ေက်ာက္မဲတြင္ အမည္မသိအမ်ဳိးသားအေလာင္း တစ္ေလာင္း ေတြ႕ရွိ

ေက်ာက္မဲတြင္ အမည္မသိအမ်ဳိးသားအေလာင္း တစ္ေလာင္း ေတြ႕ရွိ
ဇွန် 26, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)ေက်ာက္မဲၿမိဳ႕ ၊ အမွတ္(၉)ရပ္ကြက္၊ ေတာင္ေနာက္ေက်းရြာ ဘုန္းႀကီးေက်ာင္း အနီး ေရေခ်ာင္းစပ္နံေဘးတြင္ အမည္မသိ အမ်ိဳးသားတစ္ဦး၏ အေလာင္းအား ဇြန္လ(၂၆)ရက္ နံနက္အေစာပိုင္းက ေတြ႔ရွိခဲ့သျဖင့္ ေသဆံုးမႈျဖစ္စဥ္အား သက္ဆိုင္ရာမွ စစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

"ေသဆံုးသူက အဲ့ဒီေက်းရြာေဒသခံ မဟုတ္ဘူး၊ (၂၅)ရက္ေန႔ကမွ သူ႕ကို ေတြ႔ရတယ္၊ စိတ္လည္းသိပ္မွန္ပံုမရဘူး လို႔ ေက်းရြာက လူေတြက ေျပာတယ္၊ သူကဘယ္က ဆိုတာလဲ မသိရဘူး၊ ဒီမနက္(၅)နာရီ ေက်ာ္ေလာက္က အဲ့ဒီအမ်ိဳးသား ေရေခ်ာင္းမွာေရေသာက္ေနတာကို ေက်းရြာသားေတြက ေတြ႔ခဲ့ေသးတယ္လို႔ ေျပာၾကတဲ့ အတြက္(၅)နာရီေနာက္ပိုင္းမွာ ေသသြားတာျဖစ္မယ္၊ အေလာင္းကို သြားသယ္တာကေတာ့ ကြ်န္ေတာ္ကိုယ္တိုင္ သြားသယ္တာပါ"ဟု ေသဆံုးသူအား သြားေရာက္ သယ္ယူေပးခဲ့သူ ေက်ာက္မဲၿမိဳ႕ ဇီဝိတလူမႈကူညီေရးအသင္းမွ ကိုေစာမင္းၾကဴ က ေျပာသည္။

ေသဆံုးသူမွာ သက္လတ္ပိုင္းအရြယ္ အမ်ိဳးသားတစ္ဦးျဖစ္ၿပီး မည္သူမည္ဝါမွန္း မသိရွိရေၾကာင္းႏွင့္ အဆိုပါ အေလာင္းအား ေက်ာက္မဲၿမိဳ႕ ျပည္သူ႔ေဆးရံုသို႔ နံနက္(၆)နာရီခန္႔တြင္ ပို႔ေဆာင္ေပးထားေၾကာင္း ၎က ေျပာသည္။

"အေလာင္းကိုေတာ့ ေဆးရံုကိုပို႔ထားၿပီး စစ္ေဆးေနတုန္းပဲ ရွိပါေသးတယ္၊ ဘယ္လိုအက္ရွင္ ယူမလည္းဆိုတာ မသိရေသးတဲ့အတြက္ အမႈမဖြင့္ရေသးဘူး၊ စစ္ေဆးခ်က္ေတြကို သိရွိရၿပီးတဲ့အခ်ိန္က်မွ သက္ဆိုင္သလို ဆက္ၿပီး လုပ္ေဆာင္သြားရမွာပါ"ဟု ေက်ာက္မဲၿမိဳ႕မရဲစခန္းမွ ရဲအရာရွိတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီ သို႔ ေျပာသည္။

