မိုင္းဆတ္တြင္ သဘာ၀ေဘးအႏၱရာယ္ဆိုင္ရာ စီမံခန္႔ခဲြမႈ သင္တန္း ဖြင့္လွစ္

မိုင္းဆတ္တြင္ သဘာ၀ေဘးအႏၱရာယ္ဆိုင္ရာ စီမံခန္႔ခဲြမႈ သင္တန္း ဖြင့္လွစ္
ဇွန် 23, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)က်ဳိင္းတုံခ႐ိုင္ ကယ္ဆယ္ေရးႏွင့္ျပန္လည္ေနရာခ်ထားေရးဦးစီးဌာနက ႀကီးမွဴး၍ ၿမိဳ႕နယ္အဆင့္သဘာ၀ေဘးအႏၱရာယ္စီမံခန္႔ခဲြမႈသင္တန္းကို မိုင္းဆတ္ၿမိဳ႕တြင္ ဇြန္ ၂၃ ရက္ေန႔က စတင္ဖြင့္လွစ္ေၾကာင္း သိရသည္။

အဆိုပါ သင္တန္းသို႔ မိုင္းဆတ္ၿမိဳ႕ေပၚရပ္ကြက္ႏွင့္ ေက်းရြာအုပ္စု(၁၀)စုမွ သင္တန္းသား(၅၀)ဦး တက္ေရာက္ၿပီး သင္တန္းကာလမွာ (၂)ရက္ျဖစ္ေၾကာင္း သိရသည္။

သဘာ၀ေဘး အႏၱရာယ္ မက်ေရာက္မီ ႀကိဳတင္ျပင္ဆင္ျခင္းႏွင့္ႀကိဳတင္ကာကြယ္ျခင္း၊ သဘာ၀ေဘး အႏၱရာယ္က်ေရာက္ေနစဥ္ အတြင္း တုံ႔ျပန္ေဆာင္ရြက္ျခင္းႏွင့္ ပစၥည္းေထာက္ပံ့ေပးျခင္း၊ သဘာ၀ေဘး အႏၱရာယ္က်ေရာက္ၿပီး ျပန္လည္ထူေထာင္ျခင္းႏွင့္ ျပန္လည္တည္ေဆာက္ျခင္းလုပ္ငန္းမ်ား၊ သဘာ၀ေဘး အႏၱရာယ္ျဖစ္ေပၚရသည့္ အေၾကာင္းရင္းႏွင့္အက်ဳိးဆက္ မ်ားကို သိရိွနားလည္ၿပီး ရပ္ရြာအဆင့္၊ မိသားစုအဆင့္ႏွင့္ ျပည္သူတစ္ဦး တစ္ေယာက္ခ်င္းအတြက္ ႀကိဳတင္ျပင္ဆင္ေရး ႏွင့္ တုံ႔ျပန္ေဆာင္ရြက္ေရး အစီအစဥ္မ်ားတြင္ ျပည္သူလူထုပူးေပါင္း ပါဝင္ၾကရန္ သင္တန္းဖြင့္ပြဲတြင္ မိုင္းဆတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးေအာင္သူလိႈင္က တိုက္တြန္းေျပာၾကားသြားသည္

သတင္း - သန္းေဇာ္ဦး


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံခရိုင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနက ကြီးမှူး၍ မြို့နယ်အဆင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကို မိုင်းဆတ်မြို့တွင် ဇွန် ၂၃ ရက်နေ့က စတင်ဖွင့်လှစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းသို့ မိုင်းဆတ်မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၁၀)စုမှ သင်တန်းသား(၅၀)ဦး တက်ရောက်ပြီး သင်တန်းကာလမှာ (၂)ရက်ဖြစ်ကြောင်း သိရသည်။

သဘာဝဘေး အန္တရာယ် မကျရောက်မီ ကြိုတင်ပြင်ဆင်ခြင်းနှင့်ကြိုတင်ကာကွယ်ခြင်း၊ သဘာဝဘေး အန္တရာယ်ကျရောက်နေစဉ် အတွင်း တုံ့ပြန်ဆောင်ရွက်ခြင်းနှင့် ပစ္စည်းထောက်ပံ့ပေးခြင်း၊ သဘာဝဘေး အန္တရာယ်ကျရောက်ပြီး ပြန်လည်ထူထောင်ခြင်းနှင့် ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းများ၊ သဘာဝဘေး အန္တရာယ်ဖြစ်ပေါ်ရသည့် အကြောင်းရင်းနှင့်အကျိုးဆက် များကို သိရှိနားလည်ပြီး ရပ်ရွာအဆင့်၊ မိသားစုအဆင့်နှင့် ပြည်သူတစ်ဦး တစ်ယောက်ချင်းအတွက် ကြိုတင်ပြင်ဆင်ရေး နှင့် တုံ့ပြန်ဆောင်ရွက်ရေး အစီအစဉ်များတွင် ပြည်သူလူထုပူးပေါင်း ပါဝင်ကြရန် သင်တန်းဖွင့်ပွဲတွင် မိုင်းဆတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သူလှိုင်က တိုက်တွန်းပြောကြားသွားသည်

သတင်း - သန်းဇော်ဦး

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~