တရားမ၀င္ ေရႊ႕ေျပာင္း ျမန္မာႏိုင္ငံသား (၁၂)ဦးအား ထိုင္းဘက္မွ တာခ်ီလိတ္သို႔ လႊဲေျပာင္း

တရားမ၀င္ ေရႊ႕ေျပာင္း ျမန္မာႏိုင္ငံသား (၁၂)ဦးအား ထိုင္းဘက္မွ တာခ်ီလိတ္သို႔ လႊဲေျပာင္း
ဇွန် 8, 2017
By Tachileik News Agency

ထိုင္းႏိုင္ငံအတြင္း တရားမ၀င္ သြားေရာက္ေနထိုင္ၿပီး အလုပ္ လုပ္ကိုင္ရာမွ ဖမ္းဆီးခံရသည့္ ျမန္မာႏိုင္ငံသားမ်ားအား ထိုင္းဘက္က တာခ်ီလိတ္သို႔ ဇြန္လ(၈)ရက္ေန႔က လႊဲေျပာင္းလာရာ ကေလးမ်ား အပါအ၀င္ (၁၂)ဦးရွိေၾကာင္း သိရသည္။

ထိုင္းႏိုင္ငံအတြင္း ဖမ္းဆီးရမိသည့္ ျမန္မာႏိုင္ငံသားမ်ားအား လႊဲေျပာင္းလာရာတြင္ အမ်ဳိးသား(၈)ဦး ႏွင့္ အမ်ဳိးသမီး(၂)ဦး အျပင္ ကေလးငယ္(၂)ဦး စုစုေပါင္း (၁၀)ဦး ပါ၀င္ေၾကာင္း သိရသည္။

ထိုင္းဘက္မွ ယင္းသို႔ လာေရာက္ လႊဲေျပာင္းလာရာတြင္ ျမန္မာဘက္မွ ၿမိဳ႕နယ္အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာန၊ လ၀က၊ လူကုန္ကူးမႈတိုက္ဖ်က္ေရးရဲတပ္ဖြဲ႔ႏွင့္ သက္ဆိုင္ရာ ပူးေပါင္းအဖြဲ႔တို႔မွ ပါ၀င္ကာ လက္ခံခဲ့ၾကၿပီး လႊဲေျပာင္းလာရာတြင္ ျမန္မာႏိုင္ငံသား ဟုတ္ မဟုတ္ကိုလည္း စိစစ္ၿပီးမွ လက္ခံျခင္း ျဖစ္ေၾကာင္း သိရသည္။

ထိုင္းႏိုင္ငံ မယ္ဆိုင္ဘက္မွ ျမန္မာဘက္သို႔ တရားမ၀င္ေရႊ႕ေျပာင္းျမန္မာႏိုင္ငံသားမ်ား လႊဲေျပာင္း လာရာတြင္ ၂၀၁၇ခုႏွစ္ ဇန္န၀ါရီလ(၁)ရက္ေန႔မွ ယေန႔အခ်ိန္အထိ အမ်ဳိးသား(၅၂၂)ဦး ႏွင့္ အမ်ဳိးသမီး(၂၂၁)ဦး၊ ကေလး(၄၂)ဦး စုစုေပါင္း (၇၈၅)ဦး ရွိၿပီျဖစ္ေၾကာင္း သိရသည္။

~~~~~~~~⊰❂ unicode ~~~~~~~~
ထိုင်းနိုင်ငံအတွင်း တရားမဝင် သွားရောက်နေထိုင်ပြီး အလုပ် လုပ်ကိုင်ရာမှ ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများအား ထိုင်းဘက်က တာချီလိတ်သို့ ဇွန်လ(၈)ရက်နေ့က လွှဲပြောင်းလာရာ ကလေးများ အပါအဝင် (၁၂)ဦးရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်း ဖမ်းဆီးရမိသည့် မြန်မာနိုင်ငံသားများအား လွှဲပြောင်းလာရာတွင် အမျိုးသား(၈)ဦး နှင့် အမျိုးသမီး(၂)ဦး အပြင် ကလေးငယ်(၂)ဦး စုစုပေါင်း (၁၀)ဦး ပါဝင်ကြောင်း သိရသည်။

ထိုင်းဘက်မှ ယင်းသို့ လာရောက် လွှဲပြောင်းလာရာတွင် မြန်မာဘက်မှ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ လဝက၊ လူကုန်ကူးမှုတိုက်ဖျက်ရေးရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့တို့မှ ပါဝင်ကာ လက်ခံခဲ့ကြပြီး လွှဲပြောင်းလာရာတွင် မြန်မာနိုင်ငံသား ဟုတ် မဟုတ်ကိုလည်း စိစစ်ပြီးမှ လက်ခံခြင်း ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ မြန်မာဘက်သို့ တရားမဝင်ရွှေ့ပြောင်းမြန်မာနိုင်ငံသားများ လွှဲပြောင်း လာရာတွင် ၂၀၁၇ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့မှ ယနေ့အချိန်အထိ အမျိုးသား(၅၂၂)ဦး နှင့် အမျိုးသမီး(၂၂၁)ဦး၊ ကလေး(၄၂)ဦး စုစုပေါင်း (၇၈၅)ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~