တာခ်ီလိတ္ေလဆိပ္တြင္ တရုတ္ႏိုင္ငံသား တစ္ဦးထံက ေရႊတံုးမ်ား ဖမ္းဆီးရမိ

တာခ်ီလိတ္ေလဆိပ္တြင္ တရုတ္ႏိုင္ငံသား တစ္ဦးထံက ေရႊတံုးမ်ား ဖမ္းဆီးရမိ
ဇွန် 6, 2017
By Tachileik News Agency

တာခ်ီလိတ္ေလဆိပ္တြင္ တာခ်ီလိတ္မွ ရန္ကုန္သို႔ Air KBZ ေလေၾကာင္းလိုင္းျဖင့္ လိုက္ပါမည့္ တရုတ္ႏုိင္ငံသား ခရီးသည္ တစ္ဦးထံက တရားမ၀င္သယ္ေဆာင္လာသည့္ ေရႊစုစုေပါင္း (၂.၁၅)ကီလို ဂရမ္ခန္႔အား ဖမ္းဆီးသိမ္းဆည္းရမိေၾကာင္း သိရသည္။

ေမလ(၆)ရက္ေန႔ ညေန(၃)နာရီ၀န္းက်င္အခ်ိန္က တာခ်ီလိတ္ေလဆိပ္ရွိ Body Search ခန္းတြင္ တာခ်ီလိတ္မွ ထြက္ခြာမည့္ ခရီးသည္မ်ားအား စစ္ေဆးေဆာင္ရြက္မႈမ်ားကို သက္ဆိုင္ရာမ်ားက ျပဳလုပ္ေနစဥ္ ရန္ကုန္သို႔ လိုက္ပါမည့္ တရုတ္ႏိုင္ငံသား Teng Liangbing  ၀တ္ဆင္ထားသည့္ ဖိနပ္အတြင္းက ေရႊတံုးမ်ားကို ရွာေဖြေတြ႕ရွိရျခင္း ျဖစ္ေၾကာင္း သိရသည္။

"ရွာေဖြစစ္ေဆးမႈေတြ လုပ္ေတာ့ ဖိနပ္တစ္ဖက္စီမွာ ေရႊတံုး(၂)တံုးစီ ထည့္ထားတာကို စစ္ေဆးေတြ႕ရွိရလို႔ အခုေတာ့ ဥပေဒအရ အေရးယူႏိုင္ရန္အတြက္ ေဆာင္ရြက္ေနပါတယ္။"ဟု ရဲတပ္ဖြဲ႔၀င္ တစ္ဦးက ေျပာသည္။

ရွာေဖြေတြ႕ရွိရာတြင္ ေရႊတံုး(၄)တံုးျဖစ္ၿပီး စုစုေပါင္း အေလးခ်ိန္မွာ (၂.၁၅)ကီလိုဂရမ္ခန္႔ ရွိေၾကာင္း ႏွင့္ အဆိုပါ ေရႊတံုးမ်ားကို ရဲတပ္ဖြဲ႔မွ တဆင့္ အေကာက္ခြန္ဦးစီးဌာနသို႔ အပ္ႏွံလိုက္ၿပီး တာခ်ီလိတ္ၿမိဳ႕မ ရဲစခန္းတြင္ အမႈဖြင့္အေရးယူႏိုင္ရန္အတြက္ ေဆာင္ရြက္ေနလ်က္ရွိေၾကာင္း သိရသည္။



~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်လေဆိပ်တွင် တာချီလိတ်မှ ရန်ကုန်သို့ Air KBZ လေကြောင်းလိုင်းဖြင့် လိုက်ပါမည့် တရုတ်နိုင်ငံသား ခရီးသည်တစ်ဦးထံက တရားမဝင်သယ်ဆောင်လာသည့် ရွှေစုစုပေါင်း (၂.၁၅)ကီလိုဂရမ်ခန့်အား ဖမ်းဆီးသိမ်းဆည်းရမိကြောင်း သိရသည်။

မေလ(၆)ရက်နေ့ ညနေ(၃)နာရီဝန်းကျင်အချိန်က တာချီလိတ်လေဆိပ်ရှိ Body Search ခန်းတွင် တာချီလိတ်မှ ထွက်ခွာမည့် ခရီးသည်များအား စစ်ဆေးဆောင်ရွက်မှုများကို သက်ဆိုင်ရာများက ပြုလုပ်နေစဉ် ရန်ကုန်သို့ လိုက်ပါမည့် တရုတ်နိုင်ငံသား Teng Liangbing ဝတ်ဆင်ထားသည့် ဖိနပ်အတွင်းက ရွှေတုံးများကို ရှာဖွေတွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

"ရှာဖွေစစ်ဆေးမှုတွေ လုပ်တော့ ဖိနပ်တစ်ဖက်စီမှာ ရွှေတုံး(၂)တုံးစီ ထည့်ထားတာကို စစ်ဆေးတွေ့ရှိရလို့ အခုတော့ ဥပဒေအရ အရေးယူနိုင်ရန်အတွက် ဆောင်ရွက်နေပါတယ်။"ဟု ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

ရှာဖွေတွေ့ရှိရာတွင် ရွှေတုံး(၄)တုံးဖြစ်ပြီး စုစုပေါင်း အလေးချိန်မှာ (၂.၁၅)ကီလိုဂရမ်ခန့် ရှိကြောင်း နှင့် အဆိုပါ ရွှေတုံးများကို ရဲတပ်ဖွဲ့မှ တဆင့် အကောက်ခွန်ဦးစီးဌာနသို့ အပ်နှံလိုက်ပြီး တာချီလိတ်မြို့မ ရဲစခန်းတွင် အမှုဖွင့်အရေးယူနိုင်ရန်အတွက် ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~