တာချီလိတ်ခရိုင် မိုင်းယုနယ်စပ်တံတားပေါ် ဖြတ်သန်းသွားလာခွင့်ပြုလိုက်ပြီး စစ်ဆေးရေး စခန်းထားရှိရန် ကွင်းဆင်းစစ်ဆေးမည်

တာချီလိတ်ခရိုင် မိုင်းယုနယ်စပ်တံတားပေါ် ဖြတ်သန်းသွားလာခွင့်ပြုလိုက်ပြီး စစ်ဆေးရေး စခန်းထားရှိရန် ကွင်းဆင်းစစ်ဆေးမည်
ဇှနျ 28, 2017
By Tachileik News Agency



မိုင်းယုနယ်စပ်တံတားမှ တရားဝင် အခွန်ပေးဆောင်စေရေးနှင့် လူဝင်လူထွက် စနစ်တကျ ဖြစ်စေရေး အတွက် ဇွန်လ (၂၇)ရက်နေ့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးစိုးစိုးဇော်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း ) ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲနိုင်၊  တာချီလိတ်ခရိုင် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် ကော်မတီဝင်များ၊  အကောက်ခွန်ဌာန၊ မယ်ယန်းကုန်သွယ်ရေးစခန်းမှ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် ပြည်တွင်းအခွန်ဦးစီးဌာနမှ တာဝန်ရှိသူများက တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမတွင် တွေ့ဆုံ၍ ဆွေးနွေးကြကြောင်း သိရသည်။


သတင်း - ချယ်ရီထိုက်
ဓာတ်ပုံ - ဇောင်းညီ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း၊) တာချီလိတ်ခရိုင်၊ တရုတ်နိုင်ငံနှင့် နယ်စပ် မိုင်းယုနယ်စပ်တံတားအား ဇွန်လ (၂၆)ရက်နေ့မှစ၍ ဖြတ်သန်း သွားလာခွင့်ပြုလိုက်ပြီး စစ်ဆေးရေးစခန်း ထားရှိရန် သက်ဆိုင်ရာက ကွင်းဆင်းစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

“အရင်က ဒီကနေ တရားမဝင် ကုန်စည်စီးဆင်းမှုကို စောင့်ကြည့်တဲ့အဖွဲ့တွေရှိတယ်။ အခုက ပြန်ပြီး ဖွင့်ပေးလိုက်ပြီဆိုတော့ ကုန်သွယ်မှု အဆင်ပြေစေဖို့အတွက် ခရိုင်စီမံခန့်ခွဲမှုကော်မတီ၊ စီးပွားကူးသန်း၊ အကောက်ခွန်ဦးစီးဌာနစတဲ့ လိုအပ်တဲ့အဖွဲ့တွေ အားလုံး ဒီတံတားကိုသွားမယ်။ ဘယ်နေရာမှာ ကုန်သွယ်ရေးအတွက် အထောက်အပံ့ဖြစ်မယ်၊ ဘယ်နေရာမှာ စစ်ဆေးရေး စခန်းထားမယ်ဆိုတာ စစ်ဆေးမှာပေါ့။ စစ်ဆေးတွေ့ရှိချက်တွေကို ရှမ်းပြည်နယ်အစိုးရကို တင်ပြမှာပါ”ဟု တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မိုင်းယုနယ်စပ်တံတားမှ တရားဝင် အခွန်ပေးဆောင်စေရေးနှင့် လူဝင်လူထွက် စနစ်တကျ ဖြစ်စေရေး အတွက် ဇွန်လ (၂၇)ရက်နေ့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးစိုးစိုးဇော်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း ) ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲနိုင်၊ တာချီလိတ်ခရိုင် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် ကော်မတီဝင်များ၊ အကောက်ခွန်ဌာန၊ မယ်ယန်းကုန်သွယ်ရေးစခန်းမှ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် ပြည်တွင်းအခွန်ဦးစီးဌာနမှ တာဝန်ရှိသူများက တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအေဝးခန်းမတွင် တွေ့ဆုံ၍ ဆွေးနွေးကြကြောင်း သိရသည်။

တရုတ် - မြန်မာနယ်စပ် မိုင်းယုနယ်စပ်တံတားအား ၂၀၁၆ ခုနှစ် အောက်တိုဘာလ (၂၃)ရက်နေ့မှစ၍ မိုင်းလားဒေသအတွင်း စစ်ရေးအခြေအနေတင်းမာလာသဖြင့် ပိတ်ထားခဲ့ခြင်းဖြစ်သည်။

သတင်း - ချယ်ရီထိုက်
ဓာတ်ပုံ - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~