၂၀၁၇ခုနှစ် ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် တာချီလိတ်ခရိုင်အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူး ကျင်းပပြုလုပ်မည့် မြန်မာ့ရိုးရာ ၀တ်စားဆင်ယင် ထုံးဖွဲ့မှုပြိုင်ပွဲအား ၂၀၁၇ခုနှစ် ဇွန်လ(၃၀)ရက်နေ့၊ ည(၆)နာရီအချိန်တွင် တာချီလိတ်မြို့ အောင်မြတ်ခန်းမ၌ ကျင်းပပြုလုပ်မှာ ဖြစ်သည့်အတွက် သတ်မှတ်ထားသည့် အမျိုးသမီးငယ်များအနေဖြင့် စာရင်းများကို ဇွန်လ(၈)ရက်နေ့မှစ၍ ဇွန်လ(၂၀)ရက်နေ့အထိ နောက်ဆုံးထားကာ စာရင်းပေးသွင်းနိုင်မှာ ဖြစ်ကြောင်း သိရသည်။
ဆက်သွယ်စာရင်းပေးရန်
အဆိုပါ ပြိုင်ပွဲတွင် အသက်(၁၆)နှစ်အထက် ကျောင်းသူများလည်း ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန်အတွက် အသက်(၁၆)နှစ်မှ (၂၅)နှစ်အတွင်း သတ်မှတ်ထားကြောင်း သိရသည်။
အသက်(၁၆)နှစ်မှ (၂၅)နှစ်အတွင်း ပြိုင်ပွဲသတ်မှတ်ချက်
- မိဘအုပ်ထိန်းသူမှ ခွင့်ပြုထားသူဖြစ်ရမည်။
- အရပ်အမြင့် အနည်းဆုံး (၅)ပေ(၂)လက်မ ရှိရမည်။
- အိမ်ထောင်မရှိဖူးသူ(အပျို)ဖြစ်ရမည်။
- ကျန်းမာသန်စွမ်းသူ ဖြစ်မည်။
ဆက်သွယ်စာရင်းပေးရန်
ခရိုင်အမျိုးသမီးရေးရာရုံး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်းအတွင်း၊ တာချီလိတ်မြို့။
Myanmar: 095242490 Thai: 0823868446