ရွမ္း/အေရွ႕မွ ေဆးဝါးအေရာင္းဆိုင္မ်ား လိုင္စင္လုပ္ရန္ႏွင့္ တရားမဝင္ ေဆးဝါးေရာင္းခ်ျခင္းမ်ား မျပဳရန္ ပညာေပးေဟာေျပာ

ရွမ္း/အေရွ႕မွ ေဆးဝါးအေရာင္းဆိုင္မ်ား လိုင္စင္လုပ္ရန္ႏွင့္ တရားမဝင္ ေဆးဝါးေရာင္းခ်ျခင္းမ်ား မျပဳရန္ ပညာေပးေဟာေျပာ
ဇွန် 27, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)မွ ေဆးဝါးအေရာင္းဆုိိင္မ်ား လုိင္စင္လုပ္ေဆာင္ရန္ႏွင့္ တရားမဝင္ေဆးဝါးမ်ား ေရာင္းခ်ျခင္း မရိွေစရန္ ပညာေပး ေဟာေျပာျခင္းကို ဇြန္လ (၂၇)ရက္ေန႔တြင္ ခရိုင္အစားအေသာက္ႏွင့္ ေဆး၀ါးကြပ္ကဲေရးဦးစီးဌာန၊ PSI/MYANMARတို ့က က်ိဳင္းတုံၿမိဳ႕ စိန္ပန္းနီနီ စားေသာက္ဆုိင္၌ က်င္းပေၾကာင္း သိရသည္။

"ေဆးဆိုင္ေတြမွာ အဓိကက တားျမစ္ထားတဲ့ေဆးေတြ၊ စပ္ေဆးေတြ၊ တရားမ၀င္ေဆးေတြ မေရာင္းေအာင္ ေနာက္ၿပီးေတာ့ ေဆးဆိုင္ေတြအေနနဲ ့ ေဆးဆိုင္ေရာင္းခ်ခြင့္ လိုင္စင္မရိွတဲ့လူေတြကို လိုင္စင္လုပ္ဖို ့အတြက္ ကၽြန္ေတာ္တို ့ ဌာနအေနနဲ ့ အသိပညာေပးတာျဖစ္ပါတယ္"ဟု က်ိဳင္းတုံခရိုင္ အစားအေသာက္ႏွင့္ ေဆး၀ါးကြပ္ကဲေရးဦးစီးဌာနမွ ခရိုင္ဦးစီးမွဴး ေဒါက္တာေတဇာ၀င္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

လက္ရိ္ွတြင္ က်ိဳင္းတုံၿမိဳ႕ရိွ လိုင္စင္ရေဆးဆိုင္အေရအတြက္ကို ခရိုင္ အစားအေသာက္ႏွင့္ ေဆး၀ါးကြပ္ကဲေရးဦးစီးဌာနမွ စာရင္းေကာက္ေနၿပီး လိုင္စင္မရိွသည့္ဆုိင္မ်ားအား သတိေပး သြားမည္ျဖစ္ေၾကာင္း သိရသည္။

"ေလာေလာဆယ္အခ်ိန္ထိ ကၽြန္ေတာ္တို ့ဌာနက ဦးေဆာင္ၿပီးေတာ့ ေဆးဆိုင္ေတြကို ကြင္းဆင္း စစ္ေဆးတာ မရိွေသးပါဘူး။ တျခားဌာနနဲ ့ ပူးေပါင္းၿပီးေတာ့ ကြင္းဆင္း စစ္ေဆးတာကို တစ္ခါေတာ့ လုပ္ခဲ့ပါတယ္။ အဲဒီတုန္းကေတာ့ သက္တမ္းလြန္ေနတဲ့ ေဆးေတြကို ေစ်းကြက္ထဲ ရိွ/မရိွ အဓိကထားၿပီး စစ္ခဲ့တာပါ။ ဒါေပမဲ့ ျပႆနာက ဘာလည္းဆိုေတာ့ ကၽြန္ေတာ္တို ့ လာစစ္တယ္ဆိုတဲ့ သတင္းကျပန္႔ သြားတယ္။ အဲဒီေတာ့ စစ္ၿပီဆိုရင္ ေပ်ာက္သြားတယ္။ ေနာက္ပိုင္း သိပ္မၾကာခင္မွာလည္း ကၽြန္ေတာ္တို ့ ဌာနအေနနဲ ့ ေဆးဆိုင္ေတြကို ကြင္းဆင္းစစ္ေဆးဖို ့ ရိွပါတယ္။ လိုင္စင္မရိွေသးတဲ့လူေတြကို လိုင္စင္ လုပ္ဖို ့ တိုက္တြန္းမယ္။ စစ္ေဆးတဲ့အခ်ိန္မွာ အကယ္၍ တားျမစ္ထားတာေတြကိုေတြ႕ရင္ ပညာေပးတာေတြ အရင္လုပ္မွာ ျဖစ္ၿပီးေတာ့ ေနာက္ပိုင္းမွ အေရးယူတာေတြ လုပ္မယ္။ စပ္ေဆးေတြ ေရာင္းေနတာေတြ ့ရင္လည္း သိမ္းဆည္းတာေတြ လုပ္သြားမွာပါ"ဟု ၎က ေျပာသည္။

