ထုိင္းႏုိင္ငံမွ လူသတ္တရားခံေျပးႏွင့္ ဆက္စပ္၍ သံသယရိွသူ ႏွစ္ဦးအား စစ္ေဆးႏိုင္ရန္အတြက္ တာခ်ီလိတ္ ရဲတပ္ဖြဲ႔က ထုိင္းႏုိင္ငံသို႔ လႊဲေျပာင္း

ထုိင္းႏုိင္ငံမွ လူသတ္တရားခံေျပးႏွင့္ ဆက္စပ္၍ သံသယရိွသူ ႏွစ္ဦးအား စစ္ေဆးႏိုင္ရန္အတြက္ တာခ်ီလိတ္ ရဲတပ္ဖြဲ႔က ထုိင္းႏုိင္ငံသို႔ လႊဲေျပာင္း
ဇွန် 1, 2017
By Tachileik News Agency

ထိုင္းႏိုင္ငံ ခြမ္ကန္ၿမိဳ႕တြင္ ေမလ (၂၃)ရက္ေန႔က ျဖစ္ပြားခဲ့ေသာ လူသတ္မႈႏွင့္ပတ္သက္၍ ျမန္မာ - ထိုင္း နယ္စပ္ တာခ်ီလိတ္ၿမိဳ႕တြင္ အလုပ္ လုပ္ကိုင္ေနေသာ သံသယရွိသူ ထိုင္းႏိုင္ငံသားႏွစ္ဦးကို စစ္ေဆးရန္ အတြက္ တာခ်ီလိတ္ခရိုင္ရဲတပ္ဖြဲ႕မွ ထိုင္းႏိုင္ငံမွ တာဝန္ရိွသူမ်ားထံ ဇြန္လ (၁)ရက္ေန႔က လႊဲေျပာင္းေပးလိုက္ေၾကာင္း သိရသည္။

အဆိုပါ လူသတ္မႈမွ တရားခံေလးဦးအနက္ အမ်ိဳးသားတစ္ဦးႏွင့္ အမ်ိဳးသမီးတစ္ဦးအား ဖမ္းမိထားၿပီး က်န္အမ်ိဳးသမီးႏွစ္ဦးမွာ တာခ်ီလိတ္ၿမိဳ႕သို႔ တိမ္းေရွာင္သြားျခင္းျဖစ္ေၾကာင္း ထိုင္းသတင္းမ်ားတြင္ ေဖာ္ျပထားၿပီး ယင္းတရားခံႏွစ္ဦးအား တာခ်ီလိတ္ၿမိဳ႕သို႔ အႀကိဳအပို႔လုပ္သူႏွင့္ လက္ခံထားသူတို႔ကို သံသယရိွသူ အျဖစ္ စစ္ေဆးရန္ တာခ်ီလိတ္ခရိုင္ရဲတပ္ဖြဲ႕မွ ထိုင္းႏိုင္ငံမွ တာဝန္ရိွသူမ်ားထံ ဇြန္လ (၁)ရက္ေန႔တြင္  တာခ်ီလိတ္ခရိုင္ရဲတပ္ဖြဲ႔မွဴး ဒုတိယရဲမွဴးႀကီးထိန္၀င္း၊ တာခ်ီလိတ္ခ႐ိုင္ လ၀က ဦးစီးမွဴး ဒုတိယညႊန္ၾကားေရးမွဴး ဦးေက်ာ္ေမာ္ထြန္း၊ တာခ်ီလိတ္ၿမိဳ႕ရဲစခန္းမွ စခန္းမွဴး ဒုရဲမွဴးထိန္လင္းႏွင့္ တာ၀န္ရွိသူမ်ားက ထိုင္းဘက္သို႔ လႊဲေျပာင္းေပးလုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။

