စားသံုးသူ သတင္းျပန္ၾကားေရးႏွင့္ တိုင္ၾကားမႈ လက္ခံေဆာင္ရြက္ေရးစင္တာ မေကြးၿမိဳ႕တြင္ ဖြင္႔လွစ္

စားသံုးသူ သတင္းျပန္ၾကားေရးႏွင့္ တိုင္ၾကားမႈ လက္ခံေဆာင္ရြက္ေရးစင္တာ မေကြးၿမိဳ႕တြင္ ဖြင္႔လွစ္
ဇွန် 17, 2017
By Tachileik News Agency

မေကြးတုိင္းေဒသႀကီး၊ မေကြးၿမိဳ႕တြင္ စားသံုးေရးရာကိစၥမ်ားနွင့္ ပတ္သက္၍ တုိင္ၾကားျခင္းမ်ားအား လက္ခံ ေဆာင္ရြက္ေပးမည့္ စားသံုးသူ သတင္းျပန္ၾကားေရးႏွင္႔ တိုင္ၾကားမႈ လက္ခံေဆာင္ရြက္ေရး စင္တာကို စားသံုးသူေရးရာဦးစီးဌာန၊ တိုင္းေဒသႀကီးဦးစီးမွဴးရံုးတြင္ ဖြင့္လွစ္လိုက္ေၾကာင္း သိရသည္။

“စားသံုးသူမ်ားရဲ႕အခြင္႔အေရးကို ဥပေဒအရ အကာအကြယ္ေပးရာမွာ စားသံုးသူမ်ားရဲ႕ တိုင္ၾကားႏိုင္ခြင္႔ကို ေဖာ္ေဆာင္ ေပးဖို႔နဲ႔ တိုင္ၾကားမႈအေပၚမွာ စနစ္တက်နဲ႔ ျမန္ဆန္စြာအေရးယူေပးႏိုင္ဖို႔ စားသံုးသူ သတင္းျပန္ၾကားေရးႏွင္႔ တိုင္ၾကားမႈလက္ခံေဆာင္ရြက္ေရးစင္တာကို ဖြင္႔လွစ္ရျခင္းျဖစ္ပါတယ္”ဟု စားသံုးသူေရးရာဦးစီးဌာန ညႊန္ၾကားေရးမွဴး ဦးေဆြတင္႔ၾကဴးက ေျပာသည္။

အဆိုပါ စင္တာအား ဇြန္လ (၁၆)ရက္ေန႔က ဖြင့္လွစ္လုိက္ျခင္းျဖစ္ၿပီး စားသံုးသူ အကာအကြယ္ ေပးေရး ဥပေဒအရ ကုန္စည္ႏွင္႔ဝန္ေဆာင္မႈအေရာင္းအဝယ္ျပဳလုပ္ရာ၌ စားသံုးသူဖက္မွ နစ္နာမႈႏွင္႔ႀကံဳေတြ႔ရလွ်င္ ျပည္သူမ်ား တုိင္ၾကားျခင္းအား လက္ခံေဆာင္ရြက္ေပးရန္ျဖစ္ေၾကာင္း သိရသည္။

“ၿပီးခဲ႔တဲ႔ႏွစ္က (၄၆) မႈ ေျဖရွင္းေဆာင္ရြက္ေပးခဲ႔ရပါတယ္။ ဒါဟာ အင္မတန္နည္းတဲ႔အေရအတြက္ပါ။ ဒီလိုမ်ိဳးတိုင္ၾကားမႈနည္းရတာကလည္း ဘယ္ကိုဘယ္လိုတိုင္ၾကားရမယ္ဆိုတာ မသိရိွၾကတာေၾကာင္႔ရယ္ ၊ ကိုယ္တိုင္လိုက္ရင္ သူမ်ားစီးပြား ဖ်က္ဆီးရာေရာက္မလားဆိုတဲ႔ စိုးရိမ္စိတ္နဲ႔ မတိုင္ၾကတာေတြေၾကာင္႔လို႔ ေျပာရမွာပါ”ဟု ဦးေဆြတင့္ၾကဴးက ေျပာသည္။

စားသံုးသူသတင္းျပန္ၾကားေရးႏွင္႔ တိုင္ၾကားမႈလက္ခံေဆာင္ရြက္ေရးစင္တာကို ဖြင္႔လွစ္ေပးျခင္းျဖင္႔ တိုင္ၾကားမည္႔သူႏွင္႔ တိုင္ၾကားမႈလက္ခံမည့္ဝန္ထမ္းတို႔ လြတ္လပ္စြာေျပာဆိုေဆြးေႏြးႏိုင္ၾကမည္ျဖစ္ၿပီး ဖုန္းျဖင္႔လည္းတိုင္ၾကားႏိုင္ေၾကာင္း သိရသည္။

