မေကြးတိုင္းအတြင္းမွ ဘိုးဘြားသံုးေထာင္ေက်ာ္၏ လူမႈေရးပင္စင္မ်ားအား ရပ္/ေက်းအုပ္ခ်ဳပ္ေရးမွတစ္ဆင့္ လိုက္လံေပးအပ္

မေကြးတိုင္းအတြင္းမွ ဘိုးဘြားသံုးေထာင္ေက်ာ္၏ လူမႈေရးပင္စင္မ်ားအား ရပ္/ေက်းအုပ္ခ်ဳပ္ေရးမွတစ္ဆင့္ လိုက္လံေပးအပ္
ဇွန် 22, 2017
By Tachileik News Agency

မေကြးတိုင္းေဒသႀကီးအတြင္းမွ အသက္ (၉၀) ႏွင္႔ (၉၀)အထက္ ဘိုးဘြားသံုးေထာင္ေက်ာ္၏ လူမႈေရးပင္စင္ သံုးလစာကို ရပ္ကြက္/ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးမ်ားမွတစ္ဆင့္ ဇြန္လ (၂၈)ရက္အတြင္း ဘိုးဘြားမ်ားထံ အေရာက္ လုိက္လံေပးအပ္ေနေၾကာင္း လူမႈဝန္ထမ္းဦးစီးဌာနမွ သိရသည္။

ဘိုးဘြားမ်ားအတြက္ ဧၿပီ၊ေမႏွင့္ ဇြန္ (၃) လစာ လူမႈေရးပင္စင္မ်ားအား သက္ဆိုင္ရာၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴးမ်ားက ေပးထားသည့္ စာရင္းအတုိင္း ရပ္ကြက္၊ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးမ်ားက ဇြန္(၁၆)ရက္ေန႔မွ (၂၈)ရက္အတြင္း ဘိုးဘြားမ်ား လက္ေရာက္ေပးပို႔ရန္ ညႊန္ၾကားထားျခင္းျဖစ္ေၾကာင္း မေကြးတိုင္းေဒသႀကီး လူမႈဝန္ထမ္းဦးစီးဌာနမွ သိရသည္။

“မေကြးတိုင္းေဒသႀကီးအတြင္း ၂၀၁၇ ဇြန္လကုန္အထိ ေကာက္ယူထားတာ အသက္ (၉၀) ႏွင့္ (၉၀) အထက္ ဘိုးဘြားဦးေရ (၃၂၈၈) ဦး ႐ွိေနတယ္။ သုံးလစာအတြက္ ေထာက္ပံ႔ေငြ သံုးေသာင္းက်ပ္စီကို အဘိုးအဘြားေတြရဲ႕လက္ထဲအေရာက္ ေထာက္ပ့ံေပးရမွာ ျဖစ္ပါတယ္”ဟု လူမႈဝန္ထမ္းဦးစီးဌာနမွ မေကြးတိုင္းေဒသႀကီးညႊန္ၾကားေရးမွဴး ေဒၚခင္ႏြဲ႔က ေျပာသည္။

မေကြးတိုင္းေဒသႀကီးအတြင္း ၂၀၁၇ ခုႏွစ္ ဧၿပီလမွ ဇြန္လအထိ ေကာက္ခံရရိွသည့္ စာရင္းမ်ားအရ အသက္ (၉၀) ႏွင့္ (၉၀)အထက္ ဘိုးဘြားဦးေရမွာ မေကြးခရိုင္တြင္ (၉၈၂)ဦး၊ ပခုကၠဴခရိုင္တြင္(၈၃၄)ဦး၊ ဂန္႔ေဂါခရိုင္တြင္ (၂၅၄)ဦး၊ မင္းဘူးခ႐ိုင္တြင္ (၅၁၀)ဦးႏွင္႔ သရက္ခရိုင္တြင္ (၇၀၈)ဦး စုစုေပါင္း(၃၂၈၈) ဦး ႐ွိေၾကာင္း သိရသည္။

