ေက်ာက္မဲၿမိဳ႕အဝင္လမ္းဆံုခ်ဲ႕ထြင္ေရးပံုစံ အတည္ျပဳေရး စည္ပင္ႏွင့္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားေဆြးေႏြးေန

ေက်ာက္မဲၿမိဳ႕အဝင္လမ္းဆံုခ်ဲ႕ထြင္ေရးပံုစံ အတည္ျပဳေရး စည္ပင္ႏွင့္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားေဆြးေႏြးေန
ဇွန် 12, 2017
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕တြင္ ျပည္ေထာင္စုလမ္းမႀကီးႏွင့္ ေက်ာက္မဲၿမိဳ႕အဝင္ ပင္လံုလမ္းဆံုအား ခ်ဲ႕ထြင္ရန္ OHC မွ တင္ျပထားသည့္ လမ္းပံုစံႏွစ္ခုအေပၚ ၿမိဳ႕နယ္စည္ပင္သာယာေရး ဌာနႏွင့္ လႊတ္ေတာ္ ကိုယ္စားလွယ္မ်ား ဆံုးျဖတ္ခ်က္ခ်ရန္ ေဆြးေႏြးေနေၾကာင္း သိရသည္။

“အခုက မိုးရာသီလိုလည္းျဖစ္ေနေတာ့ သက္ဆိုင္ရာဌာနေတြ ကိုယ္စားလွယ္ေတြဆီက ခြင့္ျပဳခ်က္ေတြ အတည္ျပဳ ခ်က္ေတြ ရရွိၿပီးတာနဲ႔ လမ္းခ်ဲ႕ထြင္မႈကို စတင္ေတာ့မွာပါ။ အနည္းဆံုးေတာ့ မိုးရာသီအတြင္းမွာ ေျမညွိတာေတြ အကြယ္ျဖစ္ေနတာေတြကို ရွင္းလင္းတာေတြ အရင္လုပ္မယ္။ ရာသီဥတုေကာင္းမြန္ၿပီ ဆိုတာနဲ႔ ကတၱရာခင္းတာမ်ိဳး အေခ်ာထည္ေတြကို တစ္ခါတည္း ဆက္လုပ္သြားမွာျဖစ္ပါတယ္”ဟု လမ္းခ်ဲ႕ထြင္မႈအား အခမဲ့လုပ္ေဆာင္ေပးမည့္ Oriental Highway Co.ltd မွ စီမံကိန္းမန္ေနဂ်ာ ဦးသက္ေဆြက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ျပည္ေထာင္စုလမ္းမႀကီးနယ္နိမိတ္ကိုပါ ေလးလမ္းသြားအက်ယ္အျဖစ္ ခ်ဲ႕ထြင္ကာ ေက်ာက္မဲၿမိဳ႕အဝင္ မုခ္ဦးအား လက္ရိွေနရာမွဖယ္ရွားၿပီး ပင္လံုလမ္းေပၚတြင္ ျပန္လည္တည္ေဆာက္ေပးသြားရန္ လ်ာထားျခင္းျဖစ္ၿပီး လက္ရိွ လမ္းခ်ဲ႕ထြင္မည့္ပံုစံတြင္ လမ္းနံေဘးမွ ရွမ္းအိုးစည္ပံုႏွင့္ ဆုိင္းဘုတ္အား ေရႊ႕ေျပာင္းရမည္ကို လႊတ္ေတာ္ကိုယ္စားလွယ္က ကန္႔ကြက္ထားသျဖင့္ ၎တို႔၏ ဆံုးျဖတ္ခ်က္အား ေစာင့္ဆုိင္းေနျခင္းျဖစ္ေၾကာင္း သိရသည္။

