တာခ်ီလိတ္ၿမိဳ႕ လြယ္ေတာ္ခမ္း စုေပါင္းဂိတ္တြင္ စိတ္ၾကြေဆးျပားမ်ား ဖမ္းဆီးရရွိ

တာခ်ီလိတ္ၿမိဳ႕ လြယ္ေတာ္ခမ္း စုေပါင္းဂိတ္တြင္ စိတ္ၾကြေဆးျပားမ်ား ဖမ္းဆီးရရွိ
ဇွန် 11, 2017
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕အထြက္ လြယ္ေတာ္ခမ္းပူးေပါင္းစစ္ေဆးေရးစခန္းတြင္ မိုင္းဆတ္ဘက္မွ တာခ်ီလိတ္ဘက္သို႔ ေမာင္းလာသည့္ ေမာ္ေတာ္ဆိုင္ကယ္အား ရပ္တန္႔စစ္ေဆး ရွာေဖြရာမွ စိတ္ၾကြေဆးျပားမ်ား ဖမ္းဆီးသိမ္းဆည္းရမိေၾကာင္း မူးယစ္တပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္မွ သိရသည္။

တာခ်ီလိတ္ၿမိဳ႕အထြက္ လြယ္ေတာ္ခမ္းပူးေပါင္းစစ္ေဆးေရးစခန္းတြင္ ဇြန္လ(၁၁)ရက္ေန႔ နံနက္(၉)နာရီ(၄၅)မိနစ္၀န္းက်င္ အခ်ိန္က မိုင္းဆတ္ဘက္မွ တာခ်ီလိတ္ဘက္သို႔ အိုက္ရုန္း(က်ား)ေမာင္းႏွင္လာေသာ ေမာ္ေတာ္ဆိုင္ကယ္အား မူးယစ္တပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္မွ တပ္ဖြဲ႔၀င္မ်ားႏွင့္ သက္ဆိုင္ရာ ပူးေပါင္းအဖြဲ႔မွ စစ္ေဆး ရွာေဖြမႈမ်ား ျပဳလုပ္ရာ ဆိုင္ကယ္ ဖင္ထိုင္ခံုေအာက္ေဘးကာ အတြင္း၌ သို၀ွက္ သယ္ေဆာင္လာသည့္ Wy စာတမ္းပါ လိေမၼာ္ေရာင္ စိတ္ၾကြေဆးျပား စုစုေပါင္း (၆၀၀၀)ျပားကို ေတြ႕ရွိရေၾကာင္း သိရသည္။

အဆိုပါ ကိစၥႏွင့္ ပတ္သက္၍ စိတ္ၾကြေဆးျပားမ်ားအား သယ္ေဆာင္လာသူ အသက္(၃၀)ႏွစ္ရွိ အိုက္ရုန္း(က်ား)အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၃၂/၂၀၁၇၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က) အရ အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရွိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့အထွက် လွယ်တော်ခမ်းပူးပေါင်းစစ်ဆေးရေးစခန်းတွင် မိုင်းဆတ်ဘက်မှ တာချီလိတ်ဘက်သို့ မောင်းလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေး ရှာဖွေရာမှ စိတ်ကြွဆေးပြားများ ဖမ်းဆီးသိမ်းဆည်းရမိကြောင်း မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ သိရသည်။

တာချီလိတ်မြို့အထွက် လွယ်တော်ခမ်းပူးပေါင်းစစ်ဆေးရေးစခန်းတွင် ဇွန်လ(၁၁)ရက်နေ့ နံနက်(၉)နာရီ(၄၅)မိနစ်ဝန်းကျင် အချိန်က မိုင်းဆတ်ဘက်မှ တာချီလိတ်ဘက်သို့ အိုက်ရုန်း(ကျား)မောင်းနှင်လာသော မော်တော်ဆိုင်ကယ်အား မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့မှ စစ်ဆေး ရှာဖွေမှုများ ပြုလုပ်ရာ ဆိုင်ကယ် ဖင်ထိုင်ခုံအောက်ဘေးကာ အတွင်း၌ သိုဝှက် သယ်ဆောင်လာသည့် Wy စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား စုစုပေါင်း (၆၀၀၀)ပြားကို တွေ့ရှိရကြောင်း သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ စိတ်ကြွဆေးပြားများအား သယ်ဆောင်လာသူ အသက်(၃၀)နှစ်ရှိ အိုက်ရုန်း(ကျား)အား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၃၂/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က) အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။ 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~