အဆိုပါ အခမ္းအနားတြင္ ေဆး၀ါးေရာင္းခ်ျခင္းႏွင့္ ေဆး၀ါးႀကီးၾကပ္ကြပ္ကဲမႈဆိုင္ရာ ကိစၥရပ္မ်ားကို က်ိဳင္းတုံခရိုင္ အစားအေသာက္ႏွင့္ ေဆး၀ါးကြပ္ကဲေရးဦးစီးဌာနမွ ခရိုင္ဦးစီးမွဴး ေဒါက္တာေတဇာ၀င္းက ရွင္းလင္းၿပီး PSI/MYANMAR ၏ ရွမ္းျပည္နယ္ (အေရွ ့ပိုင္း)တာ၀န္ခံရုံး မန္ေနဂ်ာ ေဒါက္တာ စိုင္းထြန္းလင္းက ငွက္ဖ်ားေရာဂါေဆးယဥ္ပါးမႈ ပေပ်ာက္ေရးအတြက္ က်န္းမာေရးဝန္ႀကီးဌာနႏွင့္ ပူးေပါင္းေဆာင္ရြက္ေနသည့္ ပဒုမၼာအမွတ္တံဆိပ္ ငွက္ဖ်ားေဆးေပါင္းျဖန္႕ျဖဴးျခင္းအေၾကာင္းကို ရွင္းလင္းသည္။

"ငွက္ဖ်ားေရာဂါနဲ ့ ပတ္သက္ၿပီး ေဆးယဥ္ပါးမႈေတြက စပ္ေဆးေတြေသာက္တာေၾကာင့္နဲ ့ ေဆးပတ္လည္ေအာင္ မေသာက္ၾကတဲ့အတြက္ ျဖစ္ေနရတာပါ။ ဒါေၾကာင့္ ကၽြန္ေတာ္တို ့ ႏိုင္ငံက က်န္းမာေရး ဦးစီးဌာနရဲ ့ လမ္းညႊန္ခ်က္ေတြနဲ ့ ကုတယ္ဆိုေပမယ့္ ျမန္မာႏိုင္ငံအေနအထားအရ ျပည္သူေတြက ဖ်ားၿပီဆိုရင္ (၁၀)ေယာက္မွာ (၆)ေယာက္က ကိုယ့္ဖာသာကိုယ္ ေဆး၀ယ္ေသာက္တဲ့ အေလ့အထက ရိွေနေတာ့ က်န္းမာေရး၀န္ႀကီးဌာနက ပုံမွန္သြားေနသလို ေဆးဆိုင္ေတြနဲ ့ ပူးေပါင္း လုပ္တဲ့ပံုစံကို အေကာင္အထည္ေဖာ္ၿပီးေတာ့ ေဆးဆိုင္ေတြမွာ ပဒုမၼာအမွတ္တံဆိပ္ပါတဲ့ ေဆးေပါင္းကို ေရာင္းခ်ေပးၿပီးေတာ့ ေဆးယဥ္ပါးမႈ ျပႆနာကို ေလ်ာ့က်ေအာင္ ေဆာင္ရြက္ေနတာျဖစ္ပါတယ္"ဟု PSI/MYANMAR မွ ရွမ္းျပည္နယ္ (အေရွ ့ပိုင္း)တာ၀န္ခံရုံး မန္ေနဂ်ာ ေဒါက္တာ စိုင္းထြန္းလင္းက ေျပာသည္။

