မင္းလွ - သရက္လမ္း တံဇီးေခ်ာင္းတြင္ တံတားမရိွသျဖင့္ ေခ်ာင္းေရက်ခ်ိန္၌ ညအိပ္ေစာင့္၍ ျဖတ္သန္းေနရ

မင္းလွ - သရက္လမ္း တံဇီးေခ်ာင္းတြင္ တံတားမရိွသျဖင့္ ေခ်ာင္းေရက်ခ်ိန္၌ ညအိပ္ေစာင့္၍ ျဖတ္သန္းေနရ
ဇွန် 22, 2017
By Tachileik News Agency

မိုးအဆက္မျပတ္ ရြာသြန္းေနမႈေၾကာင္႔ မေကြးတိုင္းေဒသႀကီး သရက္ၿမိဳ႕နယ္၊ သရက္ျမင့္ေက်းရြာအနီး မင္းလွ-သရက္လမ္းမွ တံဇီးေခ်ာင္းေရက်ေနသျဖင့္ ဇြန္ (၂၂)ရက္ နံနက္ပိုင္းမွစ၍ အဆိုပါလမ္းမွ ျဖတ္သန္းသြားလာရန္ ခက္ခဲေနေၾကာင္း သိရသည္။

“ဒီေခ်ာင္းက ေငြသင္ပုန္းေတာင္တန္းဘက္ မိုးရြာလြန္းလုိ႔က်လာတဲ႔ ေရေတြေလ။ ႏွစ္စဥ္ပါပဲ။ မိုးမ်ားၿပီဆိုရင္ ခရီးသြားကားေတြ၊ ဆိုင္ကယ္ေတြသာမက ေဒသခံေတြပါ ေခ်ာင္းတစ္ဖက္မွာ အိပ္ေပေတာ့ပဲ။ သက္ဆိုင္ရာက တံတားထိုးေပးဖို႔ စီစဥ္ေနၿပီလို႔ေတာ႔ ေျပာတာပဲ”ဟု မင္းဘူးၿမိဳ႕မွ ဦးေအာင္ဘုက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါေခ်ာင္းမွာ ေရက်ခ်ိန္တြင္ ျဖတ္ကူး၍မရဘဲ ေခ်ာင္းေရက်မႈရပ္တန္႔၍ ေရနည္းသြားခ်ိန္အထိ ေစာင့္ဆိုင္း၍ ျဖတ္သန္းရျခင္းျဖစ္ေသာ္လည္း ယခုအခ်ိန္ထိ ေဒသတာဝန္ရိွသူမ်ားက တံတားထိုးေပးရန္ မလုပ္ေဆာင္ေသးေၾကာင္း ေဒသခံမ်ားက ဆိုသည္။

ေခ်ာင္းေရက်ခ်ိန္တြင္ ခရီးသြားမ်ားသည္ ေခ်ာင္းျဖတ္သန္းရန္ ဆိုင္ကယ္ (၁)စီးလွ်င္ သယ္ပို႔ခ (၂,၀၀၀)က်ပ္၊ ကားေသး(၆,၀၀၀)က်ပ္၊ ကားႀကီး (၁၀,၀၀၀) က်ပ္အထိ တြန္းခေပး၍ ျဖတ္သန္းေနရျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ေခ်ာင္းမွာ ေပ(၃၀)ခန္႔က်ယ္ကာ ေရေက်ာ္ရိွေသာ္လည္း မိုးမ်ား၍ ေခ်ာင္းေရက်လာပါက ျဖတ္ကူး၍ မရသျဖင့္ ခရီးသြားယာဥ္မ်ား၊ ေဒသခံ လူ၊ ႏြားႏွင္႔ ေက်ာင္းသားေက်ာင္းသူမ်ားမွာ ေခ်ာင္းတစ္ဖက္၌ အိပ္ၾကရသည္႔အေျခအေနႏွင္႔ မၾကာခဏၾကံဳေတြ႕ေနရေၾကာင္း သိရသည္။

သတင္း - ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

မိုးအဆက်မပြတ် ရွာသွန်းနေမှုကြောင့် မကွေးတိုင်းဒေသကြီး သရက်မြို့နယ်၊ သရက်မြင့်ကျေးရွာအနီး မင်းလှ-သရက်လမ်းမှ တံဇီးချောင်းရေကျနေသဖြင့် ဇွန် (၂၂)ရက် နံနက်ပိုင်းမှစ၍ အဆိုပါလမ်းမှ ဖြတ်သန်းသွားလာရန် ခက်ခဲနေကြောင်း သိရသည်။

“ဒီချောင်းက ငွေသင်ပုန်းတောင်တန်းဘက် မိုးရွာလွန်းလို့ကျလာတဲ့ ရေတွေလေ။ နှစ်စဉ်ပါပဲ။ မိုးများပြီဆိုရင် ခရီးသွားကားတွေ၊ ဆိုင်ကယ်တွေသာမက ဒေသခံတွေပါ ချောင်းတစ်ဖက်မှာ အိပ်ပေတော့ပဲ။ သက်ဆိုင်ရာက တံတားထိုးပေးဖို့ စီစဉ်နပြေီလို့တော့ ပြောတာပဲ”ဟု မင်းဘူးမြို့မှ ဦးအောင်ဘုက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါချောင်းမှာ ရေကျချိန်တွင် ဖြတ်ကူး၍မရဘဲ ချောင်းရေကျမှုရပ်တန့်၍ ရေနည်းသွားချိန်အထိ စောင့်ဆိုင်း၍ ဖြတ်သန်းရခြင်းဖြစ်သော်လည်း ယခုအချိန်ထိ ဒေသတာဝန်ရှိသူများက တံတားထိုးပေးရန် မလုပ်ဆောင်သေးကြောင်း ဒေသခံများက ဆိုသည်။

ချောင်းရေကျချိန်တွင် ခရီးသွားများသည် ချောင်းဖြတ်သန်းရန် ဆိုင်ကယ် (၁)စီးလျှင် သယ်ပို့ခ (၂,ဝဝဝ)ကျပ်၊ ကားသေး(၆,ဝဝဝ)ကျပ်၊ ကားကြီး (၁၀,ဝဝဝ) ကျပ်အထိ တွန်းခပေး၍ ဖြတ်သန်းနေရခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ချောင်းမှာ ပေ(၃၀)ခန့်ကျယ်ကာ ရေကျော်ရှိသော်လည်း မိုးများ၍ ချောင်းရေကျလာပါက ဖြတ်ကူး၍ မရသဖြင့် ခရီးသွားယာဉ်များ၊ ဒေသခံ လူ၊ နွားနှင့် ကျောင်းသားကျောင်းသူများမှာ ချောင်းတစ်ဖက်၌ အိပ်ကြရသည့်အခြေအနေနှင့် မကြာခဏကြုံတွေ့နေရကြောင်း သိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~