ျပည္သူ႔လႊတ္ေတာ္ ဥကၠဌႏွင့္ ရွမ္းျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္မ်ား ေတာင္ႀကီးတြင္ ေတြ႔ဆံု

ျပည္သူ႔လႊတ္ေတာ္ ဥကၠဌႏွင့္ ရွမ္းျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္မ်ား ေတာင္ႀကီးတြင္ ေတြ႔ဆံု
ဇွန် 10, 2017
By Tachileik News Agency

ျပည္သူ႔လႊတ္ေတာ္ ဥကၠဌ ဦးဝင္းျမင့္ႏွင့္ ရွမ္းျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္မ်ားသည္ ဇြန္လ (၁၀)ရက္ေန႔က ရွမ္းျပည္နယ္ေတာင္ပိုင္း ေတာင္ႀကီးၿမိဳ႕တြင္ ေတြ႔ဆံုၿပီး လႊတ္ေတာ္ေရးရာကိစၥမ်ား ေဆြးေႏြးၾကေၾကာင္း သိရသည္။

အဆိုပါ ေတြ႔ဆံုပြဲအား ေတာင္ႀကီးၿမိဳ႕ရွိ ၿမိဳ႕ေတာ္ခန္းမတြင္ က်င္းပရာ ျပည္သူ႔လႊတ္ေတာ္ဥကၠဌ ဦးဝင္းျမင့္၊ ရွမ္းျပည္နယ္ လႊတ္ေတာ္ ဥကၠဌ ဦးစိုင္းလံုးဆုိင္၊ ရွမ္းျပည္နယ္လႊတ္ေတာ္မွ တပ္မေတာ္သား ကိုယ္စားလွယ္မ်ား အပါအဝင္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္မ်ားအျပင္ ရွမ္းျပည္နယ္ ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္ႏွင့္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ ဝန္ႀကီးမ်ားလည္း တက္ေရာက္ၾကရာ စုစုေပါင္း တက္ေရာက္သူ ဦးေရ (၁၂၂)ဦးရိွေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ႏိုႏို


~~~~~~~~⊰❂ unicode ~~~~~~~~

ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်နှင့် ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များသည် ဇွန်လ (၁၀)ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် တွေ့ဆုံပြီး လွှတ်တော်ရေးရာကိစ္စများ ဆွေးနွေးကြကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲအား တောင်ကြီးမြို့ရှိ မြို့တော်ခန်းမတွင် ကျင်းပရာ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်၊ ရှမ်းပြည်နယ် လွှတ်တော် ဥက္ကဌ ဦးစိုင်းလုံးဆိုင်၊ ရှမ်းပြည်နယ်လွှတ်တော်မှ တပ်မတော်သား ကိုယ်စားလှယ်များ အပါအဝင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအပြင် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများလည်း တက်ရောက်ကြရာ စုစုပေါင်း တက်ရောက်သူ ဦးရေ (၁၂၂)ဦးရှိကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~