“ဒီလူသတ္မႈထဲက တရားခံေတြကို ျမန္မာႏိုင္ငံကို ထိုင္းႏိုင္ငံသားေတြကပဲ ေခၚေဆာင္လာၿပီးေတာ့ လက္ရွိ လူသတ္တရားခံကို ဖြက္ထားတဲ့ လူေတြအကုန္လုံးကလည္း ထိုင္းႏိုင္ငံသားေတြလို႔ပဲ ယူဆပါတယ္”ဟု တာခ်ီလိတ္ခရိုင္ရဲတပ္ဖြဲ႔မွဴး ဒုတိယရဲမွဴးႀကီးထိန္၀င္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
လူသတ္တရားခံႏွွစ္ဦးကို ထိုင္းႏိုင္ငံသားတစ္ဦးက ေမလ (၂၅)ရက္ေန႔ ည (၈)နာရီေက်ာ္၀န္းက်င္တြင္ ခ်စ္ၾကည္ေရးတံတား အမွတ္(၁)မွျဖတ္၍ ေခၚေဆာင္လာၿပီး ကာရာအိုေကတစ္ခုတြင္ မန္ေနဂ်ာ လုပ္ကိုင္ေနေသာ ထိုင္းႏိုင္ငံသားတစ္ဦးက လက္ခံထားခဲ့ျခင္းျဖစ္ေၾကာင္း သိရၿပီး ယင္းေနာက္ ညေပ်ာ္ပါးရန္ အတြက္ ထိုင္းႏိုင္ငံသားတစ္ဦးက လာေခၚသြားျခင္းျဖစ္ေၾကာင္း တာခ်ီလိတ္ခရိုင္ရဲတပ္ဖြဲ႕မွ သိရသည္။

“ထိုင္းတာ၀န္ရွိသူေတြက သံသယရွိသူကို စစ္ေဆးေပၚေပါက္ရရွိပါက အဲဒီစစ္ေဆးခ်က္ကိုယူၿပီး အမႈမွန္ ေပၚေပါက္ရန္ ႏွစ္ႏိုင္ငံခ်စ္ၾကည္ေရးအတြက္ ပူးေပါင္းေဆာင္ရြက္သြားမွာပါ”ဟု ခရိုင္ရဲတပ္ဖြဲ႔မွဴး ဒုတိယရဲမွဴးႀကီးထိန္၀င္းက ေျပာသည္။

ထိုင္းႏိုင္ငံ ခြမ္ကန္ၿမိဳ႕ရိွ ကာရာအိုေကဆိုင္တြင္ အလုပ္ လုပ္ေနသည့္ အသက္ (၂၂)ႏွစ္အရြယ္ အမ်ိဳးသမီးတစ္ဦးအား ခႏၶာကိုယ္ ႏွစ္ပိုင္းပိုင္းကာ လက္မ်ားကို ျဖတ္ၿပီး သတ္ခဲ့သည့္ လူသတ္တရားခံ ေလးဦးမွ အမ်ိဳးသမီးႏွစ္ဦးသည္ တာခ်ီလိတ္ၿမိဳ႕သုိ႔ ထြက္ေျပးတိမ္းေရွာင္လာေၾကာင္း ႏွင့္ ျမန္မာ - ထိုင္းနယ္ျခားေကာ္မတီ(ျမန္မာဘက္)သို႔ ၂၀၁၇ ခုႏွစ္ ေမလ(၂၉)ရက္ေန႔ ညေနပိုင္းက ထိုင္းႏိုင္ငံမွ အခ်က္အလက္မ်ား ေပးပို႔ကာ အကူအညီေတာင္းခံလာျခင္း ျဖစ္ေၾကာင္း သိရသည္။

ယင္းသို႔ အကူအညီေတာင္းခံလာမႈႏွင့္ ပတ္သက္၍ ျမန္မာဘက္ တာခ်ီလိတ္ခရိုင္/ၿမိဳ႕နယ္ရဲတပ္ဖြဲ႔က စံုစမ္းေဖာ္ထုတ္ေနလ်က္ရွိေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ေဇာင္းညီ


~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံ ခွမ်ကန်မြို့တွင် မေလ (၂၃)ရက်နေ့က ဖြစ်ပွားခဲ့သော လူသတ်မှုနှင့်ပတ်သက်၍ မြန်မာ - ထိုင်း နယ်စပ် တာချီလိတ်မြို့တွင် အလုပ် လုပ်ကိုင်နေသော သံသယရှိသူ ထိုင်းနိုင်ငံသားနှစ်ဦးကို စစ်ဆေးရန် အတွက် တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှ ထိုင်းနိုင်ငံမှ တာဝန်ရှိသူများထံ ဇွန်လ (၁)ရက်နေ့က လွှဲပြောင်းပေးလိုက်ကြောင်း သိရသည်။