အဆို္ပါ ေဆြးေႏြးပြဲသို ့ ရွမ္းျပည္နယ္(အေရွ ့ပိုင္း)ျပည္နယ္ျပည္သူ ့က်န္းမာေရး ဦးစီးဌာနမွဴး ေဒါက္တာေဇာ္လင္း၊ စားသုံးသူေရးရာဦးစီးဌာနမွ ဒုတိယျပည္နယ္ဦးစီးမွဴး ဦးလွစိုးႏွင့္ ခရိုင္ဦးစီးမွဴး ဦးသန္းစိုး၊ ခရိုင္ အစားအေသာက္ႏွင့္ ေဆး၀ါးကြပ္ကဲေရးဦးစီးဌာနမွ ခရိုင္ဦးစီးမွဴး ေဒါက္တာေတဇာ၀င္း၊ PSI/MYANMAR၏ ရွမ္းျပည္နယ္ အေရွ ့ပိုင္း တာ၀န္ခံရုံး မန္ေနဂ်ာ ေဒါက္တာစိုင္းထြန္းလင္းႏွင့္ ဌာနဆိုင္ရာမ်ား က်ိဳင္းတုံ၊ တာခ်ီလိတ္၊ မိုင္းပ်ဥ္း၊ မိုင္းျဖတ္၊ မိုင္းေယာင္းၿမိဳ႕မ်ားမွ ေဆးဆိုင္ပိုင္ရွင္မ်ား စုစုေပါင္း လူဦးေရ (၄၀)ခန္ ့ တက္ေရာက္ၾကေၾကာင္း သိရသည္။

သတင္း / ဓာတ္ပံု - ဇြဲျမတ္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ ဆေးဝါးအရောင်းဆိုင်များ လိုင်စင်လုပ်ဆောင်ရန်နှင့် တရားမဝင်ဆေးဝါးများ ရောင်းချခြင်း မရှိစေရန် ပညာပေး ဟောပြောခြင်းကို ဇွန်လ (၂၇)ရက်နေ့တွင် ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ PSI/MYANMARတို့က ကျိုင်းတုံမြို့ စိန်ပန်းနီနီ စားသောက်ဆိုင်၌ ကျင်းပကြောင်း သိရသည်။

"ဆေးဆိုင်တွေမှာ အဓိကက တားမြစ်ထားတဲ့ဆေးတွေ၊ စပ်ဆေးတွေ၊ တရားမဝင်ဆေးတွေ မရောင်းအောင် နောက်ပြီးတော့ ဆေးဆိုင်တွေအနေနဲ့ ဆေးဆိုင်ရောင်းချခွင့် လိုင်စင်မရှိတဲ့လူတွေကို လိုင်စင်လုပ်ဖို့အတွက် ကျွန်တော်တို့ ဌာနအနေနဲ့ အသိပညာပေးတာဖြစ်ပါတယ်"ဟု ကျိုင်းတုံခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာတေဇာဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လက်ရှိ်တွင် ကျိုင်းတုံမြို့ရှိ လိုင်စင်ရဆေးဆိုင်အရေအတွက်ကို ခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ စာရင်းကောက်နပြေီး လိုင်စင်မရှိသည့်ဆိုင်များအား သတိပေး သွားမည်ဖြစ်ကြောင်း သိရသည်။

"လောလောဆယ်အချိန်ထိ ကျွန်တော်တို့ဌာနက ဦးဆောင်ပြီးတော့ ဆေးဆိုင်တွေကို ကွင်းဆင်း စစ်ဆေးတာ မရှိသေးပါဘူး။ တခြားဌာနနဲ့ ပူးပေါင်းပြီးတော့ ကွင်းဆင်း စစ်ဆေးတာကို တစ်ခါတော့ လုပ်ခဲ့ပါတယ်။ အဲဒီတုန်းကတော့ သက်တမ်းလွန်နေတဲ့ ဆေးတွေကို ဈေးကွက်ထဲ ရှိ/မရှိ အဓိကထားပြီး စစ်ခဲ့တာပါ။ ဒါပေမဲ့ ပြဿနာက ဘာလည်းဆိုတော့ ကျွန်တော်တို့ လာစစ်တယ်ဆိုတဲ့ သတင်းကပြန့် သွားတယ်။ အဲဒီတော့ စစ်ပြီဆိုရင် ပျောက်သွားတယ်။ နောက်ပိုင်း သိပ်မကြာခင်မှာလည်း ကျွန်တော်တို့ ဌာနအနေနဲ့ ဆေးဆိုင်တွေကို ကွင်းဆင်းစစ်ဆေးဖို့ ရှိပါတယ်။ လိုင်စင်မရှိသေးတဲ့လူတွေကို လိုင်စင် လုပ်ဖို့ တိုက်တွန်းမယ်။ စစ်ဆေးတဲ့အချိန်မှာ အကယ်၍ တားမြစ်ထားတာတွေကိုတွေ့ရင် ပညာပေးတာတွေ အရင်လုပ်မှာ ဖြစ်ပြီးတော့ နောက်ပိုင်းမှ အရေးယူတာတွေ လုပ်မယ်။ စပ်ဆေးတွေ ရောင်းနေတာတွေ့ရင်လည်း သိမ်းဆည်းတာတွေ လုပ်သွားမှာပါ"ဟု၎င်းက ပြောသည်။

