မိုင်းယုတွင် ကုန်သွယ်ရေးအတွက် စစ်ဆေးရေး စခန်းထားရှိရန် သွားရောက် ကွင်းဆင်းစစ်ဆေး

မိုင်းယုတွင် ကုန်သွယ်ရေးအတွက် စစ်ဆေးရေး စခန်းထားရှိရန် သွားရောက် ကွင်းဆင်းစစ်ဆေး
ဇှနျ 29, 2017
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် မိုင်းယုမြို့တွင် နယ်စပ် စစ်ဆေးရေးဂိတ် ဆောက်လုပ်မည့် နေရာအား တာဝန်ရှိသူများသည် ဇွန်လ (၂၉) ရက်နေ့တွင် သွားရောက် စစ်ဆေးနေပြီး ပြည်နယ်အစိုးရထံ စစ်ဆေးတွေ့ရှိချက်များကို တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။




မိုင်းယုတံတားမှ တရားဝင် အခွန်ပေးဆောင်စေရေးနှင့် လူဝင် လူထွက် စနစ်တကျဖြစ်စေရေး အတွက် ဇွန်လ (၂၇)ရက်နေ့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးစိုးစိုးဇော်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း ) ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲနိုင်၊ တာချီလိတ်ခရိုင် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် ကော်မတီဝင်များ၊ အကောက်ခွန်ဌာန၊ မယ်ယန်းကုန်သွယ်ရေးစခန်းမှ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် ပြည်တွင်းအခွန်ဦးစီးဌာနမှ တာဝန်ရှိသူများက တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမတွင် တွေ့ဆုံ၍ ဆွေးနွေးခဲ့ကြပြီးနောက် ယခုလို ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။


ဓာတ်ပုံ - ကိုကိုနိုင်


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် မိုင်းယုမြို့တွင် နယ်စပ် စစ်ဆေးရေးဂိတ် ဆောက်လုပ်မည့် နေရာအား တာဝန်ရှိသူများသည် ဇွန်လ (၂၉) ရက်နေ့တွင် သွားရောက် စစ်ဆေးနပြေီး ပြည်နယ်အစိုးရထံ စစ်ဆေးတွေ့ရှိချက်များကို တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

“ကုန်သွယ်ရေးအတွက် ဘယ်နေရာမှာ စစ်ဆေးရေးစခန်းထားမယ်ဆိုတာ စစ်ဆေးပြီး တွေ့ရှိချက်တွေကို ရှမ်းပြည်နယ်အစိုးရကို တင်ပြမှာပါ”ဟု တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက တာချီလိတ် သတင်း အေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲနိုင်၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် တာဝန်ရှိ သူများသည် မိုင်းယုမြို့တွင် နယ်စပ် စစ်ဆေးရေးဂိတ် ဆောက်လုပ်မည့် မြေနေရာ၊ တံတားပေါ်မှ ကုန်စည် ဖြတ်သန်းသွားလာမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဆက်လက်၍ အဆိုပါ အဖွဲ့သည် အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းဆောင်သစ် ဆောက်လုပ် နေမှုများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးပြီး မိုင်းယုမြို့ စုပေါင်းရုံးရှိ ခန်းမတွင် ဌာနဆိုင် ရာများ၊ ရပ်မိ ရပ်ဖများနှင့်တွေ့ဆုံကာ ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများအား စနစ်တကျ ပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေးကြကြောင်း သိရသည်။

မိုင်းယုတံတားမှ တရားဝင် အခွန်ပေးဆောင်စေရေးနှင့် လူဝင် လူထွက် စနစ်တကျဖြစ်စေရေး အတွက် ဇွန်လ (၂၇)ရက်နေ့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးစိုးစိုးဇော်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း ) ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲနိုင်၊ တာချီလိတ်ခရိုင် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် ကော်မတီဝင်များ၊ အကောက်ခွန်ဌာန၊ မယ်ယန်းကုန်သွယ်ရေးစခန်းမှ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် ပြည်တွင်းအခွန်ဦးစီးဌာနမှ တာဝန်ရှိသူများက တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအေဝးခန်းမတွင် တွေ့ဆုံ၍ ဆွေးနွေးခဲ့ကြပြီးနောက် ယခုလို ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။

တရုတ် - မြန်မာနယ်စပ်ရှိ မိုင်းယုတံတားအား ၂၀၁၆ ခုနှစ် အောက်တိုဘာလ (၂၃)ရက်နေ့မှစ၍ မိုင်းလားဒေသ အတွင်း စစ်ရေးအခြေအနေတင်းမာလာသဖြင့် ပိတ်ထားခဲ့ပြီးနောက် ၂၀၁၇ ခုနှစ် ဇွန်လ (၂၆)ရက်နေ့က စတင်ဖွင့်လှစ်ပေးလိုက်ခြင်းဖြစ်သည်။

ဓာတ်ပုံ - ကိုကိုနိုင်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~