ေက်ာက္မဲႏွင့္မူဆယ္တြင္ စားသံုးသူအျငင္းပြားမႈတိုင္ၾကားေရးစင္တာ ဇူလိုင္လအတြင္း ဖြင့္လွစ္မည္

ေက်ာက္မဲႏွင့္မူဆယ္တြင္ စားသံုးသူအျငင္းပြားမႈတိုင္ၾကားေရးစင္တာ ဇူလိုင္လအတြင္း ဖြင့္လွစ္မည္
ဇွန် 27, 2017
By Tachileik News Agency

စားသုံုးသူ အခြင့္အေရးဆိုင္ရာ ကိစၥရပ္မ်ားအား ေျဖရွင္းေဆြးေႏြး အႀကံေပးမည့္ စားသံုးသူ သတင္း ျပန္ၾကားေရး ႏွင့္ တုိင္ၾကားမႈလက္ခံေဆာင္ရြက္ေရးစင္တာအား ရွမ္းျပည္နယ္(ေျမာက္ပိုင္း)ေက်ာက္မဲၿမိဳ႕ႏွင့္ မူဆယ္ၿမိဳ႕တို႔၌ ဇူလိုင္လအတြင္း ဖြင့္လွစ္သြားမည္ျဖစ္ေၾကာင္း ရွမ္းျပည္နယ္ စားသံုးသူေရးရာဦးစီးဌာန ဒုတိယျပည္နယ္ ဦးစီးမွဴးထံမွ သိရသည္။

“ကြ်န္ေတာ္တို႔ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)မွာက ခရိုင္ၿမိဳ႕ႏွစ္ၿမိဳ႕နဲ႔ ျပည္နယ္ၿမိဳ႕တစ္ခုမွာ ဖြင့္မယ္။ ျပည္နယ္ၿမိဳ႕ျဖစ္တဲ့ လားရိႈးၿမိဳ႕မွာက ဖြင့္ထားၿပီးသားဆိုေတာ့ ေက်ာက္မဲနဲ႔ မူဆယ္ၿမိဳ႕ေတြမွာ လာမယ့္ဇူလိုင္လအတြင္း ဖြင့္လွစ္ႏိုင္ေအာင္ ႀကိဳးစားေနပါတယ္”ဟု လားရႈိးၿမိဳ႕ရွိ စားသံုးသူေရးရာဌာနမွ ဒုတိယ ျပည္နယ္ ဦးစီးမွဴး ဦးေဇာ္မင္းသန္းက တာခ်ီလိတ္သတင္းေအဂ်င္စီ သို႔ ေျပာသည္။

စားသံုးသူအျငင္းပြားမႈေျဖရွင္းေရးအဖြဲ႕အား ဖြဲ႕စည္းထားေသာ္လည္း စားသံုးသူေရးရာႏွင့္ပတ္သက္၍ ျပည္သူလူထုက ဌာနႏွင့္ဆက္သြယ္မႈ နည္းပါးေနသျဖင့္ လူထုအေနျဖင့္ ဆက္သြယ္ရလြယ္ကူေစရန္ ယင္းကဲ့သို႔စင္တာမ်ား ဖြင့္လွစ္ရန္ ႀကိဳးပမ္းေနျခင္းျဖစ္ေၾကာင္း သိရသည္။

“ စားသံုးသူေရးရာဌာနဖြင့္လွစ္ထားၿပီးတဲ့ အခ်ိန္ကေနစၿပီး စားသံုးသူေတြဖက္က တိုင္ၾကားလာတာကေတာ့ တစ္ႀကိမ္ပဲရွိပါေသးတယ္”ဟု ေက်ာက္မဲရွိ စားသံုးသူေရးရာဌာနမွ ဦးတင္ေမာင္သိန္းက ေျပာသည္။

စင္တာ ဖြင့္လွစ္ၿပီးပါက ေစ်းကြက္အတြင္းရွိ စားသံုးကုန္ပစၥည္းမ်ားႏွင့္ ပတ္သက္၍ စားသံုးရန္ မသင့္သည္မ်ား၊ က်န္းမာေရးႏွင့္ညီညြတ္မႈမရွိသည့္ အစားအေသာက္ ေဆးဝါးမ်ားႏွင့္ပတ္သက္၍ စားသံုးသူမ်ားဖက္မွ တိုင္ၾကားလာမႈမ်ားကို လက္ခံ၍ ခ်က္ခ်င္း ေဆာင္ရြက္ေပးသြားမည္ျဖစ္သည့္အျပင္ ထုတ္လုပ္သူမ်ား အေနျဖင့္လည္း စားသံုးသူအခြင့္အေရးခ်ိဳးေဖာက္မႈမရိွသည့္ ထုတ္ကုန္မ်ားျဖစ္ေစရန္ အႀကံဥာဏ္ရယူႏုိင္မည္ျဖစ္ေၾကာင္း သိရသည္။

