မိုးသည္းထန္၍ မိုင္းပ်ဥ္း - က်ိဳင္းတံုလမ္းပိုင္း ေရတိုက္စားခံရမႈအား ျပဳျပင္ေန

မိုးသည္းထန္၍ မိုင္းပ်ဥ္း - က်ိဳင္းတံုလမ္းပိုင္း ေရတိုက္စားခံရမႈအား ျပဳျပင္ေန
ဇွန် 30, 2017
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ မိုင္းပ်ဥ္းၿမိဳ႕နယ္ရိွ မိုင္းပ်ဥ္း - က်ိဳင္းတုံ ျပည္ေထာင္စုလမ္းမႀကီး မိုင္တိုင္အမွတ္ (၅၃၁)ကီလိုမီတာ အနီးတြင္ ဇြန္လ (၂၉)ရက္ေန႔ညက မိုးသည္းထန္စြာရြာသြန္းခဲ့သျဖင့္ လမ္းမႀကီး ေရတိုက္စား ခံရသျဖင့္ ဇြန္လ(၃၀)ရက္ေန႔ နံနက္ပိုင္းတြင္ တာ၀န္ရွိသူမ်ားက ကြင္းဆင္း စစ္ေဆးေနေၾကာင္း သိရသည္။

အဆိုပါ လမ္းပိုင္းတြင္ လမ္းခ်ဲ႕ရန္ ေျမဖို႔ထားမႈမ်ားေၾကာင့္ ေရစီးေၾကာင္း လြဲေျပာင္းကာ လမ္းမႀကီး ေရတိုက္စားခံရျခင္း ျဖစ္သျဖင့္ ကြင္းဆင္း စစ္ေဆးေနသည့္ မိုင္းပ်ဥ္းၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးဆန္းထြန္းနွင့္ လမ္းအထူး(၃) အဖြဲ႔မွ ဦးစီးအရာရိွ(ၿမိဳ႕ျပ) ဦးသန္းလြင္တို႔က ကားလမ္းမႀကီး ထပ္မံ ေရတိုက္စားခံရမႈ မျဖစ္ေစရန္အတြက္ လမ္းကတုတ္ရိုက္ျခင္းနွင္႔ ေရလမ္းေၾကာင္းလႊဲျခင္းတို႔အား စီမံ ေဆာင္ရြက္ လ်က္ရိွေၾကာင္း သိရသည္။

လမ္းမႀကီး ေရတိုက္စားခံရေသာ္လည္း လမ္းပန္းဆက္သြယ္ေရး ျပတ္ေတာက္မႈ မရိွေၾကာင္း သိရသည္။

သတင္း - ဇြဲျမတ္
ဓာတ္ပံု - မိုင္းပ်ဥ္း ေထြ/အုပ္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းပျဉ်းမြို့နယ်ရှိ မိုင်းပျဉ်း - ကျိုင်းတုံ ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် (၅၃၁)ကီလိုမီတာ အနီးတွင် ဇွန်လ (၂၉)ရက်နေ့ညက မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် လမ်းမကြီး ရေတိုက်စား ခံရသဖြင့် ဇွန်လ(၃၀)ရက်နေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးနေကြောင်း သိရသည်။

အဆိုပါ လမ်းပိုင်းတွင် လမ်းချဲ့ရန် မြေဖို့ထားမှုများကြောင့် ရေစီးကြောင်း လွဲပြောင်းကာ လမ်းမကြီး ရေတိုက်စားခံရခြင်း ဖြစ်သဖြင့် ကွင်းဆင်း စစ်ဆေးနေသည့် မိုင်းပျဉ်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းနှင့် လမ်းအထူး(၃) အဖွဲ့မှ ဦးစီးအရာရှိ(မြို့ပြ) ဦးသန်းလွင်တို့က ကားလမ်းမကြီး ထပ်မံ ရေတိုက်စားခံရမှု မဖြစ်စေရန်အတွက် လမ်းကတုတ်ရိုက်ခြင်းနှင့် ရေလမ်းကြောင်းလွှဲခြင်းတို့အား စီမံ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

လမ်းမကြီး ရေတိုက်စားခံရသော်လည်း လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှု မရှိကြောင်း သိရသည်။

သတင်း - ဇွဲမြတ်
ဓာတ်ပုံ - မိုင်းပျဉ်း ထွေ/အုပ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~