မိုင္းလားမွတစ္ဆင့္ တရုတ္ႏုိင္ငံသို႔ လူကုန္ကူးခံရသည့္ အမ်ိဳးသမီးႏွစ္ဦးအား က်ိဳင္းတံုသို႔ ျပန္လည္ပို႔ေဆာင္

မိုင္းလားမွတစ္ဆင့္ တရုတ္ႏုိင္ငံသို႔ လူကုန္ကူးခံရသည့္ အမ်ိဳးသမီးႏွစ္ဦးအား က်ိဳင္းတံုသို႔ ျပန္လည္ပို႔ေဆာင္
ဇွန် 25, 2017
By Tachileik News Agency

တရုတ္ႏုိင္ငံသို႔ လူကုန္ကူးခံရသည့္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕နယ္မွ အမ်ိဳးသမီးငယ္ႏွစ္ဦးအား မူဆယ္ၿမိဳ႕လူမႈဝန္ထမ္းဦးစီးဌာနမွ က်ိဳင္းတံုၿမိဳ႕ လူမႈဝန္ထမ္းဦးစီးဌာနသို႔ ဇြန္လ(၂၅)ရက္ေန႔တြင္ လႊဲေျပာင္း ေပးလိုက္ၿပီး မိသားစုျပန္လည္ေပါင္းစည္းေရးေဆာင္ရြက္ေပးထားေၾကာင္း သိရသည္။

“ဒီႏွစ္ေယာက္ ျမန္မာျပည္ေရာက္တာနဲ႔ ကြ်န္ေတာ္တို႔က မိသားစုသြားစံုစမ္းရတယ္။ မိသားစုကို ခ်ိတ္ထားၿပီးၿပီ။ ဒီကေန႔ သူတို႔ျပန္ေခၚၿပီး မိသားစုျပန္လည္ေပါင္းစည္းေရး လုပ္ေပးတာ။ လိုအပ္တဲ့ ႏွစ္သိမ့္ ေဆြးေႏြးမႈလုပ္တယ္။ ၿပီးေတာ့ ကၽြန္ေတာ္တို႔ လုပ္ငန္းစဥ္က သူတို႔ရပ္ရြာမွာ ဆက္ၿပီး လုပ္ခ်င္တဲ့ အလုပ္အကိုင္ကို ႏွစ္ႏွစ္ ပံ့ပိုးေပးရတယ္။ အျပည့္အဝႀကီး မဟုတ္ေပမယ့္ တစ္စိတ္တစ္ပိုင္းေတာ့ ကၽြန္ေတာ္တို႔ ေထာက္ပံ့ေပးပါတယ္။ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရး၊ ေစ်းေရာင္းခ်င္လား ၊ ဒါမ်ိဳးေတြကို ေထာက္ပံ့ေပးရတာပါ”ဟု ရွမ္းျပည္နယ္(အေရွ႕ပိုင္း) လူမႈဝန္ထမ္းဦးစီးဌာန လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးေက်ာ္သူႏိုင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ အမ်ိဳးသမီးငယ္ႏွစ္ဦးမွာ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) မိုင္းလားၿမိဳ႕တြင္ အလုပ္ လုပ္ကိုင္ေနစဥ္ သူငယ္ခ်င္းျဖစ္သူက စည္းရံုးၿပီး တရုတ္ႏုိင္ငံသို႔ လုိက္သြားရာမွ လူကုန္ကူးခံရျခင္းျဖစ္ေၾကာင္းသိရၿပီး ၎တို႔ ႏွစ္ဦးအား တရုတ္ႏုိင္ငံရဲတပ္ဖြဲ႕က ျမန္မာႏုိင္ငံသို႔ လႊဲေျပာင္းေပးလိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။

“လူကုန္ကူးခံရတဲ့ ဒီအမ်ိဳးသမီးႏွစ္ဦးကို တရုတ္ႏုိင္ငံရဲတပ္ဖြဲ႕ကေန ျမန္မာႏုိင္ငံဘက္ျခမ္း မူဆယ္ၿမိဳ႕က လူဝင္မႈႀကီးၾကပ္ေရးဌာနကို လႊဲပါတယ္။ အဲဒီကမွ မူဆယ္မွာရိွတဲ့ ကၽြန္ေတာ္တုိ႔ လူမႈဝန္ထမ္း ဦးစီးဌာနကေန လက္ခံၿပီး က်ိဳင္းတံုေရာက္တဲ့အထိ အဆင့္ဆင့္ တာဝန္ယူပို႔ေဆာင္ေပးလိုက္တာပါ”ဟု ရွမ္းျပည္နယ္(အေရွ႕ပိုင္း)လူမႈဝန္ထမ္းဦးစီးဌာန လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးေက်ာ္သူႏိုင္က ေျပာသည္။

