မင္းဘူး-တေညာင္ ကားလမ္းခ်ဲ႕ရန္ သစ္ပင္ ၅၀၀ ေက်ာ္ခုတ္လွဲမည္ကို သစ္ေတာဦးစီးဌာန ကန္႔ကြက္ထား

မင္းဘူး-တေညာင္ ကားလမ္းခ်ဲ႕ရန္ သစ္ပင္ ၅၀၀ ေက်ာ္ခုတ္လွဲမည္ကို သစ္ေတာဦးစီးဌာန ကန္႔ကြက္ထား
ဇွန် 17, 2017
By Tachileik News Agency

မေကြးတုိင္းေဒသႀကီး မင္းဘူး - ပြင့္ျဖဴ - စလင္း - တေညာင္ကားလမ္းခ်ဲ႕ရန္အတြက္ သစ္ပင္ေပါင္း(၅၀၀)ေက်ာ္ ခုတ္လွဲမည္ကို တိုင္းေဒသႀကီး သစ္ေတာဦးစီးဌာနမွ ဟန္႔တားထားသျဖင့္ သစ္ပင္မ်ား ခုတ္လွဲေနမႈမ်ားအား ဇြန္လ (၁၄)ရက္ေန႔မွစ၍ ရပ္ဆိုင္းထားေၾကာင္း မေကြးတိုင္းေဒသႀကီး လမ္းဦးစီးဌာနမွ သိရသည္။

“သစ္ပင္ခုတ္လွဲေနမႈကို ေခတၱရပ္ဆိုင္းထားဖို႔ တိုင္းသစ္ေတာဦးစီးဌာနက ညႊန္ၾကားလာတဲ႔အတြက္ ေကာင္းမြန္ေဆာက္လုပ္ေရးကုမၸဏီကို အသိေပးအေၾကာင္းၾကားထားပါတယ္”ဟု မေကြးတိုင္းေဒသႀကီး လမ္းဦးစီးဌာန ဦးစီးအရာရိွက ေျပာၾကားသည္။

မင္းဘူး - ပြင့္ျဖဴ - စလင္း - တေညာင္ ကားလမ္းခ်ဲ႕ရန္အတြက္ မေကြး-မင္းဘူး- ပြင့္ျဖဴအထိ (၂၉)မိုင္ အား ၂၀၁၃ ခုႏွစ္မွ စတင္၍ ႏွစ္(၄၀) BOTစနစ္ျဖင့္ မေကြးၿမိဳ႕မွ ေကာင္းမြန္ေဆာက္လုပ္ေရး ကုမၸဏီမွ လုပ္ကုိင္ခြင့္ ရရွိထားခဲ႔ျခင္းျဖစ္ေၾကာင္း သိရသည္။

“လမ္းဦးစီးရယ္၊ သစ္ေတာရယ္၊ ကၽြန္ေတာ္တို႔ကုမၸဏီရယ္ လမ္းအက်ယ္ ၃၄ ေပအတြင္းမွာရိွတဲ႔ အပင္ေတြ လိုက္တိုင္းၿပီး ခုတ္ဖုိ႔ အစိုးရအဖဲြ႔ကိုတင္ျပခဲ႔တာမွာ လမ္းဦးစီး၊ သစ္ေတာအဖဲြ႔ေတြနဲ႔ ညိွႏိွဳင္းၿပီး အပင္ေပါင္း (၅၀၀) ေက်ာ္ကို ခုတ္ပါဆိုၿပီး ျပန္ခ်ေပးလို႔ ယာဥ္နဲ႔မလြတ္တဲ႔ အပင္ (၃၀) ေလာက္ခုတ္အၿပီးမွာ သစ္ေတာ ဦးစီးဌာနက ေခတၱရပ္ထားဖို႔ ညႊန္ၾကားလာတာပါ”ဟု ေကာင္းမြန္(မေကြး)ေဆာက္လုပ္ေရး ကုမၸဏီမွ အင္ဂ်င္နီယာ ဦးတင္ဝင္းက ေျပာသည္။

 အဆိုပါကုမၸဏီက ခုတ္လွဲမည့္သစ္ပင္မ်ားႏွင့္ အပင္မ်ား အစားထိုးျပန္လည္ စိုက္ပ်ိဳးမည့္ အေျခ အေနမ်ားကို မေကြးတိုင္း ေဒသႀကီးအစိုးရအဖြဲ႔ထံသို႔ ၂၀၁၆ ခုႏွစ္က တင္ျပထားခဲ့ေၾကာင္း သိရသည္။

 “ကၽြန္ေတာ္တို႔ အရပ္ဘက္အဖြဲ႕အစည္းေတြ အေနနဲ႔ တိုင္းေဒသႀကီးအစိုးရဆီသြားၿပီး ညွိႏွိဳင္းမႈ ေတြလုပ္ဖို႔ စီစဥ္ေနပါတယ္။ ကြင္းဆင္းၾကည့္တဲ့ အေနအထားအရ တခ်ိဳ႕ေနရာေတြမွာ ခုတ္ထားၿပီးတဲ့ အပင္(၃၀)ေက်ာ္ ေတြ႔ခဲ့ရပါတယ္” ဟု မေကြးတိုင္းေဒသႀကီး လူငယ္ကြန္ရက္မွ ကိုျမတ္သူစိုးက ေျပာသည္။