အဆိုပါ လူသတ်မှုမှ တရားခံလေးဦးအနက် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးအား ဖမ်းမိထားပြီး ကျန်အမျိုးသမီးနှစ်ဦးမှာ တာချီလိတ်မြို့သို့ တိမ်းရှောင်သွားခြင်းဖြစ်ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားပြီး ယင်းတရားခံနှစ်ဦးအား တာချီလိတ်မြို့သို့ အကြိုအပို့လုပ်သူနှင့် လက်ခံထားသူတို့ကို သံသယရှိသူ အဖြစ် စစ်ဆေးရန် တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှ ထိုင်းနိုင်ငံမှ တာဝန်ရှိသူများထံ ဇွန်လ (၁)ရက်နေ့တွင် တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးထိန်ဝင်း၊ တာချီလိတ်ခရိုင် လဝက ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မော်ထွန်း၊ တာချီလိတ်မြို့ရဲစခန်းမှ စခန်းမှူး ဒုရဲမှူးထိန်လင်းနှင့် တာဝန်ရှိသူများက ထိုင်းဘက်သို့ လွှဲပြောင်းပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“ဒီလူသတ်မှုထဲက တရားခံတွေကို မြန်မာနိုင်ငံကို ထိုင်းနိုင်ငံသားတွေကပဲ ခေါ်ဆောင်လာပြီးတော့ လက်ရှိ လူသတ်တရားခံကို ဖွက်ထားတဲ့ လူတွေအကုန်လုံးကလည်း ထိုင်းနိုင်ငံသားတွေလို့ပဲ ယူဆပါတယ်”ဟု တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးထိန်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
လူသတ်တရားခံနှစ်ဦးကို ထိုင်းနိုင်ငံသားတစ်ဦးက မေလ (၂၅)ရက်နေ့ ည (၈)နာရီကျော်ဝန်းကျင်တွင် ချစ်ကြည်ရေးတံတား အမှတ်(၁)မှဖြတ်၍ ခေါ်ဆောင်လာပြီး ကာရာအိုကေတစ်ခုတွင် မန်နေဂျာ လုပ်ကိုင်နေသော ထိုင်းနိုင်ငံသားတစ်ဦးက လက်ခံထားခဲ့ခြင်းဖြစ်ကြောင်း သိရပြီး ယင်းနောက် ညပျော်ပါးရန် အတွက် ထိုင်းနိုင်ငံသားတစ်ဦးက လာခေါ်သွားခြင်းဖြစ်ကြောင်း တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှ သိရသည်။

“ထိုင်းတာဝန်ရှိသူတွေက သံသယရှိသူကို စစ်ဆေးပေါ်ပေါက်ရရှိပါက အဲဒီစစ်ဆေးချက်ကိုယူပြီး အမှုမှန် ပေါ်ပေါက်ရန် နှစ်နိုင်ငံချစ်ကြည်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမှာပါ”ဟု ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးထိန်ဝင်းက ပြောသည်။

ထိုင်းနိုင်ငံ ခွမ်ကန်မြို့ရှိ ကာရာအိုကေဆိုင်တွင် အလုပ် လုပ်နေသည့် အသက် (၂၂)နှစ်အရွယ် အမျိုးသမီးတစ်ဦးအား ခန္ဓာကိုယ် နှစ်ပိုင်းပိုင်းကာ လက်များကို ဖြတ်ပြီး သတ်ခဲ့သည့် လူသတ်တရားခံ လေးဦးမှ အမျိုးသမီးနှစ်ဦးသည် တာချီလိတ်မြို့သို့ ထွက်ပြေးတိမ်းရှောင်လာကြောင်း နှင့် မြန်မာ - ထိုင်းနယ်ခြားကော်မတီ(မြန်မာဘက်)သို့ ၂၀၁၇ ခုနှစ် မေလ(၂၉)ရက်နေ့ ညနေပိုင်းက ထိုင်းနိုင်ငံမှ အချက်အလက်များ ပေးပို့ကာ အကူအညီတောင်းခံလာခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းသို့ အကူအညီတောင်းခံလာမှုနှင့် ပတ်သက်၍ မြန်မာဘက် တာချီလိတ်ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ်နေလျက်ရှိကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~