လူမႈဝန္ထမ္း ဦးစီးဌာနသည္ လူကုန္ကူးခံရသူမ်ားအား မိသားစုထံျပည္လည္ေပါင္းစည္းေပးၿပီး ႏွစ္သိမ့္ ေဆြးေႏြးျခင္းအျပင္ ၎တို႔၏ ေနရပ္ေဒသမ်ားတြင္ ျပန္လည္ ထူေထာင္ေရးကိုလည္း ႏွစ္ႏွစ္တာ ကာလအထိ ကူညီလုပ္ေဆာင္ေပးေၾကာင္း သိရသည္။

“ပ်မ္းမွ်ျခင္းအားျဖင့္ ဒီႏွစ္အတြင္းမွာကို တာခ်ီလိတ္ခ်စ္ၾကည္ေရးတံတားကေန ထုိင္းဘက္က ျပန္ပို႔သူေတြထဲက (၁၃)ဦးကို မိသားစုျပန္လည္ ေပါင္းစည္းေပးထားတယ္။ အခု (၂)ေယာက္နဲ႔ဆိုေတာ့ (၁၅)ဦးေပါ့။ ဒါေတြက ကၽြန္ေတာ္တို႔ မိသားစုျပန္လည္ေပါင္းစည္းေရးလုပ္ေပးခဲ့တာေပါ့ေနာ္။ ေနာက္ဆက္တြဲ ပံ့ပိုးေပးတာကေတာ့ ဒီႏွစ္အတြင္းမွာ ခန္႔မွန္းေျခ (၁၀)ဦးရိွပါၿပီ။ ဒီႏွစ္မွာ ပံ့ပိုးေပးရသူ အားလံုးကေတာ့ အမ်ိဳးသမီးေတြျဖစ္ေနတယ္။ အမ်ိဳးသားေတြကိုလည္း ပံ့ပိုးေပးပါတယ္”ဟု ဦးေက်ာ္သူႏုိင္က ေျပာသည္။

က်ိဳင္းတံုၿမိဳ႕သို႔ ျပန္လည္ေရာက္ရိွလာသည့္ အမ်ိဳးသမီးငယ္ႏွစ္ဦးအား မိသားစုႏွင့္ ျပန္လည္ေပါင္းစည္းေရး၊ ေငြႏွင့္ပစၥည္းမ်ားေထာက္ပံ့ျခင္း၊ ႏွစ္သိမ့္ေဆြးေႏြးျခင္းမ်ားေဆာင္ရြက္ေပးရာတြင္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) ျပည္နယ္ဒုတိယ အုပ္ခ်ဳပ္ေရးမွဴး၏ဇနီးႏွင့္ ၿမိဳ႕နယ္အမ်ိဳးသမီးေရးရာအဖြဲ႕ ဥကၠဌတို႔ ကလည္း က်ိဳင္းတံုလူမႈဝန္ထမ္းရံုးမွ လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးေက်ာ္သူႏုိင္၊ က်ဳိင္းတံု အမ်ိဳးသမီးသက္ေမြး အတတ္ပညာ သင္ေက်ာင္းမွ ေက်ာင္းအုပ္ ေဒၚေဝေဝႏုိင္၊ လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးရဲတပ္ဖဲြ႔ တပ္ဖြဲ႔စိတ္(၁၈)က်ဳိင္းတံုမွ ဒုရဲမွဴးမီမီကိုတို႔ႏွင့္ အတူ ပူးေပါင္းၿပီး လုပ္ေဆာင္ေပးေၾကာင္း သိရသည္။

