ရွမ္းေရွ႕မွ လယ္သမားမ်ား စိုက္ပ်ိဳးစရိတ္ေခ်းေငြထုတ္ယူမႈနည္းသျဖင့္ ရပ္ေက်းမ်ားကူညီရန္ ဝန္ႀကီးတိုက္တြန္း

ရွမ္းေရွ႕မွ လယ္သမားမ်ား စိုက္ပ်ိဳးစရိတ္ေခ်းေငြထုတ္ယူမႈနည္းသျဖင့္ ရပ္ေက်းမ်ားကူညီရန္ ဝန္ႀကီးတိုက္တြန္း
ဇွန် 5, 2017
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္းမွ လယ္သမားမ်ား စိုက္ပ်ိဳးစရိတ္ေခ်းေငြထုတ္ယူမႈနည္းေနသျဖင့္ ၿမိဳ႕နယ္အလိုက္ သက္ဆုိင္ရာ ရပ္ကြက္ေက်းရြာအုပ္ခ်ဳပ္ေရးရံုးမ်ားမွ တာဝန္ရိွသူမ်ားႏွင့္ အုပ္ခ်ဳပ္ေရးမွဴးမ်ားအေနျဖင့္ မိမိတို႔ ေဒသမွ လယ္သမားမ်ားအား ကူညီေဆာင္ရြက္ေပးရန္ ရွမ္းျပည္နယ္ ဘ႑ာေရးဝန္ႀကီးက တိုက္တြန္းလိုက္သည္။
"ရွမ္းအေရွ႕က ေတာင္သူလယ္သမားေတြက ရုံးေတြကို မသြားရဲပါဘူး။ ဒါေၾကာင္႔ သူတို႔မွာ စိုက္ပ်ိဳးစရိတ္ ေခ်းေငြ လိုခ်င္ေပမဲ႔ မေခ်းနိုင္ဘဲျဖစ္ေနပါတယ္။ ေခ်းေငြရဖို႔ကလည္း ကန္႔သတ္ခ်က္ေလးေတြနဲ႔ စာရြက္စာတမ္းကိစၥေတြက ရိွေနပါတယ္။ ဒါေတြကို ရြာသားေတြက မလုပ္ႏိုင္ပါဘူး။ ဒါေၾကာင့္ သက္ဆိုင္ရာ ရပ္ေက်း စာေရးေတြ၊ အုပ္ခ်ဳပ္ေရးမွဴးေတြအေနနဲ႔ ဒီကိစၥကို ထဲထဲဝင္ဝင္ ေဆာင္ရြက္ေပးေစခ်င္ပါတယ္" ဟု ရွမ္းျပည္နယ္ ဘ႑ာေရးဝန္ႀကီး ဦးစိုင္းရွဲန္တစ္လုံက ေျပာသည္။
ရွမ္းျပည္နယ္အေရွ႕ပိုင္းမွ ေတာင္သူလယ္သမားမ်ားအား စိုက္ပ်ိဳးစရိတ္ေခ်းေငြထုတ္ေပးျခင္းကို က်ိဳင္းတံုၿမိဳ႕ရိွ ျမန္မာ့လယ္ယာဖြံ႔ၿဖိဳးေရးဘဏ္မွ ယခုႏွစ္အတြက္ စတင္ထုတ္ေပးေနၿပီျဖစ္ေသာ္လည္း ဇြန္လဆန္းပိုင္းအထိ က်ိဳင္းတံုႏွင့္ မုိင္းျဖတ္ၿမိဳ႕နယ္ႏွစ္ခုကသာ ေခ်းေငြတင္ျပထားေသးေၾကာင္း သိရသည္။
"ကၽြန္ေတာ္တို႔ဘဏ္က ရွမ္းျပည္နယ္အေရွ႕ပိုင္းတစ္ခုလုံးမွာ တစ္ခုပဲရိွတဲ႔အတြက္ ရွမ္းအေရွ႕မွာရိွတဲ႔ ၿမိဳ႕နယ္တိုင္းက ေတာင္သူေတြအတြက္ စိုက္ပ်ိဳးစရိတ္ ေခ်းေပးရပါတယ္။ ဒါေပမဲ႔ အခုခ်ိန္ထိ က်ိဳင္းတံုနဲ႔ မိုင္းျဖတ္ႏွစ္ၿမိဳ႕ကပဲ တင္ျပေတာင္းဆိုတဲ႔အတြက္ အဲဒီႏွစ္ၿမိဳ႕အတြက္ပဲ ရန္ပံုေငြရပါေသးတယ္"ဟု က်ိဳင္းတံုၿမိဳ႕ ျမန္မာ့လယ္ယာဖြံ႔ၿဖိဳးေရးဘဏ္ မန္ေနဂ်ာ ဦးသက္လြင္က ေျပာသည္။
