တာခ်ီလိတ္ၿမိဳ႕ ရီဂ်ီနားေဂါက္ကြင္း လမ္းတစ္ေလွ်ာက္တြင္ ညဘက္ လံုၿခံဳေရးအရ မလိုလားအပ္သည့္ ျပႆနာမ်ား မျဖစ္ေစရန္အတြက္ ညေစ်းဆိုင္မ်ား ေရာင္းခ်ခြင့္ တားျမစ္ထား

တာခ်ီလိတ္ၿမိဳ႕ ရီဂ်ီနားေဂါက္ကြင္း လမ္းတစ္ေလွ်ာက္တြင္ ညဘက္ လံုၿခံဳေရးအရ မလိုလားအပ္သည့္ ျပႆနာမ်ား မျဖစ္ေစရန္အတြက္ ညေစ်းဆိုင္မ်ား ေရာင္းခ်ခြင့္ တားျမစ္ထား
ဇွန် 9, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕၊ ရီဂ်ီးနားေဂါက္ကြင္းအနီးမွ ညေစ်းသည္မ်ားအား အဆိုပါ ေနရာတြင္ ထပ္မံ ေစ်းေရာင္းခ်ျခင္း မျပဳရန္ လက္မွတ္ေရးထိုးထားေစၿပီးျဖစ္၍ ဇြန္လ(၉)ရက္ေန႔မွစကာ ေရွာင္တခင္ စစ္ေဆးေတြ႔ရိွပါက အေရးယူသြားမည္ျဖစ္ေၾကာင္း တာခ်ီလိတ္ၿမိဳ႕နယ္ စည္ပင္သာယာေရးဌာနမွ သိရသည္။

"ဒီနားမွာက ညပိုင္းလံုၿခံဳေရးအရ ရွမ္းရိုးမကြင္းမွာ ေရႊ႕ေပးပါလို႔ ရဲတပ္ဖြဲ႕က အႀကံေပးလာတဲ့အတြက္ ရွမ္းရိုးမကြင္းမွာ ေရာင္းခ်ၾကဖို႔ အသိေပးထားတာပါ။ ကၽြန္ေတာ္တို႔ ပူးေပါင္းအဖြဲ႕နဲ႔ သြားေရာက္ရွင္းျပၿပီး သိရိွေၾကာင္း လက္မွတ္ေရးထိုးခိုင္းတာပါ"ဟု တာခ်ီလိတ္ ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနမွ တာ၀န္ရွိသူက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ဆန္ဆိုင္း(ခ)ရပ္ကြက္ ရီဂ်ီးနားေဂါက္ကြင္းေဘးပတ္ဝန္းက်င္မွ ညေစ်းဆိုင္ (၃)အား ရွမ္းရိုးမကြင္းသို႔ ေျပာင္းေရႊ႕ေရာင္းခ်ရန္ ဇြန္လ (၈)ရက္ေန႔က အသိေပးထားျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ေနရာသည္ ၿမိဳ႕၏ အစြန္အဖ်ားျဖစ္သျဖင့္ အုပ္ခ်ဳပ္ေရးအရ အလွမ္းေဝးျခင္း၊ လံုၿခံဳေရးအရ မလိုလားအပ္သည့္ ျပႆနာမ်ား ျဖစ္လာႏုိင္ျခင္းတို႔ေၾကာင့္ ညေစ်းသည္မ်ား ေရႊ႕ေျပာင္းေရာင္းခ်ၾကရန္ ၿမိဳ႕နယ္စည္ပင္သာယာေရးဌာန၊ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕၊ ရပ္ကြက္အုပ္ခ်ဳပ္ေရးအဖြဲ႕ႏွင့္ ျပည္သူ႔စစ္တို႔ ပါဝင္သည့္ အဖြဲ႕ျဖင့္ သြားေရာက္ကြင္းဆင္း စစ္ေဆးရွင္းလင္းျခင္းျဖစ္ေၾကာင္း စည္ပင္သာယာေရးဌာနမွ သိရသည္။

ဓာတ္ပံု - တာခ်ီလိတ္ စည္ပင္



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ ရီဂျီးနားဂေါက်ကွင်းအနီးမှ ညဈေးသည်များအား အဆိုပါ နေရာတွင် ထပ်မံ ဈေးရောင်းချခြင်း မပြုရန် လက်မှတ်ရေးထိုးထားစပြေီးဖြစ်၍ ဇွန်လ(၉)ရက်နေ့မှစကာ ရှောင်တခင် စစ်ဆေးတွေ့ရှိပါက အရေးယူသွားမည်ဖြစ်ကြောင်း တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာနမှ သိရသည်။

"ဒီနားမှာက ညပိုင်းလုံခြုံရေးအရ ရှမ်းရိုးမကွင်းမှာ ရွှေ့ပေးပါလို့ ရဲတပ်ဖွဲ့က အကြံပေးလာတဲ့အတွက် ရှမ်းရိုးမကွင်းမှာ ရောင်းချကြဖို့ အသိပေးထားတာပါ။ ကျွန်တော်တို့ ပူးပေါင်းအဖွဲ့နဲ့ သွားရောက်ရှင်းပြပြီး သိရှိကြောင်း လက်မှတ်ရေးထိုးခိုင်းတာပါ"ဟု တာချီလိတ် မြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဆန်ဆိုင်း(ခ)ရပ်ကွက် ရီဂျီးနားဂေါက်ကွင်းဘေးပတ်ဝန်းကျင်မှ ညဈေးဆိုင် (၃)အား ရှမ်းရိုးမကွင်းသို့ ပြောင်းရွှေ့ရောင်းချရန် ဇွန်လ (၈)ရက်နေ့က အသိပေးထားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ နေရာသည် မြို့၏ အစွန်အဖျားဖြစ်သဖြင့် အုပ်ချုပ်ရေးအရ အလှမ်းဝေးခြင်း၊ လုံခြုံရေးအရ မလိုလားအပ်သည့် ပြဿနာများ ဖြစ်လာနိုင်ခြင်းတို့ကြောင့် ညဈေးသည်များ ရွှေ့ပြောင်းရောင်းချကြရန် မြို့နယ်စည်ပင်သာယာရေးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်သူ့စစ်တို့ ပါဝင်သည့် အဖွဲ့ဖြင့် သွားရောက်ကွင်းဆင်း စစ်ဆေးရှင်းလင်းခြင်းဖြစ်ကြောင်း စည်ပင်သာယာရေးဌာနမှ သိရသည်။

ဓာတ်ပုံ - တာချီလိတ် စည်ပင်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~