တရုတ္ႏုိင္ငံမွ ျမန္မာကုန္သည္မ်ား၏ ဘဏ္စာရင္း ယာယီပိတ္လိုက္ျခင္း ႏွင့္ ပတ္သက္၍ မူဆယ္မွ ကုန္သည္မ်ား ဆႏၵထုတ္ေဖာ္

တရုတ္ႏုိင္ငံမွ ျမန္မာကုန္သည္မ်ား၏ ဘဏ္စာရင္း ယာယီပိတ္လိုက္ျခင္း ႏွင့္ ပတ္သက္၍ မူဆယ္မွ ကုန္သည္မ်ား ဆႏၵထုတ္ေဖာ္
ဇွန် 23, 2017
By Tachileik News Agency

တရုတ္ႏုိင္ငံမွ ဘဏ္စာရင္းမ်ား ထိန္းသိမ္းခံထားရသည့္ ျမန္မာကုန္သည္ (၃၀၀)ခန္႔က တရုတ္ႏုိင္ငံႏွင့္ နယ္စပ္ မူဆယ္ၿမိဳ႕တြင္ ဇြန္လ (၂၃)ရက္ေန႔က ဆႏၵထုတ္ေဖာ္ႀကေၾကာင္း သိရသည္။

“ဆႏၵထုတ္ေဖာ္မႈကို လူဦးေရ(၃၀၀) နဲ႔ လုပ္ေဆာင္မယ္ဆိုၿပီး ခြင့္ျပဳခ်က္ေတာင္းခံထားတဲ့အတြက္ ကြ်န္ေတာ္တို႔ ခြင့္ျပဳေပးထားပါတယ္။ အဓိကက တရုတ္ဘက္က ထိန္းခ်ဳပ္ထားတဲ့ ဘဏ္စာရင္းေတြကို ျပန္ဖြင့္ေပးဖို႔ ရည္ရြယ္ ေတာင္းဆိုမႈေတြ၊ ေၾကြးေၾကာ္တာေတြ၊ ဆိုင္းဘုတ္ကိုင္ စီတန္း လမ္းေလွ်ာက္ တာေတြ လုပ္မယ္လို႔ သိရပါတယ္။ မူဆယ္မွာရွိတဲ့ ပဲ၊ေျပာင္း၊ႏွမ္း နဲ႔ ဆန္ ကုန္စည္ဒိုင္ေတြ ကေန လုပ္ၾကမွာျဖစ္ပါတယ္။ ကြ်န္ေတာ္တုိ႔ေတြ႕ရတာကေတာ့ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းနဲ႔ လုပ္ေဆာင္ေနတာကို ေတြ႔ရပါတယ္”ဟု မူဆယ္ခရိုင္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ ဒုတိယခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးဆန္းလိႈင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ဆႏၵထုတ္ေဖာ္မႈ မျပဳလုပ္ပါက ဘဏ္စာရင္းမ်ားအား အျမန္ဆံုးျပန္လည္ရရွိေစရန္ ေဆာင္ရြက္ေပးမည္ဟု ညိႇႏိႈင္းၿပီး ဆႏၵျပမႈဆက္လုပ္မည္ဆိုပါက ၎တို႔ဖက္မွ တင္းက်ပ္မႈမ်ားအား ဆက္လက္ လုပ္ေဆာင္သြားမည္ဟု တရုတ္ဘက္မွ သတိေပးျခင္းမ်ား ျပဳလုပ္ခဲ့သည္ဟု ကုန္သည္အခ်ိဳ႕ထံမွ သိရသည္။

“ဆန္ကုန္သည္အသင္းက ကုန္သည္ေတြကို တရုတ္ဘက္က အရာရွိေတြက ဒီဆႏၵျပမႈကိုဆက္မလုပ္ဖို႔ ဒီေန႔ နံနက္ပိုင္းမွာပဲ တားျမစ္မႈလုပ္ခဲ့ေသးတယ္။ သူတို႔ပိတ္ထားတဲ့ အေကာင့္ေတြကို ျပန္ဖြင့္ေပးႏိုင္ဖို႔ ကိုလည္း ေဆာင္ရြက္ေပးပါမယ္။ ဆႏၵျပတာကိုမလုပ္ပါနဲ႔လို႔ တားထားေသးတယ္။ ဒါေပမယ့္ ဆႏၵျပမႈကို ဆက္လုပ္ေနတာကို ေတြ႔ရတယ္။ ဒီမနက္ (၁၀)နာရီေလာက္မွာ စၿပီးလုပ္တာပါ”ဟု မူဆယ္ၿမိဳ႕မွ ေဒသခံတစ္ဦးက ေျပာသည္။