အဆိုပါလမ္းပိုင္းမွ သစ္ပင္မ်ားခုတ္ထြင္ရွင္းလင္းမည့္အေၾကာင္းကို အမ်ားျပည္သူအား အသိေပးျခင္း မရိွသျဖင့္ သစ္ပင္မ်ားခုတ္လဲွခ်ိန္တြင္ လူထုကေဝဖန္လာျခင္းေၾကာင့္ ယင္းကဲ့သို႔ ဆုိင္းငံ့ ထားျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ဖီးနစ္
ဓာတ္ပံု - ျမတ္သူစိုး


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီး မင်းဘူး - ပွင့်ဖြူ - စလင်း - တညောင်ကားလမ်းချဲ့ရန်အတွက် သစ်ပင်ပေါင်း(၅၀၀)ကျော် ခုတ်လှဲမည်ကို တိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ ဟန့်တားထားသဖြင့် သစ်ပင်များ ခုတ်လှဲနေမှုများအား ဇွန်လ (၁၄)ရက်နေ့မှစ၍ ရပ်ဆိုင်းထားကြောင်း မကွေးတိုင်းဒေသကြီး လမ်းဦးစီးဌာနမှ သိရသည်။

“သစ်ပင်ခုတ်လှဲနေမှုကို ခေတ္တရပ်ဆိုင်းထားဖို့ တိုင်းသစ်တောဦးစီးဌာနက ညွှန်ကြားလာတဲ့အတွက် ကောင်းမွန်ဆောက်လုပ်ရေးကုမ္ပဏီကို အသိပေးအကြောင်းကြားထားပါတယ်”ဟု မကွေးတိုင်းဒေသကြီး လမ်းဦးစီးဌာန ဦးစီးအရာရှိက ပြောကြားသည်။

မင်းဘူး - ပွင့်ဖြူ - စလင်း - တညောင် ကားလမ်းချဲ့ရန်အတွက် မကွေး-မင်းဘူး- ပွင့်ဖြူအထိ (၂၉)မိုင် အား ၂၀၁၃ ခုနှစ်မှ စတင်၍ နှစ်(၄၀) BOTစနစ်ဖြင့် မကွေးမြို့မှ ကောင်းမွန်ဆောက်လုပ်ရေး ကုမ္ပဏီမှ လုပ်ကိုင်ခွင့် ရရှိထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“လမ်းဦးစီးရယ်၊ သစ်တောရယ်၊ ကျွန်တော်တို့ကုမ္ပဏီရယ် လမ်းအကျယ် ၃၄ ပေအတွင်းမှာရှိတဲ့ အပင်တွေ လိုက်တိုင်းပြီး ခုတ်ဖို့ အစိုးရအဖွဲ့ကိုတင်ပြခဲ့တာမှာ လမ်းဦးစီး၊ သစ်တောအဖွဲ့တွေနဲ့ ညှိနှိုင်းပြီး အပင်ပေါင်း (၅၀၀) ကျော်ကို ခုတ်ပါဆိုပြီး ပြန်ချပေးလို့ ယာဉ်နဲ့မလွတ်တဲ့ အပင် (၃၀) လောက်ခုတ်အပြီးမှာ သစ်တော ဦးစီးဌာနက ခေတ္တရပ်ထားဖို့ ညွှန်ကြားလာတာပါ”ဟု ကောင်းမွန်(မကွေး)ဆောက်လုပ်ရေး ကုမ္ပဏီမှ အင်ဂျင်နီယာ ဦးတင်ဝင်းက ပြောသည်။

 အဆိုပါကုမ္ပဏီက ခုတ်လှဲမည့်သစ်ပင်များနှင့် အပင်များ အစားထိုးပြန်လည် စိုက်ပျိုးမည့် အခြေ အနေများကို မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ထံသို့ ၂၀၁၆ ခုနှစ်က တင်ပြထားခဲ့ကြောင်း သိရသည်။

 “ကျွန်တော်တို့ အရပ်ဘက်အဖွဲ့အစည်းတွေ အနေနဲ့ တိုင်းဒေသကြီးအစိုးရဆီသွားပြီး ညှိနှိုင်းမှု တွေလုပ်ဖို့ စီစဉ်နေပါတယ်။ ကွင်းဆင်းကြည့်တဲ့ အနေအထားအရ တချို့နေရာတွေမှာ ခုတ်ထားပြီးတဲ့ အပင်(၃၀)ကျော် တွေ့ခဲ့ရပါတယ်” ဟု မကွေးတိုင်းဒေသကြီး လူငယ်ကွန်ရက်မှ ကိုမြတ်သူစိုးက ပြောသည်။

အဆိုပါလမ်းပိုင်းမှ သစ်ပင်များခုတ်ထွင်ရှင်းလင်းမည့်အကြောင်းကို အများပြည်သူအား အသိပေးခြင်း မရှိသဖြင့် သစ်ပင်များခုတ်လှဲချိန်တွင် လူထုကဝေဖန်လာခြင်းကြောင့် ယင်းကဲ့သို့ ဆိုင်းငံ့ ထားခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ဖီးနစ်
ဓာတ်ပုံ - မြတ်သူစိုး

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~