အစားအေသာက္၊ ဝယ္ယူသံုးစဲြသည္႔ အိမ္သံုး စက္ပစၥည္း၊ အီလက္ထေရာနစ္ပစၥည္းႏွင္႔ အျခား အသံုးအေဆာင္ပစၥည္းမ်ား၊ ဝန္ေဆာင္မႈမ်ားႏွင့္ ႏွင္႔ပတ္သက္၍ နစ္နာမႈရိွပါက စားသံုးသူအခြင့္အေရး ခ်ိဳးေဖာက္ခံရျခင္းမ်ားျဖစ္သျဖင့္ စင္တာသို႔တိုင္ၾကားႏိုင္ကာ အမွန္တကယ္နစ္နာေၾကာင္းေပၚေပါက္ပါက စီမံခန္႔ခဲြမႈနည္းလမ္းအရ အဆိုပါလုပ္ငန္းအား သတိေပးျခင္း၊ ေလ်ာ္ေၾကးေပးျခင္း၊ ေစ်းကြက္မွ ပစၥည္းျပန္လည္ သိမ္းဆည္းေစျခင္း၊ လုပ္ငန္းေခတၱရပ္ဆိုင္းျခင္း၊ အၿမဲတမ္းရပ္စဲျခင္း စသည့္ အေရးယူမႈမ်ား ျပဳလုပ္ႏုိင္သည့္အျပင္ တရားရံုးတြင္ တရားစဲြတင္ရပါက ဒဏ္ေငြ က်ပ္သိန္း(၅၀)ႏွင့္ ေထာင္ဒဏ္(၃)ႏွစ္အထိ ျပစ္ဒဏ္မ်ားရိွေၾကာင္း သိရသည္။

သတင္း  - ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် စားသုံးရေးရာကိစ္စများနှင့် ပတ်သက်၍ တိုင်ကြားခြင်းများအား လက်ခံ ဆောင်ရွက်ပေးမည့် စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေး စင်တာကို စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် ဖွင့်လှစ်လိုက်ကြောင်း သိရသည်။

“စားသုံးသူများရဲ့အခွင့်အရေးကို ဥပဒေအရ အကာအကွယ်ပေးရာမှာ စားသုံးသူများရဲ့ တိုင်ကြားနိုင်ခွင့်ကို ဖော်ဆောင် ပေးဖို့နဲ့ တိုင်ကြားမှုအပေါ်မှာ စနစ်တကျနဲ့ မြန်ဆန်စွာအရေးယူပေးနိုင်ဖို့ စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာကို ဖွင့်လှစ်ရခြင်းဖြစ်ပါတယ်”ဟု စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆွေတင့်ကြူးက ပြောသည်။

အဆိုပါ စင်တာအား ဇွန်လ (၁၆)ရက်နေ့က ဖွင့်လှစ်လိုက်ခြင်းဖြစ်ပြီး စားသုံးသူ အကာအကွယ် ပေးရေး ဥပဒေအရ ကုန်စည်နှင့်ဝန်ဆောင်မှုအရောင်းအဝယ်ပြုလုပ်ရာ၌ စားသုံးသူဖက်မှ နစ်နာမှုနှင့်ကြုံတွေ့ရလျှင် ပြည်သူများ တိုင်ကြားခြင်းအား လက်ခံဆောင်ရွက်ပေးရန်ဖြစ်ကြောင်း သိရသည်။

“ပြီးခဲ့တဲ့နှစ်က (၄၆) မှု ဖြေရှင်းဆောင်ရွက်ပေးခဲ့ရပါတယ်။ ဒါဟာ အင်မတန်နည်းတဲ့အရေအတွက်ပါ။ ဒီလိုမျိုးတိုင်ကြားမှုနည်းရတာကလည်း ဘယ်ကိုဘယ်လိုတိုင်ကြားရမယ်ဆိုတာ မသိရှိကြတာကြောင့်ရယ်၊ ကိုယ်တိုင်လိုက်ရင် သူများစီးပွား ဖျက်ဆီးရာရောက်မလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ မတိုင်ကြတာတွေကြောင့်လို့ ပြောရမှာပါ”ဟု ဦးဆွေတင့်ကြူးက ပြောသည်။

စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာကို ဖွင့်လှစ်ပေးခြင်းဖြင့် တိုင်ကြားမည့်သူနှင့် တိုင်ကြားမှုလက်ခံမည့်ဝန်ထမ်းတို့ လွတ်လပ်စွာပြောဆိုဆွေးနွေးနိုင်ကြမည်ဖြစ်ပြီး ဖုန်းဖြင့်လည်းတိုင်ကြားနိုင်ကြောင်း သိရသည်။

အစားအသောက်၊ ဝယ်ယူသုံးစွဲသည့် အိမ်သုံး စက်ပစ္စည်း၊ အီလက်ထရောနစ်ပစ္စည်းနှင့် အခြား အသုံးအဆောင်ပစ္စည်းများ၊ ဝန်ဆောင်မှုများနှင့် နှင့်ပတ်သက်၍ နစ်နာမှုရှိပါက စားသုံးသူအခွင့်အရေး ချိုးဖောက်ခံရခြင်းများဖြစ်သဖြင့် စင်တာသို့တိုင်ကြားနိုင်ကာ အမှန်တကယ်နစ်နာကြောင်းပေါ်ပေါက်ပါက စီမံခန့်ခွဲမှုနည်းလမ်းအရ အဆိုပါလုပ်ငန်းအား သတိပေးခြင်း၊ လျော်ကြေးပေးခြင်း၊ ဈေးကွက်မှ ပစ္စည်းပြန်လည် သိမ်းဆည်းစခြေင်း၊ လုပ်ငန်းခေတ္တရပ်ဆိုင်းခြင်း၊ အမြဲတမ်းရပ်စဲခြင်း စသည့် အရေးယူမှုများ ပြုလုပ်နိုင်သည့်အပြင် တရားရုံးတွင် တရားစွဲတင်ရပါက ဒဏ်ငွေ ကျပ်သိန်း(၅၀)နှင့် ထောင်ဒဏ်(၃)နှစ်အထိ ပြစ်ဒဏ်များရှိကြောင်း သိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~