ဆႏၵထုတ္ေဖာ္သူမ်ားက တရုတ္ျပည္ဘဏ္တြင္ ထိန္းခ်ဳပ္ထားသည့္ ေငြေၾကးမ်ားအား ျပန္လည္ ေပးေဆာင္ရန္၊ မတရားထိန္းသိမ္းထားေသာအေကာင့္မ်ားအား ျပန္ဖြင့္ေပးရန္၊ တရားဝင္ တန္းတူ ကုန္သြယ္မႈ ေဆာင္ရြက္ေပးရန္၊ One Belt, One Road ကို မဖ်က္ဆီးရန္စသည့္ စာသားမ်ားအား ျမန္မာ၊ တရုတ္ ႏွစ္ဘာသာျဖင့္ ေၾကြးေၾကာ္၍ ဆႏၵထုတ္ေဖာ္မႈမ်ား ျပဳလုပ္လ်က္ရွိေၾကာင္း သိရသည္။

“တရုတ္ဘက္က ဒီဆႏၵျပမႈကို မလုပ္ဖုိ႔ တားျမစ္ေသးတယ္။ ဒါေပမယ့္ ဒီဘက္က ကုန္သည္ေတြကလည္း ပိတ္ခံထိတဲ့ အေကာင့္က (၁၀၀) ေက်ာ္ေလာက္ ပါတယ္ဆိုေတာ့ မခံႏိုင္ေတာ့တာနဲ႔ ဆႏၵျပၾကတာပါ။ တရုတ္ဘက္ကတားတာကလည္း ဟိုလိုႀကီး အတည္တက် စာရြက္စာတမ္းနဲ႔တားတာမ်ိဳး မဟုတ္ဘဲ အေၾကာင္းၾကားတားျမစ္တဲ့ သေဘာလုပ္တာပါ”ဟု ပဲ ေျပာင္၊ ႏွမ္း ၊ ဆန္ ကုန္စည္ဒိုင္ မူဆယ္မွ အမ်ိဳးသမီးတစ္ဦးက ေျပာသည္။

ဇြန္လ(၂၃)ရက္ နံနက္ (၁၀)နာရီ အခိ်န္တြင္ မူဆယ္ၿမိဳ႕ေရႊသမင္ေက်ာင္းဝန္း မွစတင္၍ တရုတ္ႏုိင္ငံ နယ္စပ္ဂိတ္ နန္းေတာ္ဂိတ္ေပါက္သို႔ နံနက္(၁၀)နာရီ(၂၀)မိနစ္အခ်ိန္တြင္ စုေဝးေရာက္ရွိကာ ကုန္သြယ္ေရး စင္တာတြင္ မီဒီယာမ်ားႏွင့္ ေတြ႔ဆံု ရွင္းလင္းမႈမ်ားျပဳလုပ္လ်က္ရွိေၾကာင္း သိရသည္။

တရုတ္ႏုိင္ငံက နယ္စပ္ကုန္သြယ္ေရးလုပ္ေနသည့္ ျမန္မာကုန္သည္မ်ား၏ ဘဏ္စာရင္းအခ်ိဳ႕အား ေလာင္းကစားဆက္စပ္ေငြမ်ားႏွင့္ ဆက္ႏႊယ္ႏုိင္သည္ဟုဆိုကာ ဇြန္လ (၁၇)ရက္ေန႔က ပိတ္လုိက္ျခင္း ျဖစ္သည္။

