ကယားျပည္နယ္တြင္ ဖမ္းဆီးထားေသာသစ္မ်ားကို ေလလံတင္ေရာင္းခ်သြားမည္

ကယားျပည္နယ္တြင္ ဖမ္းဆီးထားေသာသစ္မ်ားကို ေလလံတင္ေရာင္းခ်သြားမည္
ဇွန် 23, 2017
By Tachileik News Agency

ကယားျပည္နယ္တြင္း ဖမ္းဆီးရမိထားေသာ တရားမဝင္သစ္မ်ားကို ေဒသခံမ်ား ျပန္လည္အသံုးျပဳႏုိင္ရန္ ေလလံတင္ေရာင္းခ်ေပးသြားမည္ျဖစ္ၾကာင္း သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီး ဦးတီရယ္ ထံမွ သိရသည္။

“ ကြ်န္ေတာ္တို႔ ျပည္နယ္ထဲက ၿမိဳ႕နယ္ ခုႏွစ္ၿမိဳ႕နယ္လုံးမွာ ဖမ္းထားတဲ့ တရားမဝင္သစ္ေတြ အကုန္ေပါ့။ အလ်ဥ္းသင့္သလို ျပန္ေရာင္းခ်ေပးသြားမွာေပါ့။ ကၽြန္ေတာ့္လက္ထက္မွာေတာ့ တစ္ခါပဲ ေရာင္းရေသးတယ္။ ထပ္ေရာင္းခ်ေပးဖို႔လည္း ရွိေသးတယ္။ ဘယ္ခ်ိန္လည္းေတာ့ မေျပာတတ္ေသးဘူး။ ေရာင္းေတာ့မယ္ဆို ေၾကညာေပးမွာပါ ”ဟု သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီး ဦးတီရယ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ဖမ္းဆီးရမိထားသည့္ သစ္မ်ားအား ျပည္နယ္အစိုးရက ပထမအႀကိမ္ ေလလံတင္ ေရာင္းခ် ေပးထားၿပီးျဖစ္ေၾကာင္း သိရသည္။

“ပထမတစ္ခါ ေရာင္းေပးၿပီးၿပီလို႔ သိရတယ္။ ကၽြန္ေတာ္တို႔ မသိလိုက္ဘူးေပါ့။ မေရာင္းခင္ ႀကိဳၿပီး အမ်ားျမင္သာတဲ့ေနရာမွာ ေၾကညာေပးထားတာမ်ိဳးဆို ပိုေကာင္းတာေပါ့။ ကၽြန္ေတာ္တို႔လို သစ္လုပ္ငန္းေတြ လုပ္ကိုင္တဲ့သူေတြ အတြက္ ပိုအဆင္ေျပတာေပါ့ ။ သစ္လည္း ဝယ္ရခက္လာၿပီေလ ”ဟု လိြဳင္ေကာ္ၿမိဳ႕မွ လက္သမား လုပ္ကိုင္သူ ကိုေက်ာ္ႀကီးက ေျပာသည္။

အစိုးရသစ္လက္ထက္တြင္ ဖမ္းဆီးရမိထားေသာ တရားမဝင္သစ္မ်ားမွာ တန္ (၇၀၀) ရွိသည့္အနက္ တန္ခ်ိန္ (၁၇၀) ခန္႕ကို ေရာင္းခ်ထားၿပီး အဆိုပါေရာင္းခ်ရေငြမ်ားကို ျပည္နယ္အစိုးရ ရန္ပုံေငြသို႔ ေပးသြင္းရေၾကာင္းသိရသည္။

သတင္း - ဆန္းၿဖိဳးထြန္း


~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ်တွင်း ဖမ်းဆီးရမိထားသော တရားမဝင်သစ်များကို ဒေသခံများ ပြန်လည်အသုံးပြုနိုင်ရန် လေလံတင်ရောင်းချပေးသွားမည်ဖြစ်ကြာင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတီရယ် ထံမှ သိရသည်။

“ ကျွန်တော်တို့ ပြည်နယ်ထဲက မြို့နယ် ခုနှစ်မြို့နယ်လုံးမှာ ဖမ်းထားတဲ့ တရားမဝင်သစ်တွေ အကုန်ပေါ့။ အလျဉ်းသင့်သလို ပြန်ရောင်းချပေးသွားမှာပေါ့။ ကျွန်တော့်လက်ထက်မှာတော့ တစ်ခါပဲ ရောင်းရသေးတယ်။ ထပ်ရောင်းချပေးဖို့လည်း ရှိသေးတယ်။ ဘယ်ချိန်လည်းတော့ မပြောတတ်သေးဘူး။ ရောင်းတော့မယ်ဆို ကြေညာပေးမှာပါ ”ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးတီရယ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဖမ်းဆီးရမိထားသည့် သစ်များအား ပြည်နယ်အစိုးရက ပထမအကြိမ် လေလံတင် ရောင်းချ ပေးထားပြီးဖြစ်ကြောင်း သိရသည်။

“ပထမတစ်ခါ ရောင်းပေးပြီးပြီလို့ သိရတယ်။ ကျွန်တော်တို့ မသိလိုက်ဘူးပေါ့။ မရောင်းခင် ကြိုပြီး အများမြင်သာတဲ့နေရာမှာ ကြေညာပေးထားတာမျိုးဆို ပိုကောင်းတာပေါ့။ ကျွန်တော်တို့လို သစ်လုပ်ငန်းတွေ လုပ်ကိုင်တဲ့သူတွေ အတွက် ပိုအဆင်ပြေတာပေါ့။ သစ်လည်း ဝယ်ရခက်လာပြီလေ ”ဟု လွိုင်ကော်မြို့မှ လက်သမား လုပ်ကိုင်သူ ကိုကျော်ကြီးက ပြောသည်။

အစိုးရသစ်လက်ထက်တွင် ဖမ်းဆီးရမိထားသော တရားမဝင်သစ်များမှာ တန် (၇၀၀) ရှိသည့်အနက် တန်ချိန် (၁၇၀) ခန့်ကို ရောင်းချထားပြီး အဆိုပါရောင်းချရငွေများကို ပြည်နယ်အစိုးရ ရန်ပုံငွေသို့ ပေးသွင်းရကြောင်းသိရသည်။

သတင်း - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~