အႀကိဳက္ဆံုးစကားစုတစ္ရပ္ - (အေတြးအျမင္)

အႀကိဳက္ဆံုးစကားစုတစ္ရပ္ - (အေတြးအျမင္)
ဇွန် 9, 2017
By Tachileik News Agency

 "ႏိုင္ငံေရးသမားဆိုရင္လည္း စာေပလြတ္လပ္ခြင့္၊ မီဒီယာ လြတ္လပ္ခြင့္ ေတြကို ထိပါးခဲ့ရင္ အဲဒီ ႏိုင္ငံေရးသမားဟာ ႏိုင္ငံေရး ပါရာဇိကက်တယ္ လို႔ ဆိုရမွာပါ"တဲ့။

ဇြန္လ(၇)ရက္ေန႔ အမ်ိဳးသားလႊတ္ေတာ္အစည္းအေဝးမွာ ေထာင္စုႏွစ္ ရည္မွန္းခ်က္(၁၇)ခ်က္မွ စတုတၳအခ်က္ျဖစ္တဲ့ QUALITY EDUCATION အတြက္ေဆြးေႏြးတဲ့အခါ အမ်ိဳးသားလႊတ္ေတာ္
ကိုယ္စားလွယ္ဦးရဲထြဋ္ ေျပာခဲ့တဲ့စကားပါ။

"စာေရးဆရာေတြကလည္း လြတ္လပ္စြာ ေရးသားၾကရမွာပဲ။ ဒီထဲက မွန္တာကို ယူရမွာပဲ။ အဲဒီေတာ့ အာဏာရွင္ေတြဟာ စာေပလြတ္လပ္ခြင့္ကို ထိပါးခဲ့တဲ့ အာဏာရွင္ေပါင္း မ်ားစြာဟာ နိဂံုးခ်ဳပ္ မေကာင္းဘဲ၊ အဆံုးသတ္မေကာင္းဘဲက်ဆံုးခဲ့ရတာေတြ ေတြ႕ရပါတယ္။ စာေပလြတ္လပ္ခြင့္နဲ႔ မီဒီယာ လြတ္လပ္ခြင့္ကိုေတာ့ ဒီေန႔ကၽြန္ေတာ္တို႔ ႏိုင္ငံမွာ ဒီမိုကေရစီကို ဆက္လက္ ေလွ်ာက္လွမ္း ခ်င္တယ္ဆိုလို႔ရွိရင္ လံုးဝလြတ္လပ္ခြင့္ ေပးဖို႔လိုတယ္။ ျပဳစုပ်ိဳးေထာင္ဖို႔လိုတယ္"လို႔
ေဆြးေႏြးထားပါတယ္။

သံဃာေတာ္မ်ားအတြက္ ျမတ္ဘုရား ပဉာတ္ေတာ္မူခဲ့တဲ့ ပါရာဇိက ကံ ေလးပါး။ အေရးအႀကီးဆံုး။ ျမတ္ဘုရားေသာ္မွ ကယ္တင္လို႔ မရႏိုင္တဲ့ အႀကီးမားဆံုး သိကၡာပုဒ္ေတာ္ႀကီးေတြနဲ႔ ထပ္တူ ျပဳေျပာျပထားတာ။ အတိတ္၊ပစၥဳပၸန္၊ အနာဂတ္ေတြမွာ ဒီမိုကေရစီစနစ္ စစ္စစ္မွန္မွန္
ထူေထာင္ခ်င္ရင္ ႏိုင္ငံေရးသမားဆိုသူေတြ တင္းျပည့္ က်ပ္ျပည့္ လိုက္နာရမဲ့ ဥပေဒသ။ သေဘာက်လိုက္တာ။

ဗိုလ္ခ်ဳပ္ေအာင္ဆန္းေျပာခဲ့တဲ့ ဒီမိုကေရစီ က်င့္စဥ္နဲ႔ ကြက္တိက်တဲ့ အျမင္။ အေျပာ။ တင္ျပခ်က္။ ဘယ္သူဘဲ ျဖစ္ျဖစ္။ ဘယ္ပါတီက ျဖစ္ျဖစ္ ေလးစားပါတယ္။

