ေက်ာက္မဲတြင္ မီးေလာင္မႈေၾကာင့္ ဆံုးရႈံးခဲ့ရသည့္ အိမ္ေထာင္စု(၁၈)စုအတြက္ အိမ္ေထာင္စုစာရင္းႏွင့္မွတ္ပံုတင္မ်ားအား လ၀ကမွ အခမဲ့ ျပဳလုပ္ေပးမည္

ေက်ာက္မဲတြင္ မီးေလာင္မႈေၾကာင့္ ဆံုးရႈံးခဲ့ရသည့္ အိမ္ေထာင္စု(၁၈)စုအတြက္ အိမ္ေထာင္စုစာရင္းႏွင့္မွတ္ပံုတင္မ်ားအား လ၀ကမွ အခမဲ့ ျပဳလုပ္ေပးမည္
ဇွန် 8, 2017
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕ အမွတ္(၃) ရပ္ကြက္တြင္ ဇြန္လ(၆) ရက္ေန႔ နံနက္အေစာပိုင္းက ျဖစ္ပြားခဲ့သည့္ မီးေလာင္မႈတြင္ ပါဝင္သည့္ မီးေဘးသင့္ အိမ္ေထာင္စု(၁၈)စုမွ ပ်က္စီးဆံုးရႈံးသြားသည့္ အိမ္ေထာင္စု စာရင္းမ်ားႏွင့္ မွတ္ပံုတင္မ်ားအတြက္ ေက်ာက္မဲၿမိဳ႕နယ္ လ၀ကမွ အခမဲ့ျပန္လည္ လုပ္ေဆာင္ ေပးမည္ျဖစ္ေၾကာင္း သိရသည္။

"အခုေတာ့ မီးေဘးသင့္ျပည္သူေတြထဲက အိမ္ေထာင္စုေတြ၊ မွတ္ပံုတင္ေတြ ေပ်ာက္ဆံုးပ်က္စီး သြားခဲ့သူေတြကို စာရင္း ေကာက္ယူေနပါတယ္၊ အိမ္ေထာင္စုက (၁၈)စုရွိတယ္ေလ၊ အဲ့ထဲကမွ ရွိၿပီးသားေတြ ပ်က္စီးသြားတဲ့ သူေတြကို ျပန္လုပ္ေပးမွာ ျဖစ္ပါတယ္၊ ဇြန္လ(၉)ရက္ေန႔မွာ ျပည္နယ္ရံုးကိုသြားၿပီး ပံုစံေတြ အပ္ဖို႔ရွိပါတယ္၊ ေသြးေႏွာေတြပါေနတဲ့ အတြက္ ျပည္နယ္အထိ တင္ျပၿပီး ခြင့္ျပဳခ်က္ ေတာင္းခံရမွာ ျဖစ္ပါတယ္"ဟု ေက်ာက္မဲၿမိဳ႕နယ္လူဝင္မႈႀကီးၾကပ္ေရးဌာန( လဝက )မွ ၿမိဳ႕နယ္ဦးစီးအရာရွိ ဦးသန္းေဌးက တာခ်ီလိတ္သတင္းေအဂ်င္စီ သို႔ ေျပာသည္။

မီးေလာင္မႈတြင္ ေနအိမ္မ်ား ပ်က္စီးဆံုးရံႈးခဲ့ရသည့္ အိမ္ေထာင္စု(၁၈)စုရွိ လူဦးေရ (၆၁)တြင္ အိမ္ေထာင္စု စာရင္းႏွင့္ မွတ္ပံုတင္ကတ္မ်ား ပိုင္ဆိုင္မႈ ရွိၿပီးသူမ်ားကို စာရင္းေကာက္ယူ၍ အခမဲ့ ျပန္လည္လုပ္ေဆာင္ ေပးမည္ ျဖစ္ၿပီး ပုဒ္မ(၅)ႏိုင္ငံသားကတ္ကိုုင္ေဆာင္သူ(၂)ဦးခန္႔သာရွိၿပီး၊ ပုဒ္မ(၆)ႏွင့္(၇) ေသြးေႏွာကတ္ ကိုင္ေဆာင္သူမ်ား အတြက္ ကတ္မ်ားမွာ ျပည္နယ္အဆင့္ထိ တင္ျပၿပီး ခြင့္ျပဳခ်က္ရရွိမွသာ ဆက္လက္ လုပ္ကိုင္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

"ေလာေလာဆယ္ကေတာ့ မီးေဘးသင့္သူေတြထဲက တစ္ခ်ိဳ႕က ေဆြမ်ိဳးနီးစပ္အိမ္ေတြမွာေန ေနၾကတယ္၊ တစ္ခ်ိဳ႕ ကေတာ့ ဌာနဆိုင္ရာနဲ႔ စစ္တပ္က ေဆာက္လုပ္ေပးထားတဲ့ ယာယီအေဆာက္အဦးေတြမွာ ေန ေနၾကတယ္၊ ရပ္နီးရပ္ေဝးက အလွဴရွင္တစ္ခ်ိဳ႕ဆီကေန အစားအစာတို႔ ေငြေၾကးတို႔ အဝတ္အထည္တို႔ လွဴေနၾကတာေတြ ရွိတယ္၊ မီးထဲပါသြားတဲ့ မွတ္ပံုတင္တို႔ အိမ္ေထာင္စုစာရင္းတို႔ စတာေတြကို ေက်ာက္မဲ လဝကရံုးကေန ျပန္လုပ္ေပးမယ္လို႔ေတာ့ ၾကားတယ္"ဟု မီးေဘးသင့္သူမ်ားေနထိုင္ရာ ရပ္ကြက္မွ ကိုေအာင္တိုးက ေျပာသည္။