ေက်ာက္မဲ - မိုးကုတ္ အေဝးေျပးလမ္းေပၚရွိ အမွတ္(၉)ရပ္ကြက္၊ ေတာင္ေနာက္ေက်းရြာဘုန္းႀကီးေက်ာင္း ေတာင္ေျခအနီး လမ္းကူးတံတားတစ္ခုတည္ရွိသည့္ ေရေခ်ာင္းကမ္းစပ္နံေဘးတြင္ ေသဆံုးသူအား ေတြ႔ရွိခဲ့ျခင္းျဖစ္ၿပီး အဆိုပါေရေခ်ာင္းမွာ ေရတိမ္ေခ်ာင္းတစ္ခုသာျဖစ္ေၾကာင္း သိရသည္။

သတင္း - ေနၿဖိဳးျမင့္
ဓာတ္ပံု - ကိုေစာမင္းၾကဴ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲမြို့၊ အမှတ်(၉)ရပ်ကွက်၊ တောင်နောက်ကျေးရွာ ဘုန်းကြီးကျောင်း အနီး ရေချောင်းစပ်နံဘေးတွင် အမည်မသိ အမျိုးသားတစ်ဦး၏ အလောင်းအား ဇွန်လ(၂၆)ရက် နံနက်အစောပိုင်းက တွေ့ရှိခဲ့သဖြင့် သေဆုံးမှုဖြစ်စဉ်အား သက်ဆိုင်ရာမှ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

"သေဆုံးသူက အဲ့ဒီကျေးရွာဒေသခံ မဟုတ်ဘူး၊ (၂၅)ရက်နေ့ကမှ သူ့ကို တွေ့ရတယ်၊ စိတ်လည်းသိပ်မှန်ပုံမရဘူး လို့ ကျေးရွာက လူတွေက ပြောတယ်၊ သူကဘယ်က ဆိုတာလဲ မသိရဘူး၊ ဒီမနက်(၅)နာရီ ကျော်လောက်က အဲ့ဒီအမျိုးသား ရေချောင်းမှာရေသောက်နေတာကို ကျေးရွာသားတွေက တွေ့ခဲ့သေးတယ်လို့ ပြောကြတဲ့ အတွက်(၅)နာရီနောက်ပိုင်းမှာ သေသွားတာဖြစ်မယ်၊ အလောင်းကို သွားသယ်တာကတော့ ကျွန်တော်ကိုယ်တိုင် သွားသယ်တာပါ"ဟု သေဆုံးသူအား သွားရောက် သယ်ယူပေးခဲ့သူ ကျောက်မဲမြို့ ဇီဝိတလူမှုကူညီရေးအသင်းမှ ကိုစောမင်းကြူ က ပြောသည်။

သေဆုံးသူမှာ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး မည်သူမည်ဝါမှန်း မသိရှိရကြောင်းနှင့် အဆိုပါ အလောင်းအား ကျောက်မဲမြို့ ပြည်သူ့ဆေးရုံသို့ နံနက်(၆)နာရီခန့်တွင် ပို့ဆောင်ပေးထားကြောင်း၎င်းက ပြောသည်။

"အလောင်းကိုတော့ ဆေးရုံကိုပို့ထားပြီး စစ်ဆေးနေတုန်းပဲ ရှိပါသေးတယ်၊ ဘယ်လိုအက်ရှင် ယူမလည်းဆိုတာ မသိရသေးတဲ့အတွက် အမှုမဖွင့်ရသေးဘူး၊ စစ်ဆေးချက်တွေကို သိရှိရပြီးတဲ့အချိန်ကျမှ သက်ဆိုင်သလို ဆက်ပြီး လုပ်ဆောင်သွားရမှာပါ"ဟု ကျောက်မဲမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။

ကျောက်မဲ - မိုးကုတ် အဝေးပြေးလမ်းပေါ်ရှိ အမှတ်(၉)ရပ်ကွက်၊ တောင်နောက်ကျေးရွာဘုန်းကြီးကျောင်း တောင်ခြေအနီး လမ်းကူးတံတားတစ်ခုတည်ရှိသည့် ရေချောင်းကမ်းစပ်နံဘေးတွင် သေဆုံးသူအား တွေ့ရှိခဲ့ခြင်းဖြစ်ပြီး အဆိုပါရေချောင်းမှာ ရေတိမ်ချောင်းတစ်ခုသာဖြစ်ကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - ကိုစောမင်းကြူ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~