မေကြးတုိင္း (၈)ၿမိဳ႕နယ္မွ ေက်ာင္းမုန္႔ေစ်းတန္းမ်ား အႏၱရာယ္ကင္းသည့္ အဆင့္လုိက္ သတ္မွတ္၍ အမွတ္ေပးမည္

မေကြးတုိင္း (၈)ၿမိဳ႕နယ္မွ ေက်ာင္းမုန္႔ေစ်းတန္းမ်ား အႏၱရာယ္ကင္းသည့္ အဆင့္လုိက္ သတ္မွတ္၍ အမွတ္ေပးမည္
ဇွန် 28, 2017
By Tachileik News Agency

မေကြးတိုင္းေဒသႀကီးအတြင္း (၈)ၿမိဳ႕နယ္မွ ေက်ာင္းမုန္႔ေစ်းတန္းမ်ားအား အႏၱရာယ္ကင္းသည့္ အဆင့္လိုက္ အမွတ္ေပး၍ ဆုမ်ားခ်ီးျမႇင့္ေပးသြားမည္ျဖစ္ေၾကာင္း မေကြးတုိင္း FDA မွသိရသည္။

လက္ရိွတြင္ FDA ၏ ေဆာင္ရြက္မႈအေပၚ ဆရာ/ဆရာမမ်ား၊ ေက်ာင္းသား/ေက်ာင္းသူမ်ား၏ စိတ္ပါဝင္စားစြာ ပူးေပါင္းပါဝင္လာမႈေၾကာင္႔ မေကြးတိုင္း ေဒသႀကီးအတြင္း ၿမိဳ႕နယ္(၈)ၿမိဳ႕နယ္ရိွ ေက်ာင္းမုန္႔ေစ်းတန္းမ်ား၌ ခြင့္မျပဳဆိုးေဆးအႏၱရာယ္ သိသိသာသာ ေလ်ာ႔နည္းက်ဆင္းသြားေၾကာင္း FDA မေကြးတိုင္း တာဝန္ခံထံမွ သိရသည္။

“ၿမိဳ႕နယ္ အသီးသီးက ေက်ာင္းေတြမွာ FDA ရဲ႕ ပညာေပးေဟာေျပာမႈ ကြင္းဆင္း စစ္ေဆး ေဆာင္ရြက္မႈေတြ အေပၚမွာ ဆရာ/ဆရာမေတြရဲ႕ ပူးေပါင္း ပါဝင္မႈ၊ ေဟာေျပာခ်က္ေတြအေပၚ ေက်ာင္းသား/ေက်ာင္းသူေတြရဲ႕ စိတ္ဝင္တစား လိုက္နာေဆာင္ရြက္မႈေတြ အားေကာင္းလာတာေၾကာင္႔ ေက်ာင္းမုန္႔ေစ်းတန္းေတြမွာ ခြင္႔မျပဳဆိုးေဆးအႏၱရာယ္ဟာ စိတ္ခ်ရတဲ႔အေျခအေနမွာ ေရာက္ေနပါၿပီ”ဟု FDA မေကြးတိုင္း တာဝန္ခံ ေဒါက္တာျပည့္ထူးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ဇြန္္လ (၂၈)ရက္ေန႔က ေျပာသည္။

ေက်ာင္းမုန္႔ေစ်းတန္းမ်ားတြင္ ဆိုးေဆးအႏၱရာယ္ႏွင့္ စားသံုးရန္မသင့္မုန္႔မ်ား ေရာင္းခ်ျခင္းမ်ားအား စစ္ေဆးႏုိင္ေသာ္လည္း သန္႔ရွင္းမႈအပိုင္းအား သက္ဆုိင္ရာဌာနမ်ားအေနျဖင့္ ပူးေပါင္းလုပ္ေဆာင္ေပးရန္ လိုအပ္ေနေသးေၾကာင္း သိရသည္။

“ဥပမာ အသုပ္ေရာင္းတဲ႔ဆိုင္မွာ ပါဝင္ပစၥည္းေတြအေပၚ ယင္နားေနတာကို ဒီအတိုင္းႀကီးနယ္တယ္။ ယင္ေကာင္ဥက ေပါက္ဦးမွာ မဟုတ္ေသးဘူး။ ဒီအတိုင္းနယ္တဲ႔ သူ႔လက္မွာလည္း ပိုးေတြ အမ်ားႀကီး ပါႏိုင္တယ္။ ဒါေတြထိန္းဖို႔လည္း အရမ္းလိုအပ္တယ္။ FDA တစ္ခုတည္းနဲ႔ေတာ႔ ထိန္းလို႔ရမွာ မဟုတ္ဘူး။ ဒီအဆင့္ဆိုေတာ႔ စည္ပင္ပါမယ္။ ျပည္သူ႔က်န္းမာေရးဌာနေအာက္က ေက်ာင္း က်န္းမာေရးအဖြဲ႔ေတြက ကေလးေတြရဲ႕ ေျခသည္းလက္သည္းေတြ စစ္ေပးဖို႔ပါမယ္။ ဒီအဖြဲ႔ေတြပါ ေခၚၿပီးေတာ႔ လက္ကို ဘယ္လိုသန္႔ ရွင္းေအာင္ေဆးေၾကာဖို႔ ၊ ေစ်းသည္ေတြလက္အိတ္စြပ္ဖို႔ ၊ ႏွာေခါင္းစည္း တပ္ဖို႔ ၊ အစားအစာေတြဖံုးအုပ္ဖို႔ ဒါေတြလုပ္ရမယ္”ဟု ေဒါက္တာျပည့္ထူးက ေျပာသည္။

