင့်အရေးတွေမရှိခဲ့ဘူး။ ဆွေးနွေးမှုမှာလည်း အကျိုးရလဒ်တွေက အရမ်းကောင်းပါတယ်။ မနေ့ကလည်း လွှတ်တော် ဒုဥက္ကဌ ကိုယ်တိုင်က ပြောပါတယ်။ ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ကော်မတီဖွဲ့တဲ့အချိန်မှာ ကျွန်မတို့ CSO တွေပါလာတော့မှာပါ။ ပညာရှင်တွေ အစုံပါလာတော့ အကောင်းဆုံးရလဒ်တစ်ခုရလာမှာပါ”ဟု အဆိုပါ ပွဲသို့ တက်ရောက်သည့် တာချီလိတ်မြို့ ဗမာတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ မှ ဒေါ်ခင်သန်းမူက ပြောသည်။

အရပ်ဘက် အဖွဲ့အစည်းများနှင့် လွှတ်တော်ကိုယ်စားလှယ်များ ချိတ်ဆက်ဆောင်ရွက်နိုင်ရေး ဆွေးနွေးရာတွင် ပြည်နယ်လွှတ်တော်မှ တပ်မတော်သားကိုယ်စားလှယ်များလည်း ပါဝင် ဆွေးနွေးကြခြင်းဖြစ်ကြောင်း သိရသည်။

“သတင်း အချက်အလက်တွေကလည်း အများကြီးတိုးတက်လာမယ်လို့ ကျွန်မမျှော်လင့်ပါတယ်။ လွှတ်တော် အမတ်တွေကလည်း သူတို့နဲ့ချိတ်ဆက်နိုင်ဖို့ အများကြီးကူညီပေးပါတယ်။ အရင် လုပ်နေတာထက် ပိုပြီးတော့ အခုနောက်ပိုင်းမှာ ပြည်သူတွေအတွက် ထဲထဲဝင်ဝင် လုပ်ဆောင်သွားမှာပါ။ ကျွန်မတို့အတွက် မျှော်လင့်ချက်တွေအများကြီးရလာပါတယ်”ဟု ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှ အရပ်ဘက်အဖွဲ့အစည်းတစ်ခုမှ ဒေါ်မူမူမြင့်က ပြောသည်။

CSO များက ရရှိလာသည့် အချက်အလက်များအား လွှတ်တော်ကိုယ်စားလှယ်များထံ တင်ပြသွားရန် လွှတ်တော်ကိုယ်စားလှယ်များနှင့် အရပ်ဘက်အဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်း
ရှမ်းပြည်တောင်ပိုင်း နမ့်စန် ဓမ္မဘာသာအသင်း ကျန်းမာရေးကူညီစောင့်ရှောက်မှုအဖွဲ့မှ ဦးသိန်းမြင့်ထံမှ သိရသည်။

အရပ်ဘက် အဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားရေး ရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင်က အဖွင့်အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်(တောင်ပိုင်း)မှ(၈၀) ဦး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ (၈၀) ဦး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ (၄၀)ဦး၊ အရပ်ဘက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်စုစုပေါင်း (၂၀၀)ဦး တက်ရောက်ဆွေးနွေးနကြေကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~