ဗိုလ္ခ်ဳပ္ေျပာခဲ့သလို လူ႔အခြင့္အေရး၊ လြတ္လပ္မႈကို တင္းျပည့္ က်ပ္ျပည့္မရေသးရင္ ဒီ ဒီမိုကေရစီဟာလည္း ဒီမိုကေရစီ အစစ္ မဟုတ္ေသးဘူး တဲ့။

တိုင္းျပည္နဲ႔ လူမ်ိဳးတိုးတက္ေစခ်င္ရင္ ပုဂၢိဳလ္ေရး မဆန္တဲ့ လြတ္လပ္စြာ ေဝဖန္ သံုးသပ္ ေရးသား ေျပာဆိုခြင့္ေတြ ရွိသင့္တာေတာ့ အမွန္ပါပဲ။

ခုေတာ့ ကၽြန္ေတာ္တို႔ အမ်ားစုဟာ ဘာဘဲေျပာေျပာ၊ ဘာဘဲေရးေရး ၆၆(ဃ)ဆိုတာႀကီးကို လန္႔ေနၾကရတယ္။ ျမင္တာ၊ မွန္မယ္ထင္တာ ေျပာဖို႔ေတာင္ နႈတ္ေတြတြန္႔၊ လက္ေတြရံြ႕ေနၾက
ရတယ္။

ကၽြန္ေတာ္တို႔လည္း ႏိုင္ငံေရးသမားႀကီးမ်ားလို တိုင္းျပည္ကို ခ်စ္ၾကပါတယ္။ တိုင္းျပည္ေကာင္းက်ိဳး ျဖစ္ထြန္းေစခ်င္ပါတယ္။ ဒါေပမဲ့ ေနရာတိုင္း ကန္႔သတ္မႈေတြ၊ စိုးေၾကာက္ေနရမႈေတြ ဦးစီးေနရင္ေတာ့ ကၽြန္ေတာ္တို႔ အေျပာ၊ အေရးေတြဟာ ဘုန္းေတာ္ဘဲြ႕ အေျမႇာက္အပင့္ စကားလံုးေတြၾကား စံုးစံုးျမဳပ္ေနရဦးမွာပါ။