သတင္း - ခ်ယ္ရီထိုက္
ဓာတ္ပံု - က်ဳိင္းတံုလူမႈဝန္ထမ္းရံုး


~~~~~~~~⊰❂ unicode ~~~~~~~~

တရုတ်နိုင်ငံသို့ လူကုန်ကူးခံရသည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်မှ အမျိုးသမီးငယ်နှစ်ဦးအား မူဆယ်မြို့လူမှုဝန်ထမ်းဦးစီးဌာနမှ ကျိုင်းတုံမြို့ လူမှုဝန်ထမ်းဦးစီးဌာနသို့ ဇွန်လ(၂၅)ရက်နေ့တွင် လွှဲပြောင်း ပေးလိုက်ပြီး မိသားစုပြန်လည်ပေါင်းစည်းရေးဆောင်ရွက်ပေးထားကြောင်း သိရသည်။

“ဒီနှစ်ယောက် မြန်မာပြည်ရောက်တာနဲ့ ကျွန်တော်တို့က မိသားစုသွားစုံစမ်းရတယ်။ မိသားစုကို ချိတ်ထားပြီးပြီ။ ဒီကနေ့ သူတို့ပြန်ခေါ်ပြီး မိသားစုပြန်လည်ပေါင်းစည်းရေး လုပ်ပေးတာ။ လိုအပ်တဲ့ နှစ်သိမ့် ဆွေးနွေးမှုလုပ်တယ်။ ပြီးတော့ ကျွန်တော်တို့ လုပ်ငန်းစဉ်က သူတို့ရပ်ရွာမှာ ဆက်ပြီး လုပ်ချင်တဲ့ အလုပ်အကိုင်ကို နှစ်နှစ် ပံ့ပိုးပေးရတယ်။ အပြည့်အဝကြီး မဟုတ်ပေမယ့် တစ်စိတ်တစ်ပိုင်းတော့ ကျွန်တော်တို့ ထောက်ပံ့ပေးပါတယ်။ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဈေးရောင်းချင်လား၊ ဒါမျိုးတွေကို ထောက်ပံ့ပေးရတာပါ”ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်သူနိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ အမျိုးသမီးငယ်နှစ်ဦးမှာ ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းလားမြို့တွင် အလုပ် လုပ်ကိုင်နေစဉ် သူငယ်ချင်းဖြစ်သူက စည်းရုံးပြီး တရုတ်နိုင်ငံသို့ လိုက်သွားရာမှ လူကုန်ကူးခံရခြင်းဖြစ်ကြောင်းသိရပြီး၎င်းတို့ နှစ်ဦးအား တရုတ်နိုင်ငံရဲတပ်ဖွဲ့က မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“လူကုန်ကူးခံရတဲ့ ဒီအမျိုးသမီးနှစ်ဦးကို တရုတ်နိုင်ငံရဲတပ်ဖွဲ့ကနေ မြန်မာနိုင်ငံဘက်ခြမ်း မူဆယ်မြို့က လူဝင်မှုကြီးကြပ်ရေးဌာနကို လွှဲပါတယ်။ အဲဒီကမှ မူဆယ်မှာရှိတဲ့ ကျွန်တော်တို့ လူမှုဝန်ထမ်း ဦးစီးဌာနကနေ လက်ခံပြီး ကျိုင်းတုံရောက်တဲ့အထိ အဆင့်ဆင့် တာဝန်ယူပို့ဆောင်ပေးလိုက်တာပါ”ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း)လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်သူနိုင်က ပြောသည်။

လူမှုဝန်ထမ်း ဦးစီးဌာနသည် လူကုန်ကူးခံရသူများအား မိသားစုထံပြည်လည်ပေါင်းစည်းပေးပြီး နှစ်သိမ့် ဆွေးနွေးခြင်းအပြင်၎င်းတို့၏ နေရပ်ဒေသများတွင် ပြန်လည် ထူထောင်ရေးကိုလည်း နှစ်နှစ်တာ ကာလအထိ ကူညီလုပ်ဆောင်ပေးကြောင်း သိရသည်။

“ပျမ်းမျှခြင်းအားဖြင့် ဒီနှစ်အတွင်းမှာကို တာချီလိတ်ချစ်ကြည်ရေးတံတားကနေ ထိုင်းဘက်က ပြန်ပို့သူတွေထဲက (၁၃)ဦးကို မိသားစုပြန်လည် ပေါင်းစည်းပေးထားတယ်။ အခု (၂)ယောက်နဲ့ဆိုတော့ (၁၅)ဦးပေါ့။ ဒါတွေက ကျွန်တော်တို့ မိသားစုပြန်လည်ပေါင်းစည်းရေးလုပ်ပေးခဲ့တာပေါ့နော်။ နောက်ဆက်တွဲ ပံ့ပိုးပေးတာကတော့ ဒီနှစ်အတွင်းမှာ ခန့်မှန်းခြေ (၁၀)ဦးရှိပါပြီ။ ဒီနှစ်မှာ ပံ့ပိုးပေးရသူ အားလုံးကတော့ အမျိုးသမီးတွဖြေစ်နေတယ်။ အမျိုးသားတွေကိုလည်း ပံ့ပိုးပေးပါတယ်”ဟု ဦးကျော်သူနိုင်က ပြောသည်။

ကျိုင်းတုံမြို့သို့ ပြန်လည်ရောက်ရှိလာသည့် အမျိုးသမီးငယ်နှစ်ဦးအား မိသားစုနှင့် ပြန်လည်ပေါင်းစည်းရေး၊ ငွေနှင့်ပစ္စည်းများထောက်ပံ့ခြင်း၊ နှစ်သိမ့်ဆွေးနွေးခြင်းများဆောင်ရွက်ပေးရာတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်ဒုတိယ အုပ်ချုပ်ရေးမှူး၏ဇနီးနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌတို့ ကလည်း ကျိုင်းတုံလူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်သူနိုင်၊ ကျိုင်းတုံ အမျိုးသမီးသက်မွေး အတတ်ပညာ သင်ကျောင်းမှ ကျောင်းအုပ် ဒေါ်ဝေဝေနိုင်၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ တပ်ဖွဲ့စိတ်(၁၈)ကျိုင်းတုံမှ ဒုရဲမှူးမီမီကိုတို့နှင့် အတူ ပူးပေါင်းပြီး လုပ်ဆောင်ပေးကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက်
ဓာတ်ပုံ - ကျိုင်းတုံလူမှုဝန်ထမ်းရုံး

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~