လြိဳင္ေကာ္ၿမိဳ႕တြင္ ဖခင္ျဖစ္သူမွ သမီးအရင္းျဖစ္သူအား အဓမၼျပဳက်င့္မႈ ျဖစ္ပြား

လြိဳင္ေကာ္ၿမိဳ႕တြင္ ဖခင္ျဖစ္သူမွ သမီးအရင္းျဖစ္သူအား အဓမၼျပဳက်င့္မႈ ျဖစ္ပြား
ဇွန် 24, 2017
By Tachileik News Agency

ကယားျပည္နယ္ လြိဳင္ေကာ္ၿမိဳ႕ မင္းစုရပ္ကြက္တြင္ ဖခင္ျဖစ္သူမွ သမီးအရင္းအား အဓမၼ ျပဳက်င့္မႈ ျဖစ္ပြားခဲ့ၿပီး လြိဳင္ေကာ္ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္ထားရွိေၾကာင္း သိရသည္။

လြိဳင္ေကာ္ၿမိဳ႕၊ မင္းစုရပ္ကြက္တြင္ ေနထိုင္သူ ဦးထြန္းေက်ာ္မင္းသည္ ေဒါႏိုးကူးရပ္ကြက္တြင္ ေနထိုင္သူ အသက္(၁၅)ႏွစ္၀န္းက်င္ရွိ ၎၏ သမီးျဖစ္သူအား ဇြန္လ(၂၃)ရက္ေန႔ ညေန(၅)နာရီ၀န္းက်င္အခ်ိန္က လာေရာက္ေခၚေဆာင္သြားရာမွ ယင္းသို႔ ျဖစ္ပြားျခင္း ျဖစ္ေၾကာင္း သိရသည္။

ဖခင္ျဖစ္သူ ဦးထြန္းေက်ာ္မင္းသည္ ၎၏အိမ္တြင္ သမီးျဖစ္သူႏွင့္ အတူညအိပ္ခဲ့ၿပီး ည(၁၁)နာရီခြဲ၀န္းက်င္တြင္ သမီးျဖစ္သူအား အလိုမတူဘဲ အဓမၼျပဳက်င့္မႈအျဖစ္ (၃)ႀကိမ္တိုင္တိုင္ ျပဳက်င့္ ခဲ့သည့္အတြက္ သမီးျဖစ္သူမွ ေဒါႏိုးကူးရပ္ကြက္တြင္ ေနထိုင္သူ မိခင္ျဖစ္သူထံ ဇြန္လ(၂၄)ရက္ေန႔ နံနက္က သြားေရာက္ကာ အေၾကာင္းစံုေျပာျပလိုက္ရာမွ မိခင္ျဖစ္သူက လြိဳင္ေကာ္ၿမိဳ႕မရဲစခန္းသို႔ သြားေရာက္ကာ အမႈဖြင့္တိုင္ၾကားလိုက္ျခင္း ျဖစ္ေၾကာင္း သိရသည္။

ဖခင္ျဖစ္သူ ႏွင့္ မိခင္ျဖစ္သူတို႔မွာ ကြဲေနၾကၿပီး သမီးျဖစ္သူမွာ မိခင္ျဖစ္သူႏွင့္ လိုက္ေနသူျဖစ္ေၾကာင္း အိမ္နီးခ်င္းမ်ား၏ ေျပာျပခ်က္အရ သိရသည္။

မိခင္ျဖစ္သူ၏ တိုင္ၾကားခ်က္အရ လြိဳင္ေကာ္ၿမိဳ႕မရဲစခန္းမွ ဇြန္လ(၂၄)ရက္ေန႔ နံနက္(၁၀)နာရီတြင္ ရာဇသတ္ႀကီးပုဒ္မ ၃၇၆ျဖင့္ အမႈဖြင့္ကာ ဦးထြန္းေက်ာ္မင္းအား ဖမ္းဆီးထားရွိၿပီး စစ္ေဆးမႈမ်ား ျပဳလုပ္ေနလ်က္ရွိေၾကာင္း သိရသည္။

သတင္း - ဆန္းၿဖဳိးထြန္း


~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ် လွိုင်ကော်မြို့ မင်းစုရပ်ကွက်တွင် ဖခင်ဖြစ်သူမှ သမီးအရင်းအား အဓမ္မ ပြုကျင့်မှု ဖြစ်ပွားခဲ့ပြီး လွိုင်ကော်မြို့မရဲစခန်းတွင် အမှုဖွင့်ထားရှိကြောင်း သိရသည်။

လွိုင်ကော်မြို့၊ မင်းစုရပ်ကွက်တွင် နေထိုင်သူ ဦးထွန်းကျော်မင်းသည် ဒေါနိုးကူးရပ်ကွက်တွင် နေထိုင်သူ အသက်(၁၅)နှစ်ဝန်းကျင်ရှိ၎င်း၏ သမီးဖြစ်သူအား ဇွန်လ(၂၃)ရက်နေ့ ညနေ(၅)နာရီဝန်းကျင်အချိန်က လာရောက်ခေါ်ဆောင်သွားရာမှ ယင်းသို့ ဖြစ်ပွားခြင်း ဖြစ်ကြောင်း သိရသည်။

ဖခင်ဖြစ်သူ ဦးထွန်းကျော်မင်းသည်၎င်း၏အိမ်တွင် သမီးဖြစ်သူနှင့် အတူညအိပ်ခဲ့ပြီး ည(၁၁)နာရီခွဲဝန်းကျင်တွင် သမီးဖြစ်သူအား အလိုမတူဘဲ အဓမ္မပြုကျင့်မှုအဖြစ် (၃)ကြိမ်တိုင်တိုင် ပြုကျင့် ခဲ့သည့်အတွက် သမီးဖြစ်သူမှ ဒေါနိုးကူးရပ်ကွက်တွင် နေထိုင်သူ မိခင်ဖြစ်သူထံ ဇွန်လ(၂၄)ရက်နေ့ နံနက်က သွားရောက်ကာ အကြောင်းစုံပြောပြလိုက်ရာမှ မိခင်ဖြစ်သူက လွိုင်ကော်မြို့မရဲစခန်းသို့ သွားရောက်ကာ အမှုဖွင့်တိုင်ကြားလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ဖခင်ဖြစ်သူ နှင့် မိခင်ဖြစ်သူတို့မှာ ကွဲနကြပြေီး သမီးဖြစ်သူမှာ မိခင်ဖြစ်သူနှင့် လိုက်နေသူဖြစ်ကြောင်း အိမ်နီးချင်းများ၏ ပြောပြချက်အရ သိရသည်။

မိခင်ဖြစ်သူ၏ တိုင်ကြားချက်အရ လွိုင်ကော်မြို့မရဲစခန်းမှ ဇွန်လ(၂၄)ရက်နေ့ နံနက်(၁၀)နာရီတွင် ရာဇသတ်ကြီးပုဒ်မ ၃၇၆ဖြင့် အမှုဖွင့်ကာ ဦးထွန်းကျော်မင်းအား ဖမ်းဆီးထားရှိပြီး စစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~