တပ္မေတာ္ေလယာဥ္ Y-8 မေတာ္တဆျဖစ္စဥ္ေၾကာင့္ ကြယ္လြန္သြားၾကသူမ်ားအတြက္ တာခ်ီလိတ္ေစတနာရွင္မ်ားက (၃)ရက္တာအတြင္း စုစုေပါင္း က်ပ္(၇၁)သိန္းလွဴဒါန္း

တပ္မေတာ္ေလယာဥ္ Y-8 မေတာ္တဆျဖစ္စဥ္ေၾကာင့္ ကြယ္လြန္သြားၾကသူမ်ားအတြက္ တာခ်ီလိတ္ေစတနာရွင္မ်ားက (၃)ရက္တာအတြင္း စုစုေပါင္း က်ပ္(၇၁)သိန္းလွဴဒါန္း
ဇွန် 10, 2017
By Tachileik News Agency

၂၀၁၇ခုႏွစ္ ဇြန္လ(၇)ရက္ေန႔က ျဖစ္ပြားခဲ့သည့္ တပ္မေတာ္ေလယာဥ္ Y-8 မေတာ္တဆျဖစ္စဥ္ႏွင့္ ပတ္သက္၍ ကြယ္လြန္သြားၾကသည့္ တပ္မေတာ္သားမ်ားႏွင့္ မိသားစု၀င္မ်ားအတြက္ က်န္ရစ္သူမ်ားအား ေထာက္ပ့ံႏိုင္ရန္ တာခ်ီလိတ္ၿမိဳ႕သူ၊ ၿမိဳ႕သားမ်ားမွ စုစုေပါင္းလွဴဒါန္းလာရာ ဇြန္လ(၁၀)ရက္ေန႔အထိ စုစုေပါင္း က်ပ္(၇၁)သိန္းတိတိ ရရွိၿပီျဖစ္ေၾကာင္း သိရသည္။

"ဒီျဖစ္စဥ္ေၾကာင့္ ကြယ္လြန္သြားသူ (၁၂၂)ဦး ရွိတဲ့အတြက္ ကြ်န္ေတာ္တုိ႔ စုေပါင္း လွဴဒါန္းေငြ က်ပ္သိန္း(၁၂၂)သိန္းေလာက္အထိ ရရွိႏိုင္ရန္ေတာ့ ေမွ်ာ္မွန္းထားပါတယ္။ ရရွိၿပီးတာနဲ႔ စုေပါင္း လွဴဒါန္းသြားမွာပါ"ဟု ေထာက္ပံ့ေငြမ်ား လက္ခံေဆာင္ရြက္ေပးေနသူ CNCMC ေကာ္မတီရံုးမွ ေကာ္မတီ ဥကၠဌ ဦးေအာင္ၿဖဳိးရွိန္က ေျပာသည္။

ေထာက္ပံ့ေငြမ်ားကို  ဇြန္လ(၈)ရက္ေန႔က စတင္၍  တာခ်ီလိတ္ရွိ ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရး အမွတ္(၁)တံတားအနီးရွိ CNCMC ေကာ္မတီရံုးတြင္ လက္ခံေနလ်က္ရွိရာ ဇြန္လ(၁၀)ရက္ေန႔ သံုးရက္တာအတြင္း လာေရာက္လွဴဒါန္းလာၾကသည့္ စုစုေပါင္း ေငြမွာ က်ပ္(၇၁)သိန္းတိတိ ရွိၿပီျဖစ္ေၾကာင္း သိရသည္။

ဆက္လက္၍လည္း ေစတနာရွင္မ်ားအေနျဖင့္ လွဴဒါန္းလိုပါက ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရး အမွတ္(၁)တံတားအနီးရွိ CNCMC ေကာ္မတီရံုးတြင္ လာေရာက္လွဴဒါန္းႏိုင္မွာ ျဖစ္ေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

၂၀၁၇ခုနှစ် ဇွန်လ(၇)ရက်နေ့က ဖြစ်ပွားခဲ့သည့် တပ်မတော်လေယာဉ် Y-8 မတော်တဆဖြစ်စဉ်နှင့် ပတ်သက်၍ ကွယ်လွန်သွားကြသည့် တပ်မတော်သားများနှင့် မိသားစုဝင်များအတွက် ကျန်ရစ်သူများအား ထောက်ပံ့နိုင်ရန် တာချီလိတ်မြို့သူ၊ မြို့သားများမှ စုစုပေါင်းလှူဒါန်းလာရာ ဇွန်လ(၁၀)ရက်နေ့အထိ စုစုပေါင်း ကျပ်(၇၁)သိန်းတိတိ ရရှိပြီဖြစ်ကြောင်း သိရသည်။

"ဒီဖြစ်စဉ်ကြောင့် ကွယ်လွန်သွားသူ (၁၂၂)ဦး ရှိတဲ့အတွက် ကျွန်တော်တို့ စုပေါင်း လှူဒါန်းငွေ ကျပ်သိန်း(၁၂၂)သိန်းလောက်အထိ ရရှိနိုင်ရန်တော့ မျှော်မှန်းထားပါတယ်။ ရရှိပြီးတာနဲ့ စုပေါင်း လှူဒါန်းသွားမှာပါ"ဟု ထောက်ပံ့ငွေများ လက်ခံဆောင်ရွက်ပေးနေသူ CNCMC ကော်မတီရုံးမှ ကော်မတီ ဥက္ကဌ ဦးအောင်ဖြိုးရှိန်က ပြောသည်။

ထောက်ပံ့ငွေများကို ဇွန်လ(၈)ရက်နေ့က စတင်၍ တာချီလိတ်ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားအနီးရှိ CNCMC ကော်မတီရုံးတွင် လက်ခံနေလျက်ရှိရာ ဇွန်လ(၁၀)ရက်နေ့ သုံးရက်တာအတွင်း လာရောက်လှူဒါန်းလာကြသည့် စုစုပေါင်း ငွေမှာ ကျပ်(၇၁)သိန်းတိတိ ရှိပြီဖြစ်ကြောင်း သိရသည်။

ဆက်လက်၍လည်း စေတနာရှင်များအနဖြေင့် လှူဒါန်းလိုပါက မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားအနီးရှိ CNCMC ကော်မတီရုံးတွင် လာရောက်လှူဒါန်းနိုင်မှာ ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~