ရွမ္းျပည္နယ္ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕၊ အမွတ္(၃)ရပ္ကြက္၊ နယ္ေျမ(၅)ရွိ ေရခဲစက္ဝန္းအတြင္းရွိ လူအမ်ား စုေပါင္းေနထိုင္ရာ အိမ္ခန္းတြဲမ်ားမွာ ဇြန္လ(၆) ရက္ေန႔ နံနက္(၂)နာရီဝန္းက်င္အခ်ိန္က မီးအားျမႇင့္စက္ အပူလြန္ကဲရာမွ မီးေလာင္မႈျဖစ္ပြားခဲ့ရာ မီးေဘးသင့္ အိမ္ေထာင္စု(၁၈)စုရွိၿပီး လူဦးေရ (၆၁)ဦး ရွိေၾကာင္း သိရသည္။

သတင္း - ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ အမှတ်(၃) ရပ်ကွက်တွင် ဇွန်လ(၆) ရက်နေ့ နံနက်အစောပိုင်းက ဖြစ်ပွားခဲ့သည့် မီးလောင်မှုတွင် ပါဝင်သည့် မီးဘေးသင့် အိမ်ထောင်စု(၁၈)စုမှ ပျက်စီးဆုံးရှုံးသွားသည့် အိမ်ထောင်စု စာရင်းများနှင့် မှတ်ပုံတင်များအတွက် ကျောက်မဲမြို့နယ် လဝကမှ အခမဲ့ပြန်လည် လုပ်ဆောင် ပေးမည်ဖြစ်ကြောင်း သိရသည်။

"အခုတော့ မီးဘေးသင့်ပြည်သူတွေထဲက အိမ်ထောင်စုတွေ၊ မှတ်ပုံတင်တွေ ပျောက်ဆုံးပျက်စီး သွားခဲ့သူတွေကို စာရင်း ကောက်ယူနေပါတယ်၊ အိမ်ထောင်စုက (၁၈)စုရှိတယ်လေ၊ အဲ့ထဲကမှ ရှိပြီးသားတွေ ပျက်စီးသွားတဲ့ သူတွေကို ပြန်လုပ်ပေးမှာ ဖြစ်ပါတယ်၊ ဇွန်လ(၉)ရက်နေ့မှာ ပြည်နယ်ရုံးကိုသွားပြီး ပုံစံတွေ အပ်ဖို့ရှိပါတယ်၊ သွေးနှောတွေပါနေတဲ့ အတွက် ပြည်နယ်အထိ တင်ပြပြီး ခွင့်ပြုချက် တောင်းခံရမှာ ဖြစ်ပါတယ်"ဟု ကျောက်မဲမြို့နယ်လူဝင်မှုကြီးကြပ်ရေးဌာန( လဝက )မှ မြို့နယ်ဦးစီးအရာရှိ ဦးသန်းဌေးက တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။

မီးလောင်မှုတွင် နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ရသည့် အိမ်ထောင်စု(၁၈)စုရှိ လူဦးရေ (၆၁)တွင် အိမ်ထောင်စု စာရင်းနှင့် မှတ်ပုံတင်ကတ်များ ပိုင်ဆိုင်မှု ရှိပြီးသူများကို စာရင်းကောက်ယူ၍ အခမဲ့ ပြန်လည်လုပ်ဆောင် ပေးမည် ဖြစ်ပြီး ပုဒ်မ(၅)နိုင်ငံသားကတ်ကိုင်ဆောင်သူ(၂)ဦးခန့်သာရှိပြီး၊ ပုဒ်မ(၆)နှင့်(၇) သွေးနှောကတ် ကိုင်ဆောင်သူများ အတွက် ကတ်များမှာ ပြည်နယ်အဆင့်ထိ တင်ပြပြီး ခွင့်ပြုချက်ရရှိမှသာ ဆက်လက် လုပ်ကိုင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

"လောလောဆယ်ကတော့ မီးဘေးသင့်သူတွေထဲက တစ်ချို့က ဆွေမျိုးနီးစပ်အိမ်တွေမှာနေ နကြေတယ်၊ တစ်ချို့ ကတော့ ဌာနဆိုင်ရာနဲ့ စစ်တပ်က ဆောက်လုပ်ပေးထားတဲ့ ယာယီအဆောက်အဦးတွေမှာ နေ နကြေတယ်၊ ရပ်နီးရပ်ဝေးက အလှူရှင်တစ်ချို့ဆီကနေ အစားအစာတို့ ငွေကြေးတို့ အဝတ်အထည်တို့ လှူနကြေတာတွေ ရှိတယ်၊ မီးထဲပါသွားတဲ့ မှတ်ပုံတင်တို့ အိမ်ထောင်စုစာရင်းတို့ စတာတွေကို ကျောက်မဲ လဝကရုံးကနေ ပြန်လုပ်ပေးမယ်လို့တော့ ကြားတယ်"ဟု မီးဘေးသင့်သူများနေထိုင်ရာ ရပ်ကွက်မှ ကိုအောင်တိုးက ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့၊ အမှတ်(၃)ရပ်ကွက်၊ နယ်မြေ(၅)ရှိ ရေခဲစက်ဝန်းအတွင်းရှိ လူအများ စုပေါင်းနေထိုင်ရာ အိမ်ခန်းတွဲများမှာ ဇွန်လ(၆) ရက်နေ့ နံနက်(၂)နာရီဝန်းကျင်အချိန်က မီးအားမြှင့်စက် အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးဘေးသင့် အိမ်ထောင်စု(၁၈)စုရှိပြီး လူဦးရေ (၆၁)ဦး ရှိကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~