လူမႈဝန္ထမ္းဦးစီးဌာနအေနျဖင့္ လူမႈကာကြယ္ေစာင့္ေရွာက္ေရး အမ်ိဳးသားအဆင့္ မဟာဗ်ဴဟာအရ အသက္ႀကီး အဘိုးအဘြားမ်ားကို လူမႈေရးပင္စင္အျဖစ္ တစ္လလွ်င္ က်ပ္တစ္ေသာင္းႏႈန္း ေထာက္ပ့ံေနသည့္ အျပင္ ကိုယ္ဝန္ေဆာင္ မိခင္မ်ားႏွင့္ အသက္(၂) ႏွစ္ေအာက္ ကေလးငယ္မ်ားကိုလည္း ေထာက္ပ့ံေပးမည့္ အစီအစဥ္မ်ားလည္းရွိေၾကာင္း သိရသည္။

သတင္း - ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီးအတွင်းမှ အသက် (၉၀) နှင့် (၉၀)အထက် ဘိုးဘွားသုံးထောင်ကျော်၏ လူမှုရေးပင်စင် သုံးလစာကို ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ဇွန်လ (၂၈)ရက်အတွင်း ဘိုးဘွားများထံ အရောက် လိုက်လံပေးအပ်နေကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။

ဘိုးဘွားများအတွက် ဧပြီ၊မေနှင့် ဇွန် (၃) လစာ လူမှုရေးပင်စင်များအား သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူးများက ပေးထားသည့် စာရင်းအတိုင်း ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများက ဇွန်(၁၆)ရက်နေ့မှ (၂၈)ရက်အတွင်း ဘိုးဘွားများ လက်ရောက်ပေးပို့ရန် ညွှန်ကြားထားခြင်းဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။

“မကွေးတိုင်းဒေသကြီးအတွင်း ၂၀၁၇ ဇွန်လကုန်အထိ ကောက်ယူထားတာ အသက် (၉၀) နှင့် (၉၀) အထက် ဘိုးဘွားဦးရေ (၃၂၈၈) ဦး ရှိနေတယ်။ သုံးလစာအတွက် ထောက်ပံ့ငွေ သုံးသောင်းကျပ်စီကို အဘိုးအဘွားတွေရဲ့လက်ထဲအရောက် ထောက်ပံ့ပေးရမှာ ဖြစ်ပါတယ်”ဟု လူမှုဝန်ထမ်းဦးစီးဌာနမှ မကွေးတိုင်းဒေသကြီးညွှန်ကြားရေးမှူး ဒေါ်ခင်နွဲ့က ပြောသည်။

မကွေးတိုင်းဒေသကြီးအတွင်း ၂၀၁၇ ခုနှစ် ဧပြီလမှ ဇွန်လအထိ ကောက်ခံရရှိသည့် စာရင်းများအရ အသက် (၉၀) နှင့် (၉၀)အထက် ဘိုးဘွားဦးရေမှာ မကွေးခရိုင်တွင် (၉၈၂)ဦး၊ ပခုက္ကူခရိုင်တွင်(၈၃၄)ဦး၊ ဂန့်ဂေါခရိုင်တွင် (၂၅၄)ဦး၊ မင်းဘူးခရိုင်တွင် (၅၁၀)ဦးနှင့် သရက်ခရိုင်တွင် (၇၀၈)ဦး စုစုပေါင်း(၃၂၈၈) ဦး ရှိကြောင်း သိရသည်။

လူမှုဝန်ထမ်းဦးစီးဌာနအနဖြေင့် လူမှုကာကွယ်စောင့်ရှောက်ရေး အမျိုးသားအဆင့် မဟာဗျူဟာအရ အသက်ကြီး အဘိုးအဘွားများကို လူမှုရေးပင်စင်အဖြစ် တစ်လလျှင် ကျပ်တစ်သောင်းနှုန်း ထောက်ပံ့နေသည့် အပြင် ကိုယ်ဝန်ဆောင် မိခင်များနှင့် အသက်(၂) နှစ်အောက် ကလေးငယ်များကိုလည်း ထောက်ပံ့ပေးမည့် အစီအစဉ်များလည်းရှိကြောင်း သိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~