တာခ်ီလိတ္ေဆးရံုေဟာင္းေရွ႕ရွိ လမ္းေဘးအုတ္ခံုအား ဖယ္ရွားလိုက္ၿပီးေနာက္ ေျမာင္းဖံုး တပ္ဆင္ရန္သာ က်န္ရွိ

တာခ်ီလိတ္ေဆးရံုေဟာင္းေရွ႕ရွိ လမ္းေဘးအုတ္ခံုအား ဖယ္ရွားလိုက္ၿပီးေနာက္ ေျမာင္းဖံုး တပ္ဆင္ရန္သာ က်န္ရွိ
ဇွန် 8, 2017
By Tachileik News Agency

တာခ်ီလိတ္ၿမဳိ႕ျပည္သူ႔ေဆးရံုေဟာင္းေရွ႕ လမ္းမႀကီး၏ ေဘးႏွင့္ လမ္းေပၚတြင္ အနည္းငယ္ ေရာက္ရွိေနသည့္ အုတ္ခံုအား တာခ်ီလိတ္ၿမိဳ႕နယ္ဆက္သြယ္ေရးမွ တာ၀န္ရွိသူမ်ားက ဇြန္လ(၈)ရက္ေန႔ ညပိုင္းတြင္ အၿပီးသတ္ဖယ္ရွားေပးလိုက္ေၾကာင္းႏွင့္ ဖယ္ရွားျပီးေနာက္ က်န္ရွိသည့္ ေျမာင္းအား စည္ပင္သာယာေရးဌာနမွ ေျမာင္းဖံုးျပဳလုပ္ၿပီး တပ္ဆင္ႏိုင္ရန္သာ လိုအပ္ေတာ့ေၾကာင္း သိရသည္။

"အရင္က ဒီေနရာမွာဆက္သြယ္ေရးပံုးထား ထားတာ၊ ဆက္သြယ္ေရးပံုးနဲ႔ အုတ္ခံုၾကားမွာက ေဆးရံုဘက္ကို ေကြ႕သြားတဲ့ ေျမာင္းေလးရွိတယ္ ။ အဲ့ဒီ ေျမာင္းက အဖံုးမရွိဘူး၊ ဆက္သြယ္ေရးပံုးကို ဖယ္လိုက္ေတာ့ ဒီေနရာမွာ ေျမာင္းရွိေနၿပီး အဖံုးမရွိေသးလို႔ အုတ္ခံုကို ဒီတိုင္းထားခဲ့တာ။ ဒီညေတာ့ အုတ္ခံုကို ဖယ္ရွားလိုက္ပါၿပီ။ အခုေလာေလာဆယ္ေတာ့ ဆိုင္ကယ္ေတြ က်မွာစိုးလို႔ သေကၤတေတာ့ လုပ္ထားေပးထားပါတယ္"ဟု ျမန္မာ့ဆက္သြယ္ေရး လုပ္ငန္းမွ တာခ်ီလိတ္ၿမိဳ႕နယ္တာ၀န္ခံ အင္ဂ်င္နီယာ ေဒၚသန္းသန္းေဌးက တာခ်ီလိတ္သတင္းေအဂ်င္စီကို ေျပာသည္။

အဆိုပါ ေနရာသည္ ညဖက္တြင္ အရွိန္ျပင္းေသာ ယာဥ္မ်ား တိုက္မိပါက အသက္အႏၱရာယ္ စိုးရိမ္ရဖြယ္မ်ား ရွိသည့္အတြက္ ေဒသခံမ်ားမွ ေထာက္ျပေျပာဆိုမႈမ်ားလည္း ရွိေၾကာင္း သိရသည္။

ယခုအခါတြင္ အဆိုပါ အုတ္ခံုအား ဖယ္ရွားလိုက္ၿပီျဖစ္ေသာ္လည္း ေရေျမာင္းေၾကာင့္ ဆိုင္ကယ္ႏွင့္ အျခားယာဥ္မ်ား ေျမာင္းအတြင္းသို႔က်ေရာက္ႏိုင္သည့္အတြက္ စည္ပင္သာယာေရးဌာနမွ ေျမာင္းဖံုး တပ္ဆင္ရန္ လိုအပ္မွာ ျဖစ္ေၾကာင္း သိရွိရသည္။

ဓာတ္ပံု - #ေဇာင္းညီ ၊ #ေအာင္ေက်ာ္၀င္းစိန္


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့ပြည်သူ့ဆေးရုံဟောင်းရှေ့ လမ်းမကြီး၏ ဘေးနှင့် လမ်းပေါ်တွင် အနည်းငယ် ရောက်ရှိနေသည့် အုတ်ခုံအား တာချီလိတ်မြို့နယ်ဆက်သွယ်ရေးမှ တာဝန်ရှိသူများက ဇွန်လ(၈)ရက်နေ့ ညပိုင်းတွင် အပြီးသတ်ဖယ်ရှားပေးလိုက်ကြောင်းနှင့် ဖယ်ရှားပြီးနောက် ကျန်ရှိသည့် မြောင်းအား စည်ပင်သာယာရေးဌာနမှ မြောင်းဖုံးပြုလုပ်ပြီး တပ်ဆင်နိုင်ရန်သာ လိုအပ်တော့ကြောင်း သိရသည်။

"အရင်က ဒီနေရာမှာဆက်သွယ်ရေးပုံးထား ထားတာ၊ ဆက်သွယ်ရေးပုံးနဲ့ အုတ်ခုံကြားမှာက ဆေးရုံဘက်ကို ကွေ့သွားတဲ့ မြောင်းလေးရှိတယ်။ အဲ့ဒီ မြောင်းက အဖုံးမရှိဘူး၊ ဆက်သွယ်ရေးပုံးကို ဖယ်လိုက်တော့ ဒီနေရာမှာ မြောင်းရှိနပြေီး အဖုံးမရှိသေးလို့ အုတ်ခုံကို ဒီတိုင်းထားခဲ့တာ။ ဒီညတော့ အုတ်ခုံကို ဖယ်ရှားလိုက်ပါပြီ။ အခုလောလောဆယ်တော့ ဆိုင်ကယ်တွေ ကျမှာစိုးလို့ သင်္ကေတတော့ လုပ်ထားပေးထားပါတယ်"ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာချီလိတ်မြို့နယ်တာဝန်ခံ အင်ဂျင်နီယာ ဒေါ်သန်းသန်းဌေးက တာချီလိတ်သတင်းအေဂျင်စီကို ပြောသည်။

အဆိုပါ နေရာသည် ညဖက်တွင် အရှိန်ပြင်းသော ယာဉ်များ တိုက်မိပါက အသက်အန္တရာယ် စိုးရိမ်ရဖွယ်များ ရှိသည့်အတွက် ဒေသခံများမှ ထောက်ပြပြောဆိုမှုများလည်း ရှိကြောင်း သိရသည်။

ယခုအခါတွင် အဆိုပါ အုတ်ခုံအား ဖယ်ရှားလိုက်ပြီဖြစ်သော်လည်း ရေမြောင်းကြောင့် ဆိုင်ကယ်နှင့် အခြားယာဉ်များ မြောင်းအတွင်းသို့ကျရောက်နိုင်သည့်အတွက် စည်ပင်သာယာရေးဌာနမှ မြောင်းဖုံး တပ်ဆင်ရန် လိုအပ်မှာ ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ - #ဇောင်းညီ၊ #အောင်ကျော်ဝင်းစိန်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~