လက္ရိွတြင္ က်ိဳင္းတံုၿမိဳ႕နယ္အတြက္ စိုက္ပ်ိဳးစရိတ္ေခ်းေငြ ရန္ပံုေငြအျဖစ္ က်ပ္သိန္းေပါင္း (၁၅၀၀)နွင္႔ ယခုႏွစ္တြင္ စတင္ေခ်းယူသည့္ မိုင္းျဖတ္ၿမိဳ႕နယ္အတြက္ စိုက္ပ်ိဳးစရိတ္ေခ်းေငြ ရန္ပံုေငြအျဖစ္ က်ပ္သိန္းေပါင္း (၆၀၀၀)ေတာင္းဆိုထားသည့္အနက္ လက္ရွိတြင္ က်ပ္သိန္းေပါင္း (၃၀၀၀)ရရွိထားၿပီးျဖစ္ကာ အျခားၿမိဳ႕နယ္မ်ားမွ စိုက္ပ်ိဳးစရိတ္ေခ်းေငြ တင္ျပေတာင္းဆိုလာပါကလည္း ရန္ပံုေငြရရိွရန္ ေဆာင္ရြက္ေပးသြားမည္ ျဖစ္ေၾကာင္း သိရသည္။
ေတာင္သူလယ္သမားမ်ားအေနျဖင္႔ စိုက္ပ်ိဳးစရိတ္ေခ်းေငြရယူလိုပါက  မွတ္ပံုတင္၊ အိမ္ေထာင္စုဇယားနွင္႔ ပုံစံ(၇)တို႔ ပါဝင္ရမည္ျဖစ္ၿပီး စိုက္ပ်ိဳးစရိတ္ေခ်းေငြေလွ်ာက္ထားသူသည္ ပံုစံ(၇)ထဲပါဝင္သူ ျဖစ္ရမည္ျဖစ္ေၾကာင္း သိရသည္။
"ကၽြန္ေတာ္တို႔အေနနဲ႔က လယ္သမားေတြဘက္က တင္ျပေတာင္းဆိုတာမ်ားလာမယ္ဆိုရင္ တင္ျပရင္ တင္ျပသေလာက္ ရန္ပံုေငြထပ္တိုးၿပီးရေအာင္ တင္ျပၿပီးေတာ႔ ေခ်းေပးလို႔ရပါတယ္။ ခက္တာက ကြၽန္ေတာ္တို႔ ဘဏ္မွာက ဝန္ထမ္းအင္အား(၄)ဦးပဲရိွတဲ႔အတြက္ ရွမ္းအေရွ႕တစ္ခုလုံးက ေတာင္သူေတြေခ်းေငြရဖို႔အတြက္ ကြၽန္ေတာ္တို႔နဲ႔ ေတာင္သူေတြက တိုက္႐ိုက္ထိေတြ႔လို႔မရဘူးဗ်။ ၾကားမွာက ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးေတြ၊ ေခ်းေငြစိစစ္ေရးအဖြဲ႔ေတြကတင္လာမွ ကၽြန္ေတာ္တို႔က ေခ်းေပးလို႔ရတာပါ"ဟု က်ိဳင္းတံုၿမိဳ႕ ျမန္မာ့လယ္ယာဖြံ႔ၿဖိဳးေရးဘဏ္ မန္ေနဂ်ာ ဦးသက္လြင္က ေျပာသည္။
က်ိဳင္းတံုၿမိဳ႕ရိွ ျမန္မာ့လယ္ယာဖြံ႔ၿဖိဳးေရးဘဏ္အေနျဖင္႔ ရွမ္းအေရွ႕တစ္ခုလုံးရိွ ၿမိဳ႕နယ္တိုင္းမွ ေတာင္သူ လယ္သမားမ်ား စိုက္ပ်ိဳးစရိတ္ေခ်းေငြမ်ား ထုတ္ယူေရးအတြက္ စိုက္ပ်ိဳးစရိတ္ေခ်းေငြအေၾကာင္း အသိပညာေပးလက္ကမ္းစာေစာင္မ်ားကို အာခါ၊ လားဟူ၊ ရွမ္းနွင္႔ ျမန္မာဘာသာတို႔ျဖင္႔ ရိုက္နွိပ္ျဖန္႔ေဝေနေၾကာင္း သိရသည္။
သတင္း၊ ဓါတ္ပံု #ဇြဲျမတ္
