ရွမ္းျပည္နယ္တြင္း လုိင္စင္မဲ့ဆုိင္ကယ္မ်ားအတြက္ ေဒသလိုင္စင္မ်ား ဆက္လက္ထုတ္ေပးမည္

ရွမ္းျပည္နယ္တြင္း လုိင္စင္မဲ့ဆုိင္ကယ္မ်ားအတြက္ ေဒသလိုင္စင္မ်ား ဆက္လက္ထုတ္ေပးမည္
ဇွန် 7, 2017
By Tachileik News Agency

လိုင္စင္မဲ့ေမာ္ေတာ္ဆိုင္ကယ္မ်ားအား ရွမ္းျပည္နယ္အတြင္းရွိ ကုန္းလမ္းပို႔ေဆာင္ေရး ညႊန္ၾကားမႈ ဦးစီးဌာနရံုးမ်ားတြင္ အပတ္စဥ္ ဗုဒၶဟူးေန႔တိုင္း ေဒသလိုင္စင္ ထုတ္ေပးျခင္းကို ဇြန္လအတြင္း ဆက္လက္ လုပ္ေဆာင္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

"လိုင္စင္မဲ့ ဆိုင္ကယ္ေတြကို ေဒသလိုင္စင္လုပ္ဖို႔ ထပ္ၿပီး ရက္တိုးေပးဖို႔ကို တရားဝင္စာေတာ႔ မေရာက္ေသး ေပမယ့္ ဒီေန႔ပဲ ကၽြန္ေတာ္တို႔ဆီကို ဖုန္းနဲ႔ညႊန္ၾကားတယ္။ ဒါေၾကာင့္ ေနာက္တစ္ပတ္ ကေနစၿပီး အပတ္စဥ္ ဗုဒၶဟူးေန႔တိုင္း လိုင္စင္ ထပ္လုပ္ေပးသြားမွာပါ"ဟု က်ိဳင္းတုံခရိုင္ ကုန္းလမ္း ပုိ႔ေဆာင္ေရးႏွင့္ ညႊန္ၾကားမႈဦးစီးဌာနမွ ဒုတိယဦးစီးမွဴး ဦးသိန္း၀င္းက တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

ၿပီးခဲ႔သည့္ (၃)လအတြင္း က်ိဳင္းတံုၿမိဳ႕တြင္ ဆိုင္ကယ္အစီးေရ(၃၀၀၀)ခန္႔ လိုင္စင္ထုတ္ေပးခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။

လိုင္စင္မဲ့ေမာ္ေတာ္ဆိုင္ကယ္မ်ားအား ဒဏ္ေၾကးအျဖစ္ ဆိုင္ကယ္၏ အင္ဂ်င္ပါဝါ၊ ထုတ္လုပ္သည့္ခုနွစ္ ေပၚမူတည္၍ ဆိုင္ကယ္တန္ဖိုး၏ ေလးပုံတစ္ပံုကို စည္းၾကပ္တန္ဖိုး သတ္မွတ္ျခင္းျဖစ္ၿပီး လိုင္စင္ေၾကး အျဖစ္ ကုန္းလမ္းပုိ႔ေဆာင္ေရး ညႊန္ၾကားမႈဦးစီးဌာနမွ အထူးစစ္ေဆးခ (၅၀၀၀)က်ပ္၊ ကနဦးမွတ္ပံုတင္ခ (၁၅၀၀၀)က်ပ္၊ ယာဥ္စစ္ေဆးခ (၅၀၀၀)က်ပ္၊ ယာဥ္မွတ္ပံုတင္စာအုပ္(ကမ-၃) ၊ ယာဥ္မွတ္ပံုတင္ သက္ေသခံ လက္မွတ္(အ၀ိုင္း)၊ (ဖိုတိုဂရမ္)-စုေပါင္း- (၉၀၀)က်ပ္၊ ေဖာင္းၾကြနံပါတ္ျပားခ (၅၀၀၀)က်ပ္၊ စုစုေပါင္း (၃၀၉၀၀)က်ပ္ ေကာက္ခံေၾကာင္း သိရသည္။

သတင္း - ဇြဲျမတ္

~~~~~~~~⊰❂ unicode ~~~~~~~~
 လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များအား ရှမ်းပြည်နယ်အတွင်းရှိ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနရုံးများတွင် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ဒေသလိုင်စင် ထုတ်ပေးခြင်းကို ဇွန်လအတွင်း ဆက်လက် လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

"လိုင်စင်မဲ့ ဆိုင်ကယ်တွေကို ဒေသလိုင်စင်လုပ်ဖို့ ထပ်ပြီး ရက်တိုးပေးဖို့ကို တရားဝင်စာတော့ မရောက်သေး ပေမယ့် ဒီနေ့ပဲ ကျွန်တော်တို့ဆီကို ဖုန်းနဲ့ညွှန်ကြားတယ်။ ဒါကြောင့် နောက်တစ်ပတ် ကနေစပြီး အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း လိုင်စင် ထပ်လုပ်ပေးသွားမှာပါ"ဟု ကျိုင်းတုံခရိုင် ကုန်းလမ်း ပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသိန်းဝင်းက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

ပြီးခဲ့သည့် (၃)လအတွင်း ကျိုင်းတုံမြို့တွင် ဆိုင်ကယ်အစီးရေ(၃၀၀၀)ခန့် လိုင်စင်ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များအား ဒဏ်ကြေးအဖြစ် ဆိုင်ကယ်၏ အင်ဂျင်ပါဝါ၊ ထုတ်လုပ်သည့်ခုနှစ် ပေါ်မူတည်၍ ဆိုင်ကယ်တန်ဖိုး၏ လေးပုံတစ်ပုံကို စည်းကြပ်တန်ဖိုး သတ်မှတ်ခြင်းဖြစ်ပြီး လိုင်စင်ကြေး အဖြစ် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ အထူးစစ်ဆေးခ (၅၀၀၀)ကျပ်၊ ကနဦးမှတ်ပုံတင်ခ (၁၅၀၀၀)ကျပ်၊ ယာဉ်စစ်ဆေးခ (၅၀၀၀)ကျပ်၊ ယာဉ်မှတ်ပုံတင်စာအုပ်(ကမ-၃)၊ ယာဉ်မှတ်ပုံတင် သက်သေခံ လက်မှတ်(အဝိုင်း)၊ (ဖိုတိုဂရမ်)-စုပေါင်း- (၉၀၀)ကျပ်၊ ဖောင်းကြွနံပါတ်ပြားခ (၅၀၀၀)ကျပ်၊ စုစုပေါင်း (၃၀၉၀၀)ကျပ် ကောက်ခံကြောင်း သိရသည်။

သတင်း - ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~