“ေစ်းကြက္ထဲမွာ မသင့္ေတာ္တာေတြ႔ရင္ စားသံုးသူေတြဖက္ကေနၿပီးေတာ့ စားသံုးသူေရးရာဌာနမွာလည္း လာၿပီးတိုင္ၾကားလို႔ရပါတယ္။ ကြ်န္ေတ္ာတို႔ အစီအစဥ္ေတြအတိုင္း ေစ်းကြက္ထဲကို ပံုမွန္ စစ္ေဆးတာေတြလည္း ေဆာင္ရြက္ေနမွာပါ။ တိုင္ၾကားမႈ လက္ခံေဆာင္ရြက္ေပးေရးဌာနေတြကို တိုင္ၾကား လာတာမ်ိဳးေတြကိုေတာ့ ခ်က္ခ်င္းအေရးယူေဆာင္ရြက္ေပးသြားမွာ ျဖစ္ပါတယ္” ဟု စားသံုးသူေရးရာဌာနမွ ဒုတိယ ျပည္နယ္ဦးစီးမွဴး ဦးေဇာ္မင္းသန္းက ေျပာသည္။

ရွမ္းျပည္နယ္အတြင္း စားသံုးသူေရးရာအခြင့္အေရး ကာကြယ္ေရးအတြက္ ျပည္နယ္စားသံုးသူ အျငင္းပြားမႈ ေျဖရွင္းေရးအဖြဲ႕ ဥကၠဌအျဖစ္ ျပည္နယ္ စီမံကိန္းႏွင့္ စီးပြားေရးဝန္ႀကီး ဦးစိုးညႊန္႔လြင္က တာဝန္ယူထားၿပီး ခရိုင္စားသံုးသူအျငင္းပြားမႈေျဖရွင္းေရးအဖြဲ႕မ်ား၏ ဥကၠဌမ်ားအျဖစ္ ခရိုင္အုပ္ခ်ဳပ္ေရးမွဴးမ်ားက တာဝန္ယူ ေဆာင္ရြက္ေနသည့္အဖြဲ႕မ်ား ဖြဲ႕စည္းထားေသာ္လည္း ေဒသတြင္း လူထုသိရိွသူနည္းသည္ဟု ေဒသခံမ်ားက ဆိုသည္။

“အဖြဲ႔ရွိမွန္းေတာင္ ျပည္သူေတြမသိဘူး။ ဘယ္လိုတိုင္မလဲ။ ျပည္သူသိေအာင္အရင္လုပ္ရမွာေပါ့”ဟု ေက်ာက္မဲၿမိဳ႕မွ ေရွ႕ေန ေဒၚေဆြေဆြက ေျပာသည္။

တုိင္ၾကားမႈ လက္ခံေျဖရွင္းေပးႏုိင္ေရးအတြက္ စင္တာမ်ားဖြင့္လွစ္ေဆာင္ရြက္ရန္ ၂၀၁၆ ခုႏွစ္ ႏွစ္ကုန္မွစ၍ ညႊန္ၾကားခ်က္ရရိွထားျခင္းျဖစ္ၿပီး ၂၀၁၇ ႏွစ္စပိုင္းမွစ၍ စားသံုးသူေရးရာဦးစီးဌာနက အေကာင္အထည္ ေဖာ္ေဆာင္ရြက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

စားသုံးသူ အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များအား ဖြေရှင်းဆွေးနွေး အကြံပေးမည့် စားသုံးသူ သတင်း ပြန်ကြားရေး နှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာအား ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲမြို့နှင့် မူဆယ်မြို့တို့၌ ဇူလိုင်လအတွင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် စားသုံးသူရေးရာဦးစီးဌာန ဒုတိယပြည်နယ် ဦးစီးမှူးထံမှ သိရသည်။

“ကျွန်တော်တို့ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာက ခရိုင်မြို့နှစ်မြို့နဲ့ ပြည်နယ်မြို့တစ်ခုမှာ ဖွင့်မယ်။ ပြည်နယ်မြို့ဖြစ်တဲ့ လားရှိုးမြို့မှာက ဖွင့်ထားပြီးသားဆိုတော့ ကျောက်မဲနဲ့ မူဆယ်မြို့တွေမှာ လာမယ့်ဇူလိုင်လအတွင်း ဖွင့်လှစ်နိုင်အောင် ကြိုးစားနေပါတယ်”ဟု လားရှိုးမြို့ရှိ စားသုံးသူရေးရာဌာနမှ ဒုတိယ ပြည်နယ် ဦးစီးမှူး ဦးဇော်မင်းသန်းက တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။

စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့အား ဖွဲ့စည်းထားသော်လည်း စားသုံးသူရေးရာနှင့်ပတ်သက်၍ ပြည်သူလူထုက ဌာနနှင့်ဆက်သွယ်မှု နည်းပါးနေသဖြင့် လူထုအနဖြေင့် ဆက်သွယ်ရလွယ်ကူစေရန် ယင်းကဲ့သို့စင်တာများ ဖွင့်လှစ်ရန် ကြိုးပမ်းနခြေင်းဖြစ်ကြောင်း သိရသည်။

“ စားသုံးသူရေးရာဌာနဖွင့်လှစ်ထားပြီးတဲ့ အချိန်ကနေစပြီး စားသုံးသူတွေဖက်က တိုင်ကြားလာတာကတော့ တစ်ကြိမ်ပဲရှိပါသေးတယ်”ဟု ကျောက်မဲရှိ စားသုံးသူရေးရာဌာနမှ ဦးတင်မောင်သိန်းက ပြောသည်။

စင်တာ ဖွင့်လှစ်ပြီးပါက ဈေးကွက်အတွင်းရှိ စားသုံးကုန်ပစ္စည်းများနှင့် ပတ်သက်၍ စားသုံးရန် မသင့်သည်များ၊ ကျန်းမာရေးနှင့်ညီညွတ်မှုမရှိသည့် အစားအသောက် ဆေးဝါးများနှင့်ပတ်သက်၍ စားသုံးသူများဖက်မှ တိုင်ကြားလာမှုများကို လက်ခံ၍ ချက်ချင်း ဆောင်ရွက်ပေးသွားမည်ဖြစ်သည့်အပြင် ထုတ်လုပ်သူများ အနဖြေင့်လည်း စားသုံးသူအခွင့်အရေးချိုးဖောက်မှုမရှိသည့် ထုတ်ကုန်များဖြစ်စေရန် အကြံဉာဏ်ရယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

“ဈေးကွက်ထဲမှာ မသင့်တော်တာတွေ့ရင် စားသုံးသူတွေဖက်ကနပြေီးတော့ စားသုံးသူရေးရာဌာနမှာလည်း လာပြီးတိုင်ကြားလို့ရပါတယ်။ ကျွန်တော်တို့ အစီအစဉ်တွေအတိုင်း ဈေးကွက်ထဲကို ပုံမှန် စစ်ဆေးတာတွေလည်း ဆောင်ရွက်နေမှာပါ။ တိုင်ကြားမှု လက်ခံဆောင်ရွက်ပေးရေးဌာနတွေကို တိုင်ကြား လာတာမျိုးတွေကိုတော့ ချက်ချင်းအရေးယူဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်” ဟု စားသုံးသူရေးရာဌာနမှ ဒုတိယ ပြည်နယ်ဦးစီးမှူး ဦးဇော်မင်းသန်းက ပြောသည်။

ရှမ်းပြည်နယ်အတွင်း စားသုံးသူရေးရာအခွင့်အရေး ကာကွယ်ရေးအတွက် ပြည်နယ်စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ ဥက္ကဌအဖြစ် ပြည်နယ် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွှန့်လွင်က တာဝန်ယူထားပြီး ခရိုင်စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့များ၏ ဥက္ကဌများအဖြစ် ခရိုင်အုပ်ချုပ်ရေးမှူးများက တာဝန်ယူ ဆောင်ရွက်နေသည့်အဖွဲ့များ ဖွဲ့စည်းထားသော်လည်း ဒေသတွင်း လူထုသိရှိသူနည်းသည်ဟု ဒေသခံများက ဆိုသည်။

“အဖွဲ့ရှိမှန်းတောင် ပြည်သူတွေမသိဘူး။ ဘယ်လိုတိုင်မလဲ။ ပြည်သူသိအောင်အရင်လုပ်ရမှာပေါ့”ဟု ကျောက်မဲမြို့မှ ရှေ့နေ ဒေါ်ဆွေဆွေက ပြောသည်။

တိုင်ကြားမှု လက်ခံဖြေရှင်းပေးနိုင်ရေးအတွက် စင်တာများဖွင့်လှစ်ဆောင်ရွက်ရန် ၂၀၁၆ ခုနှစ် နှစ်ကုန်မှစ၍ ညွှန်ကြားချက်ရရှိထားခြင်းဖြစ်ပြီး ၂၀၁၇ နှစ်စပိုင်းမှစ၍ စားသုံးသူရေးရာဦးစီးဌာနက အကောင်အထည် ဖော်ဆောင်ရွက်နခြေင်းဖြစ်ကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~