ကေလးမ်ား လက္ေဆးသည့္ အေလ့အက်င့္အား လုိက္နာရန္လိုသကဲ့သို႔ ေက်ာင္းမ်ားတြင္ အိမ္သာေ႐ွ႕၌ ေရ၊ဆပ္ျပာႏွင္႔ ေဘစင္မ်ားထားရိွေပးႏိုင္ရန္လည္း လိုအပ္ေနဆဲျဖစ္ေၾကာင္း သိရသည္။

သတင္း - ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီးအတွင်း (၈)မြို့နယ်မှ ကျောင်းမုန့်ဈေးတန်းများအား အန္တရာယ်ကင်းသည့် အဆင့်လိုက် အမှတ်ပေး၍ ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း မကွေးတိုင်း FDA မှသိရသည်။

လက်ရှိတွင် FDA၏ ဆောင်ရွက်မှုအပေါ် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၏ စိတ်ပါဝင်စားစွာ ပူးပေါင်းပါဝင်လာမှုကြောင့် မကွေးတိုင်း ဒေသကြီးအတွင်း မြို့နယ်(၈)မြို့နယ်ရှိ ကျောင်းမုန့်ဈေးတန်းများ၌ ခွင့်မပြုဆိုးဆေးအန္တရာယ် သိသိသာသာ လျော့နည်းကျဆင်းသွားကြောင်း FDA မကွေးတိုင်း တာဝန်ခံထံမှ သိရသည်။

“မြို့နယ် အသီးသီးက ကျောင်းတွေမှာ FDA ရဲ့ ပညာပေးဟောပြောမှု ကွင်းဆင်း စစ်ဆေး ဆောင်ရွက်မှုတွေ အပေါ်မှာ ဆရာ/ဆရာမတွေရဲ့ ပူးပေါင်း ပါဝင်မှု၊ ဟောပြောချက်တွေအပေါ် ကျောင်းသား/ကျောင်းသူတွေရဲ့ စိတ်ဝင်တစား လိုက်နာဆောင်ရွက်မှုတွေ အားကောင်းလာတာကြောင့် ကျောင်းမုန့်ဈေးတန်းတွေမှာ ခွင့်မပြုဆိုးဆေးအန္တရာယ်ဟာ စိတ်ချရတဲ့အခြေအနေမှာ ရောက်နေပါပြီ”ဟု FDA မကွေးတိုင်း တာဝန်ခံ ဒေါက်တာပြည့်ထူးက တာချီလိတ်သတင်းအေဂျင်စီသို့ ဇွန်လ (၂၈)ရက်နေ့က ပြောသည်။

ကျောင်းမုန့်ဈေးတန်းများတွင် ဆိုးဆေးအန္တရာယ်နှင့် စားသုံးရန်မသင့်မုန့်များ ရောင်းချခြင်းများအား စစ်ဆေးနိုင်သော်လည်း သန့်ရှင်းမှုအပိုင်းအား သက်ဆိုင်ရာဌာနများအနဖြေင့် ပူးပေါင်းလုပ်ဆောင်ပေးရန် လိုအပ်နေသေးကြောင်း သိရသည်။

“ဥပမာ အသုပ်ရောင်းတဲ့ဆိုင်မှာ ပါဝင်ပစ္စည်းတွေအပေါ် ယင်နားနေတာကို ဒီအတိုင်းကြီးနယ်တယ်။ ယင်ကောင်ဥက ပေါက်ဦးမှာ မဟုတ်သေးဘူး။ ဒီအတိုင်းနယ်တဲ့ သူ့လက်မှာလည်း ပိုးတွေ အများကြီး ပါနိုင်တယ်။ ဒါတွေထိန်းဖို့လည်း အရမ်းလိုအပ်တယ်။ FDA တစ်ခုတည်းနဲ့တော့ ထိန်းလို့ရမှာ မဟုတ်ဘူး။ ဒီအဆင့်ဆိုတော့ စည်ပင်ပါမယ်။ ပြည်သူ့ကျန်းမာရေးဌာနအောက်က ကျောင်း ကျန်းမာရေးအဖွဲ့တွေက ကလေးတွေရဲ့ ခြေသည်းလက်သည်းတွေ စစ်ပေးဖို့ပါမယ်။ ဒီအဖွဲ့တွေပါ ခေါ်ပြီးတော့ လက်ကို ဘယ်လိုသန့် ရှင်းအောင်ဆေးကြောဖို့၊ ဈေးသည်တွေလက်အိတ်စွပ်ဖို့၊ နှာခေါင်းစည်း တပ်ဖို့၊ အစားအစာတွေဖုံးအုပ်ဖို့ ဒါတွေလုပ်ရမယ်”ဟု ဒေါက်တာပြည့်ထူးက ပြောသည်။

ကလေးများ လက်ဆေးသည့် အလေ့အကျင့်အား လိုက်နာရန်လိုသကဲ့သို့ ကျောင်းများတွင် အိမ်သာရှေ့၌ ရေ၊ဆပ်ပြာနှင့် ဘေစင်များထားရှိပေးနိုင်ရန်လည်း လိုအပ်နေဆဲဖြစ်ကြောင်း သိရသည်။

သတင်း - ဖီးနစ် 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~