မိုင္းျဖတ္တြင္ ကမၻာ့သစ္ပင္မ်ားေန႔ အထိမ္းအမွတ္အျဖစ္ သစ္ပင္ အမ်ဳိးအစား(၉)မ်ဳိးပါ၀င္သည့္ သစ္ပင္ေပါင္း (၄၃၀)ပင္ စိုက္ပ်ဳိး

မိုင္းျဖတ္တြင္ ကမၻာ့သစ္ပင္မ်ားေန႔ အထိမ္းအမွတ္အျဖစ္ သစ္ပင္ အမ်ဳိးအစား(၉)မ်ဳိးပါ၀င္သည့္ သစ္ပင္ေပါင္း (၄၃၀)ပင္ စိုက္ပ်ဳိး
ဇွန် 28, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ မိုင္းျဖတ္ၿမိဳ႕နယ္၊ နမ့္ကုန္းေက်းရြာအုပ္စုရွိ ပါဆန္းေက်းရြာတြင္ သစ္ပင္ အမ်ဳိးအစား ( ၉ )မ်ဳိးပါ၀င္သည့္ သစ္ပင္ေပါင္း (၄၃၀)ပင္အား စုေပါင္း၍ ဇြန္လ(၂၈)ရက္ေန႔ နံနက္ပိုင္းက စိုက္ပ်ဳိးခဲ့ေၾကာင္း သိရသည္။

"ကြ်န္ေတာ္တို႔ သစ္ေတာဌာနက ဦးစီးၿပီးေတာ့ ဒီေန႔ ကမၻာ့သစ္ပင္မ်ားေန႔မွာ ကြ်န္းပင္(၁၃၀)၊ ပ်ဥ္းကတိုးပင္(၃၀)၊ ပိေတာက္ပင္ (၂၅)ပင္၊ မေဟာ္ဂနီပင္(၃၀)၊ ပိႏၷဲပင္ (၂၅)ပင္၊ ေထာပတ္ပင္ (၂၅)ပင္၊ ၾသဇာပင္ (၂၅)ပင္၊ စိန္ပန္းပင္(၂၀)၊ မယ္ဇလီပင္(၁၂၀) စုစုေပါင္း အပင္(၄၃၀) ကို စုေပါင္း စိုက္ပ်ဳိးၾကတာ ျဖစ္ပါတယ္"ဟု ၿမိဳ႕နယ္သစ္ေတာဦးစီးမွဴး ဦးေစာတင္ျမင့္ က ေျပာသည္။

အဆိုပါ သစ္ပင္စိုက္ပ်ဳိးပြဲသို႔ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းေက်ာက္ ႏွင့္ ဦးအားကို၊ မိုင္းျဖတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးစိုးလႈိင္ ႏွင့္ ဌာနဆိုင္ရာ အႀကီးအကဲမ်ား၊ မိုင္းျဖတ္ၿမိဳ႕နယ္သစ္ေတာ ဦးစီးမွဴး ဦးေစာတင္ျမင့္ ႏွင့္ ဝန္ထမ္းမ်ား၊ လူမႈေရးအသင္းအဖြဲ႔မ်ား ႏွင့္ ဖိတ္ၾကားထားသူတို႔မွ ပူးေပါင္း ပါဝင္စိုက္ပ်ဳိးခဲ့ၾကေၾကာင္း သိရွိရသည္။

သတင္း/ဓာတ္ပံု - ကိုသာ



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်၊ နမ့်ကုန်းကျေးရွာအုပ်စုရှိ ပါဆန်းကျေးရွာတွင် သစ်ပင် အမျိုးအစား ( ၉ )မျိုးပါဝင်သည့် သစ်ပင်ပေါင်း (၄၃၀)ပင်အား စုပေါင်း၍ ဇွန်လ(၂၈)ရက်နေ့ နံနက်ပိုင်းက စိုက်ပျိုးခဲ့ကြောင်း သိရသည်။

"ကျွန်တော်တို့ သစ်တောဌာနက ဦးစီးပြီးတော့ ဒီနေ့ ကမ္ဘာ့သစ်ပင်များနေ့မှာ ကျွန်းပင်(၁၃၀)၊ ပျဉ်းကတိုးပင်(၃၀)၊ ပိတောက်ပင် (၂၅)ပင်၊ မဟော်ဂနီပင်(၃၀)၊ ပိန္နဲပင် (၂၅)ပင်၊ ထောပတ်ပင် (၂၅)ပင်၊ သြဇာပင် (၂၅)ပင်၊ စိန်ပန်းပင်(၂၀)၊ မယ်ဇလီပင်(၁၂၀) စုစုပေါင်း အပင်(၄၃၀) ကို စုပေါင်း စိုက်ပျိုးကြတာ ဖြစ်ပါတယ်"ဟု မြို့နယ်သစ်တောဦးစီးမှူး ဦးစောတင်မြင့် က ပြောသည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျောက် နှင့် ဦးအားကို၊ မိုင်းဖြတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင် နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မိုင်းဖြတ်မြို့နယ်သစ်တော ဦးစီးမှူး ဦးစောတင်မြင့် နှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ နှင့် ဖိတ်ကြားထားသူတို့မှ ပူးပေါင်း ပါဝင်စိုက်ပျိုးခဲ့ကြကြောင်း သိရှိရသည်။

သတင်း/ဓာတ်ပုံ - ကိုသာ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~