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းရှေ့မှ လယ်သမားများ စိုက်ပျိုးစရိတ်ချေးငွေထုတ်ယူမှုနည်းသဖြင့် ရပ်ကျေးများကူညီရန် ဝန်ကြီးတိုက်တွန်း
…….
ရှမ်းပြည်နယ်အရှေ့ပိုင်းမှ လယ်သမားများ စိုက်ပျိုးစရိတ်ချေးငွေထုတ်ယူမှုနည်းနေသဖြင့် မြို့နယ်အလိုက် သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးရုံးများမှ တာဝန်ရှိသူများနှင့် အုပ်ချုပ်ရေးမှူးများအနေဖြင့် မိမိတို့ ဒေသမှ လယ်သမားများအား ကူညီဆောင်ရွက်ပေးရန် ရှမ်းပြည်နယ် ဘဏ္ဍာရေးဝန်ကြီးက တိုက်တွန်းလိုက်သည်။
"ရှမ်းအရှေ့က တောင်သူလယ်သမားတွေက ရုံးတွေကို မသွားရဲပါဘူး။ ဒါကြောင့် သူတို့မှာ စိုက်ပျိုးစရိတ် ချေးငွေ လိုချင်ပေမဲ့ မချေးနိုင်ဘဲဖြစ်နေပါတယ်။ ချေးငွေရဖို့ကလည်း ကန့်သတ်ချက်လေးတွေနဲ့ စာရွက်စာတမ်းကိစ္စတွေက ရှိနေပါတယ်။ ဒါတွေကို ရွာသားတွေက မလုပ်နိုင်ပါဘူး။ ဒါကြောင့် သက်ဆိုင်ရာ ရပ်ကျေး စာရေးတွေ၊ အုပ်ချုပ်ရေးမှူးတွေအနေနဲ့ ဒီကိစ္စကို ထဲထဲဝင်ဝင် ဆောင်ရွက်ပေးစေချင်ပါတယ်" ဟု ရှမ်းပြည်နယ် ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက ပြောသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်းမှ တောင်သူလယ်သမားများအား စိုက်ပျိုးစရိတ်ချေးငွေထုတ်ပေးခြင်းကို ကျိုင်းတုံမြို့ရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ယခုနှစ်အတွက် စတင်ထုတ်ပေးနေပြီဖြစ်သော်လည်း ဇွန်လဆန်းပိုင်းအထိ ကျိုင်းတုံနှင့် မိုင်းဖြတ်မြို့နယ်နှစ်ခုကသာ ချေးငွေတင်ပြထားသေးကြောင်း သိရသည်။
"ကျွန်တော်တို့ဘဏ်က ရှမ်းပြည်နယ်အရှေ့ပိုင်းတစ်ခုလုံးမှာ တစ်ခုပဲရှိတဲ့အတွက် ရှမ်းအရှေ့မှာရှိတဲ့ မြို့နယ်တိုင်းက တောင်သူတွေအတွက် စိုက်ပျိုးစရိတ် ချေးပေးရပါတယ်။ ဒါပေမဲ့ အခုချိန်ထိ ကျိုင်းတုံနဲ့ မိုင်းဖြတ်နှစ်မြို့ကပဲ တင်ပြတောင်းဆိုတဲ့အတွက် အဲဒီနှစ်မြို့အတွက်ပဲ ရန်ပုံငွေရပါသေးတယ်"ဟု ကျိုင်းတုံမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဦးသက်လွင်က ပြောသည်။