အဆိုပါ အခမ်းအနားတွင် ဆေးဝါးရောင်းချခြင်းနှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲမှုဆိုင်ရာ ကိစ္စရပ်များကို ကျိုင်းတုံခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာတေဇာဝင်းက ရှင်းလင်းပြီး PSI/MYANMAR၏ ရှမ်းပြည်နယ် (အရှေ့ပိုင်း)တာဝန်ခံရုံး မန်နေဂျာ ဒေါက်တာ စိုင်းထွန်းလင်းက ငှက်ဖျားရောဂါဆေးယဉ်ပါးမှု ပပျောက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေသည့် ပဒုမ္မာအမှတ်တံဆိပ် ငှက်ဖျားဆေးပေါင်းဖြန့်ဖြူးခြင်းအကြောင်းကို ရှင်းလင်းသည်။

"ငှက်ဖျားရောဂါနဲ့ ပတ်သက်ပြီး ဆေးယဉ်ပါးမှုတွေက စပ်ဆေးတွေသောက်တာကြောင့်နဲ့ ဆေးပတ်လည်အောင် မသောက်ကြတဲ့အတွက် ဖြစ်နေရတာပါ။ ဒါကြောင့် ကျွန်တော်တို့ နိုင်ငံက ကျန်းမာရေး ဦးစီးဌာနရဲ့ လမ်းညွှန်ချက်တွေနဲ့ ကုတယ်ဆိုပေမယ့် မြန်မာနိုင်ငံအနေအထားအရ ပြည်သူတွေက ဖျားပြီဆိုရင် (၁၀)ယောက်မှာ (၆)ယောက်က ကိုယ့်ဖာသာကိုယ် ဆေးဝယ်သောက်တဲ့ အလေ့အထက ရှိနေတော့ ကျန်းမာရေးဝန်ကြီးဌာနက ပုံမှန်သွားနေသလို ဆေးဆိုင်တွေနဲ့ ပူးပေါင်း လုပ်တဲ့ပုံစံကို အကောင်အထည်ဖော်ပြီးတော့ ဆေးဆိုင်တွေမှာ ပဒုမ္မာအမှတ်တံဆိပ်ပါတဲ့ ဆေးပေါင်းကို ရောင်းချပေးပြီးတော့ ဆေးယဉ်ပါးမှု ပြဿနာကို လျော့ကျအောင် ဆောင်ရွက်နေတာဖြစ်ပါတယ်"ဟု PSI/MYANMAR မှ ရှမ်းပြည်နယ် (အရှေ့ပိုင်း)တာဝန်ခံရုံး မန်နေဂျာ ဒေါက်တာ စိုင်းထွန်းလင်းက ပြောသည်။

အဆို်ပါ ဆွေးနွေးပွဲသို့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဇော်လင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးလှစိုးနှင့် ခရိုင်ဦးစီးမှူး ဦးသန်းစိုး၊ ခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာတေဇာဝင်း၊ PSI/MYANMAR၏ ရှမ်းပြည်နယ် အရှေ့ပိုင်း တာဝန်ခံရုံး မန်နေဂျာ ဒေါက်တာစိုင်းထွန်းလင်းနှင့် ဌာနဆိုင်ရာများ ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းပျဉ်း၊ မိုင်းဖြတ်၊ မိုင်းယောင်းမြို့များမှ ဆေးဆိုင်ပိုင်ရှင်များ စုစုပေါင်း လူဦးရေ (၄၀)ခန့် တက်ရောက်ကြကြောင်း သိရသည်။

သတင်း / ဓာတ်ပုံ - ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~