ဦးခင္ေမာင္ျမင့္(ေရႊမဟာ)


~~~~~~~~⊰❂ unicode ~~~~~~~~

 "နိုင်ငံရေးသမားဆိုရင်လည်း စာပေလွတ်လပ်ခွင့်၊ မီဒီယာ လွတ်လပ်ခွင့် တွေကို ထိပါးခဲ့ရင် အဲဒီ နိုင်ငံရေးသမားဟာ နိုင်ငံရေး ပါရာဇိကကျတယ် လို့ ဆိုရမှာပါ"တဲ့။

ဇွန်လ(၇)ရက်နေ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ထောင်စုနှစ် ရည်မှန်းချက်(၁၇)ချက်မှ စတုတ္ထအချက်ဖြစ်တဲ့ QUALITY EDUCATION အတွက်ဆွေးနွေးတဲ့အခါ အမျိုးသားလွှတ်တော်
ကိုယ်စားလှယ်ဦးရဲထွဋ် ပြောခဲ့တဲ့စကားပါ။

"စာရေးဆရာတွေကလည်း လွတ်လပ်စွာ ရေးသားကြရမှာပဲ။ ဒီထဲက မှန်တာကို ယူရမှာပဲ။ အဲဒီတော့ အာဏာရှင်တွေဟာ စာပေလွတ်လပ်ခွင့်ကို ထိပါးခဲ့တဲ့ အာဏာရှင်ပေါင်း များစွာဟာ နိဂုံးချုပ် မကောင်းဘဲ၊ အဆုံးသတ်မကောင်းဘဲကျဆုံးခဲ့ရတာတွေ တွေ့ရပါတယ်။ စာပေလွတ်လပ်ခွင့်နဲ့ မီဒီယာ လွတ်လပ်ခွင့်ကိုတော့ ဒီနေ့ကျွန်တော်တို့ နိုင်ငံမှာ ဒီမိုကရေစီကို ဆက်လက် လျှောက်လှမ်း ချင်တယ်ဆိုလို့ရှိရင် လုံးဝလွတ်လပ်ခွင့် ပေးဖို့လိုတယ်။ ပြုစုပျိုးထောင်ဖို့လိုတယ်"လို့
ဆွေးနွေးထားပါတယ်။

သံဃာတော်များအတွက် မြတ်ဘုရား ပဉာတ်တော်မူခဲ့တဲ့ ပါရာဇိက ကံ လေးပါး။ အရေးအကြီးဆုံး။ မြတ်ဘုရားသော်မှ ကယ်တင်လို့ မရနိုင်တဲ့ အကြီးမားဆုံး သိက္ခါပုဒ်တော်ကြီးတွေနဲ့ ထပ်တူ ပြုပြောပြထားတာ။ အတိတ်၊ပစ္စုပ္ပန်၊ အနာဂတ်တွေမှာ ဒီမိုကရေစီစနစ် စစ်စစ်မှန်မှန်
ထူထောင်ချင်ရင် နိုင်ငံရေးသမားဆိုသူတွေ တင်းပြည့် ကျပ်ပြည့် လိုက်နာရမဲ့ ဥပဒေသ။ သဘောကျလိုက်တာ။

ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တဲ့ ဒီမိုကရေစီ ကျင့်စဉ်နဲ့ ကွက်တိကျတဲ့ အမြင်။ အပြော။ တင်ပြချက်။ ဘယ်သူဘဲ ဖြစ်ဖြစ်။ ဘယ်ပါတီက ဖြစ်ဖြစ် လေးစားပါတယ်။

ဗိုလ်ချုပ်ပြောခဲ့သလို လူ့အခွင့်အရေး၊ လွတ်လပ်မှုကို တင်းပြည့် ကျပ်ပြည့်မရသေးရင် ဒီ ဒီမိုကရေစီဟာလည်း ဒီမိုကရေစီ အစစ် မဟုတ်သေးဘူး တဲ့။

တိုင်းပြည်နဲ့ လူမျိုးတိုးတက်စေချင်ရင် ပုဂ္ဂိုလ်ရေး မဆန်တဲ့ လွတ်လပ်စွာ ဝေဖန် သုံးသပ် ရေးသား ပြောဆိုခွင့်တွေ ရှိသင့်တာတော့ အမှန်ပါပဲ။

ခုတော့ ကျွန်တော်တို့ အများစုဟာ ဘာဘဲပြောပြော၊ ဘာဘဲရေးရေး ၆၆(ဃ)ဆိုတာကြီးကို လန့်နကြေရတယ်။ မြင်တာ၊ မှန်မယ်ထင်တာ ပြောဖို့တောင် နှုတ်တွေတွန့်၊ လက်တွေရွံ့နကြေ
ရတယ်။

ကျွန်တော်တို့လည်း နိုင်ငံရေးသမားကြီးများလို တိုင်းပြည်ကို ချစ်ကြပါတယ်။ တိုင်းပြည်ကောင်းကျိုး ဖြစ်ထွန်းစေချင်ပါတယ်။ ဒါပေမဲ့ နေရာတိုင်း ကန့်သတ်မှုတွေ၊ စိုးကြောက်နေရမှုတွေ ဦးစီးနေရင်တော့ ကျွန်တော်တို့ အပြော၊ အရေးတွေဟာ ဘုန်းတော်ဘွဲ့ အမြှောက်အပင့် စကားလုံးတွကြေား စုံးစုံးမြုပ်နေရဦးမှာပါ။

ဦးခင်မောင်မြင့်(ရွှေမဟာ) 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~