“ၿမိဳ႕ထဲကေန ဟိုင္းေဝးလမ္း(ျပည္ေထာင္စုလမ္း)ေပၚကို ထြက္တဲ့လမ္းဘက္က မ်က္ကြယ္ျဖစ္ေနတဲ့ သစ္ပင္ေတြ ဆိုင္းဘုတ္ေတြ၊ ခံုေတြေပါ့။ အဲဒါေတြကို ကြ်န္ေတာ္တို႔ ပထမဆံုးရွင္းခ်င္တာေပ့ါ။ OHC ကေတာ့ လမ္းတစ္ဖက္ကို (၅၅)ေပစီေလာက္ ခ်ဲ႕ဖို႔ရယ္၊ တစ္ျခားပံုစံတစ္ခုရယ္ စုစုေပါင္း ပံုစံ(၂)မ်ိဳးထုတ္ထားတယ္လို႔သိရတယ္။ အဲဒီ မုခ္ဦးဖက္ကိုထြက္မယ့္ဘက္က ျမင္ကြင္းကြယ္ေနတာေတြကို ရွင္းလိုက္ရင္ရၿပီလို႔ ထင္တယ္။ သူတို႔ ေလးလမ္းသြား ပံုစံလို ျပည္ေထာင္စုလမ္းမႀကီးကေန ပင္လံု လမ္းထဲကို ခ်ဲ႕လာမွာက်ေတာ့ ေပ (၅၀)ေက်ာ္ပဲဆိုေတာ့ လမ္းက အစမွာက်ယ္ၿပီး အဖ်ားရႈးသြားမယ္လို႔ ထင္မိတယ္။ အဲဒီလိုဆိုေတာ့ ကြ်န္ေတာ္ ေျပာတာက ျဖစ္ႏိုင္ရင္ေတာ့ လမ္းဆံုက ႀတိဂံတို႔ သစ္ပင္တုိ႔ကိုပဲ ဖယ္လိုက္ၿပီးေတာ့ အေဟာင္းပံုစံအတိုင္းပဲ ပိုေကာင္းမလားလို႔ေတာ့ အႀကံျပဳထားတာေတာ့ရွိပါတယ္ “ဟု ေက်ာက္မဲမွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းထြန္းဥာဏ္က တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ ေျပာသည္။

ျပည္ေထာင္စုလမ္းမႀကီးမွ ေက်ာက္မဲၿမိဳ႕အဝင္ ပင္လံုလမ္းႏွင့္ ဆံုသည့္ေနရာ၌ လမ္းျမင္ကြင္းကြယ္ေနျခင္း၊ လမ္းအယူအဆလိုအပ္ခ်က္မ်ားရွိေနျခင္းတို႔ေၾကာင့္ ယာဥ္တိုက္မႈမ်ား မၾကာခဏျဖစ္ပြားေနသည့္အတြက္ လမ္းခ်ဲ႕ထြင္ရန္ စီစဥ္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါလမ္းခ်ဲ႕ထြင္ေရးအတြက္ ၿမိဳ႕နယ္စည္ပင္သာယာေရးဦးစီးဌာန၊ ၿမိဳ႕နယ္ စည္ပင္ သာယာေရး ေကာ္မတီ၊ ၿမိဳ႕နယ္လမ္းဦးစီးဌာနႏွင့္ ေက်ာက္မဲမွ ျပည္သူ႔လႊတ္ေတာ္၊ အမ်ိဳးသားလႊတ္ေတာ္၊ ျပည္နယ္ လႊတ္ေတာ္ ကိုယ္စားလွယ္မ်ား ႏွင့္ Oriental Highway Co.ltd တို႔ ညွိႏႈိင္းတိုင္ပင္၍ ၂၀၁၇ ခုႏွစ္ ေမလအတြင္းက လမ္းခ်ဲ႕ထြင္မႈလုပ္ငန္း လုပ္ေဆာင္ႏိုင္ရန္ တိုင္းတာ တြက္ခ်က္မႈမ်ား ျပဳလုပ္ထားၿပီးျဖစ္ေၾကာင္း သိရသည္။

သတင္း - ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့တွင် ပြည်ထောင်စုလမ်းမကြီးနှင့် ကျောက်မဲမြို့အဝင် ပင်လုံလမ်းဆုံအား ချဲ့ထွင်ရန် OHC မှ တင်ပြထားသည့် လမ်းပုံစံနှစ်ခုအပေါ် မြို့နယ်စည်ပင်သာယာရေး ဌာနနှင့် လွှတ်တော် ကိုယ်စားလှယ်များ ဆုံးဖြတ်ချက်ချရန် ဆွေးနွေးနေကြောင်း သိရသည်။