သတင္း - ေနၿဖိဳးျမင့္
ဓာတ္ပံု - Nan Seng Noom


~~~~~~~~⊰❂ unicode ~~~~~~~~

တရုတ်နိုင်ငံမှ ဘဏ်စာရင်းများ ထိန်းသိမ်းခံထားရသည့် မြန်မာကုန်သည် (၃၀၀)ခန့်က တရုတ်နိုင်ငံနှင့် နယ်စပ် မူဆယ်မြို့တွင် ဇွန်လ (၂၃)ရက်နေ့က ဆန္ဒထုတ်ဖော်ကြကြောင်း သိရသည်။

“ဆန္ဒထုတ်ဖော်မှုကို လူဦးရေ(၃၀၀) နဲ့ လုပ်ဆောင်မယ်ဆိုပြီး ခွင့်ပြုချက်တောင်းခံထားတဲ့အတွက် ကျွန်တော်တို့ ခွင့်ပြုပေးထားပါတယ်။ အဓိကက တရုတ်ဘက်က ထိန်းချုပ်ထားတဲ့ ဘဏ်စာရင်းတွေကို ပြန်ဖွင့်ပေးဖို့ ရည်ရွယ် တောင်းဆိုမှုတွေ၊ ကြွေးကြော်တာတွေ၊ ဆိုင်းဘုတ်ကိုင် စီတန်း လမ်းလျှောက် တာတွေ လုပ်မယ်လို့ သိရပါတယ်။ မူဆယ်မှာရှိတဲ့ ပဲ၊ပြောင်း၊နှမ်း နဲ့ ဆန် ကုန်စည်ဒိုင်တွေ ကနေ လုပ်ကြမှာဖြစ်ပါတယ်။ ကျွန်တော်တို့တွေ့ရတာကတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လုပ်ဆောင်နေတာကို တွေ့ရပါတယ်”ဟု မူဆယ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဆန်းလှိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဆန္ဒထုတ်ဖော်မှု မပြုလုပ်ပါက ဘဏ်စာရင်းများအား အမြန်ဆုံးပြန်လည်ရရှိစေရန် ဆောင်ရွက်ပေးမည်ဟု ညှိနှိုင်းပြီး ဆန္ဒပြမှုဆက်လုပ်မည်ဆိုပါက၎င်းတို့ဖက်မှ တင်းကျပ်မှုများအား ဆက်လက် လုပ်ဆောင်သွားမည်ဟု တရုတ်ဘက်မှ သတိပေးခြင်းများ ပြုလုပ်ခဲ့သည်ဟု ကုန်သည်အချို့ထံမှ သိရသည်။

“ဆန်ကုန်သည်အသင်းက ကုန်သည်တွေကို တရုတ်ဘက်က အရာရှိတွေက ဒီဆန္ဒပြမှုကိုဆက်မလုပ်ဖို့ ဒီနေ့ နံနက်ပိုင်းမှာပဲ တားမြစ်မှုလုပ်ခဲ့သေးတယ်။ သူတို့ပိတ်ထားတဲ့ အကောင့်တွေကို ပြန်ဖွင့်ပေးနိုင်ဖို့ ကိုလည်း ဆောင်ရွက်ပေးပါမယ်။ ဆန္ဒပြတာကိုမလုပ်ပါနဲ့လို့ တားထားသေးတယ်။ ဒါပေမယ့် ဆန္ဒပြမှုကို ဆက်လုပ်နေတာကို တွေ့ရတယ်။ ဒီမနက် (၁၀)နာရီလောက်မှာ စပြီးလုပ်တာပါ”ဟု မူဆယ်မြို့မှ ဒေသခံတစ်ဦးက ပြောသည်။

ဆန္ဒထုတ်ဖော်သူများက တရုတ်ပြည်ဘဏ်တွင် ထိန်းချုပ်ထားသည့် ငွေကြေးများအား ပြန်လည် ပေးဆောင်ရန်၊ မတရားထိန်းသိမ်းထားသောအကောင့်များအား ပြန်ဖွင့်ပေးရန်၊ တရားဝင် တန်းတူ ကုန်သွယ်မှု ဆောင်ရွက်ပေးရန်၊ One Belt, One Road ကို မဖျက်ဆီးရန်စသည့် စာသားများအား မြန်မာ၊ တရုတ် နှစ်ဘာသာဖြင့် ကြွေးကြော်၍ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

“တရုတ်ဘက်က ဒီဆန္ဒပြမှုကို မလုပ်ဖို့ တားမြစ်သေးတယ်။ ဒါပေမယ့် ဒီဘက်က ကုန်သည်တွေကလည်း ပိတ်ခံထိတဲ့ အကောင့်က (၁၀၀) ကျော်လောက် ပါတယ်ဆိုတော့ မခံနိုင်တော့တာနဲ့ ဆန္ဒပြကြတာပါ။ တရုတ်ဘက်ကတားတာကလည်း ဟိုလိုကြီး အတည်တကျ စာရွက်စာတမ်းနဲ့တားတာမျိုး မဟုတ်ဘဲ အကြောင်းကြားတားမြစ်တဲ့ သဘောလုပ်တာပါ”ဟု ပဲ ပြောင်၊ နှမ်း၊ ဆန် ကုန်စည်ဒိုင် မူဆယ်မှ အမျိုးသမီးတစ်ဦးက ပြောသည်။

ဇွန်လ(၂၃)ရက် နံနက် (၁၀)နာရီ အချိန်တွင် မူဆယ်မြို့ရွှေသမင်ကျောင်းဝန်း မှစတင်၍ တရုတ်နိုင်ငံ နယ်စပ်ဂိတ် နန်းတော်ဂိတ်ပေါက်သို့ နံနက်(၁၀)နာရီ(၂၀)မိနစ်အချိန်တွင် စုဝေးရောက်ရှိကာ ကုန်သွယ်ရေး စင်တာတွင် မီဒီယာများနှင့် တွေ့ဆုံ ရှင်းလင်းမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

တရုတ်နိုင်ငံက နယ်စပ်ကုန်သွယ်ရေးလုပ်နေသည့် မြန်မာကုန်သည်များ၏ ဘဏ်စာရင်းအချို့အား လောင်းကစားဆက်စပ်ငွေများနှင့် ဆက်နွှယ်နိုင်သည်ဟုဆိုကာ ဇွန်လ (၁၇)ရက်နေ့က ပိတ်လိုက်ခြင်း ဖြစ်သည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - Nan Seng Noom 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~