လက်ရှိတွင် ကျိုင်းတုံမြို့နယ်အတွက် စိုက်ပျိုးစရိတ်ချေးငွေ ရန်ပုံငွေအဖြစ် ကျပ်သိန်းပေါင်း (၁၅၀၀)နှင့် ယခုနှစ်တွင် စတင်ချေးယူသည့် မိုင်းဖြတ်မြို့နယ်အတွက် စိုက်ပျိုးစရိတ်ချေးငွေ ရန်ပုံငွေအဖြစ် ကျပ်သိန်းပေါင်း (၆၀၀၀)တောင်းဆိုထားသည့်အနက် လက်ရှိတွင် ကျပ်သိန်းပေါင်း (၃၀၀၀)ရရှိထားပြီးဖြစ်ကာ အခြားမြို့နယ်များမှ စိုက်ပျိုးစရိတ်ချေးငွေ တင်ပြတောင်းဆိုလာပါကလည်း ရန်ပုံငွေရရှိရန် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
တောင်သူလယ်သမားများအနေဖြင့် စိုက်ပျိုးစရိတ်ချေးငွေရယူလိုပါက  မှတ်ပုံတင်၊ အိမ်ထောင်စုဇယားနှင့် ပုံစံ(၇)တို့ ပါဝင်ရမည်ဖြစ်ပြီး စိုက်ပျိုးစရိတ်ချေးငွေလျှောက်ထားသူသည် ပုံစံ(၇)ထဲပါဝင်သူ ဖြစ်ရမည်ဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့အနေနဲ့က လယ်သမားတွေဘက်က တင်ပြတောင်းဆိုတာများလာမယ်ဆိုရင် တင်ပြရင် တင်ပြသလောက် ရန်ပုံငွေထပ်တိုးပြီးရအောင် တင်ပြပြီးတော့ ချေးပေးလို့ရပါတယ်။ ခက်တာက ကျွန်တော်တို့ ဘဏ်မှာက ဝန်ထမ်းအင်အား(၄)ဦးပဲရှိတဲ့အတွက် ရှမ်းအရှေ့တစ်ခုလုံးက တောင်သူတွေချေးငွေရဖို့အတွက် ကျွန်တော်တို့နဲ့ တောင်သူတွေက တိုက်ရိုက်ထိတွေ့လို့မရဘူးဗျ။ ကြားမှာက ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ ချေးငွေစိစစ်ရေးအဖွဲ့တွေကတင်လာမှ ကျွန်တော်တို့က ချေးပေးလို့ရတာပါ"ဟု ကျိုင်းတုံမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဦးသက်လွင်က ပြောသည်။
ကျိုင်းတုံမြို့ရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် ရှမ်းအရှေ့တစ်ခုလုံးရှိ မြို့နယ်တိုင်းမှ တောင်သူ လယ်သမားများ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ယူရေးအတွက် စိုက်ပျိုးစရိတ်ချေးငွေအကြောင်း အသိပညာပေးလက်ကမ်းစာစောင်များကို အာခါ၊ လားဟူ၊ ရှမ်းနှင့် မြန်မာဘာသာတို့ဖြင့် ရိုက်နှိပ်ဖြန့်ဝေနေကြောင်း သိရသည်။
သတင်း၊ ဓါတ်ပုံ #ဇွဲမြတ်
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~