“အခုက မိုးရာသီလိုလည်းဖြစ်နေတော့ သက်ဆိုင်ရာဌာနတွေ ကိုယ်စားလှယ်တွေဆီက ခွင့်ပြုချက်တွေ အတည်ပြု ချက်တွေ ရရှိပြီးတာနဲ့ လမ်းချဲ့ထွင်မှုကို စတင်တော့မှာပါ။ အနည်းဆုံးတော့ မိုးရာသီအတွင်းမှာ မြေညှိတာတွေ အကွယ်ဖြစ်နေတာတွေကို ရှင်းလင်းတာတွေ အရင်လုပ်မယ်။ ရာသီဥတုကောင်းမွန်ပြီ ဆိုတာနဲ့ ကတ္တရာခင်းတာမျိုး အချောထည်တွေကို တစ်ခါတည်း ဆက်လုပ်သွားမှာဖြစ်ပါတယ်”ဟု လမ်းချဲ့ထွင်မှုအား အခမဲ့လုပ်ဆောင်ပေးမည့် Oriental Highway Co.ltd မှ စီမံကိန်းမန်နေဂျာ ဦးသက်ဆွေက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပြည်ထောင်စုလမ်းမကြီးနယ်နိမိတ်ကိုပါ လေးလမ်းသွားအကျယ်အဖြစ် ချဲ့ထွင်ကာ ကျောက်မဲမြို့အဝင် မုခ်ဦးအား လက်ရှိနေရာမှဖယ်ရှားပြီး ပင်လုံလမ်းပေါ်တွင် ပြန်လည်တည်ဆောက်ပေးသွားရန် လျာထားခြင်းဖြစ်ပြီး လက်ရှိ လမ်းချဲ့ထွင်မည့်ပုံစံတွင် လမ်းနံဘေးမှ ရှမ်းအိုးစည်ပုံနှင့် ဆိုင်းဘုတ်အား ရွှေ့ပြောင်းရမည်ကို လွှတ်တော်ကိုယ်စားလှယ်က ကန့်ကွက်ထားသဖြင့်၎င်းတို့၏ ဆုံးဖြတ်ချက်အား စောင့်ဆိုင်းနခြေင်းဖြစ်ကြောင်း သိရသည်။

“မြို့ထဲကနေ ဟိုင်းဝေးလမ်း(ပြည်ထောင်စုလမ်း)ပေါ်ကို ထွက်တဲ့လမ်းဘက်က မျက်ကွယ်ဖြစ်နေတဲ့ သစ်ပင်တွေ ဆိုင်းဘုတ်တွေ၊ ခုံတွေပေါ့။ အဲဒါတွေကို ကျွန်တော်တို့ ပထမဆုံးရှင်းချင်တာပေါ့။ OHC ကတော့ လမ်းတစ်ဖက်ကို (၅၅)ပေစီလောက် ချဲ့ဖို့ရယ်၊ တစ်ခြားပုံစံတစ်ခုရယ် စုစုပေါင်း ပုံစံ(၂)မျိုးထုတ်ထားတယ်လို့သိရတယ်။ အဲဒီ မုခ်ဦးဖက်ကိုထွက်မယ့်ဘက်က မြင်ကွင်းကွယ်နေတာတွေကို ရှင်းလိုက်ရင်ရပြီလို့ ထင်တယ်။ သူတို့ လေးလမ်းသွား ပုံစံလို ပြည်ထောင်စုလမ်းမကြီးကနေ ပင်လုံ လမ်းထဲကို ချဲ့လာမှာကျတော့ ပေ (၅၀)ကျော်ပဲဆိုတော့ လမ်းက အစမှာကျယ်ပြီး အဖျားရှုးသွားမယ်လို့ ထင်မိတယ်။ အဲဒီလိုဆိုတော့ ကျွန်တော် ပြောတာက ဖြစ်နိုင်ရင်တော့ လမ်းဆုံက တြိဂံတို့ သစ်ပင်တို့ကိုပဲ ဖယ်လိုက်ပြီးတော့ အဟောင်းပုံစံအတိုင်းပဲ ပိုကောင်းမလားလို့တော့ အကြံပြုထားတာတော့ရှိပါတယ် “ဟု ကျောက်မဲမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပြည်ထောင်စုလမ်းမကြီးမှ ကျောက်မဲမြို့အဝင် ပင်လုံလမ်းနှင့် ဆုံသည့်နေရာ၌ လမ်းမြင်ကွင်းကွယ်နခြေင်း၊ လမ်းအယူအဆလိုအပ်ချက်များရှိနခြေင်းတို့ကြောင့် ယာဉ်တိုက်မှုများ မကြာခဏဖြစ်ပွားနေသည့်အတွက် လမ်းချဲ့ထွင်ရန် စီစဉ်နခြေင်းဖြစ်ကြောင်း သိရသည်။

အဆိုပါလမ်းချဲ့ထွင်ရေးအတွက် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ မြို့နယ် စည်ပင် သာယာရေး ကော်မတီ၊ မြို့နယ်လမ်းဦးစီးဌာနနှင့် ကျောက်မဲမှ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များ နှင့် Oriental Highway Co.ltd တို့ ညှိနှိုင်းတိုင်ပင်၍ ၂၀၁၇ ခုနှစ် မေလအတွင်းက လမ်းချဲ့ထွင်မှုလုပ်ငန်း လုပ်ဆောင်နိုင်ရန် တိုင်းတာ တွက်ချက်မှုများ ပြုလုပ်ထားပြီးဖြစ်ကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~