မိုင္းျဖတ္ၿမိဳ႕ရွိ အလကခြဲ(ပါဆန္း)အား အလက(ပါဆန္း)အျဖစ္ အဆင့္တိုးျမႇင့္

မိုင္းျဖတ္ၿမိဳ႕ရွိ အလကခြဲ(ပါဆန္း)အား အလက(ပါဆန္း)အျဖစ္ အဆင့္တိုးျမႇင့္
ဇွန် 22, 2017
By Tachileik News Agency

တာခ်ီလိတ္ခရိုင္၊ မိုင္းျဖတ္ၿမိဳ႕နယ္၊ နမ့္ကုန္းေက်းရြာအုပ္စု၊ ပါဆန္းေက်းရြာရွိ အေျခခံပညာ အလယ္တန္းေက်ာင္းခြဲ(ပါဆန္း)အား အေျခခံပညာအလယ္တန္းေက်ာင္းအျဖစ္ အဆင့္တိုးျမႇင့္ခံရ၍ ဆိုင္းဘုတ္တင္ အခမ္းအနား ႏွင့္အတူ စတင္ဖြင့္လွစ္ျခင္း အခမ္းအနားအား ဇြန္လ(၂၂)ရက္ေန႔ နံနက္(၉)နာရီအခ်ိန္က က်င္းပျပဳလုပ္ေၾကာင္း သိရသည္။

အေျခခံပညာအလယ္တန္းေက်ာင္း(ပါဆန္း)အျဖစ္ အဆင့္တိုးျမႇင့္ျခင္း အခမ္းအနားသို႔ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးစိုင္းေက်ာက္ ႏွင့္ ဦးအားကို၊ မိုင္းျဖတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးစိုးလႈိင္ ႏွင့္ ဌာနဆိုင္ရာ အႀကီးအကဲမ်ား ပညာေရးဌာန မွ တာဝန္ရွိသူမ်ား ဆရာ/ဆရာမမ်ား တက္ေရာက္ၾကေၾကာင္း သိရသည္။

"ကြ်န္ေတာ္ က ပါဆန္းေက်းရြာ မွာေနတာပါ၊ ကြ်န္ေတာ့္ ကေလးေတြက မူလတန္းတက္ေနပါတယ္ အလယ္တန္း အဆင့္ကိုလည္း ၿမိဳ႕ထဲကေက်ာင္းကို သြားမတက္ရေတာ့ဘူးဆိုေတာ့ အရမ္းဝမ္းသာပါတယ္ ရြာက ၿမိဳ႕နဲ႔ အလွမ္းေဝတယ္ဆိုေတာ့ ကေလးေတြ သြားတာ လာတာေတြကို စိတ္မခ်ဘူးျဖစ္ေနတာ ဒီမွာဘဲ အလယ္တန္းထိ စာသင္ရေတာ့မယ္ဆိုေတာ့ အရမ္းဝမ္းသာပါတယ္၊ ေက်းဇူးတင္ပါတယ္"ဟု ပါဆန္းေက်းရြာသား တစ္ဦးက ဆိုသည္။

အဆိုပါ ေက်ာင္းတြင္ ဆရာ/ဆရာမ (၇)ဦးရွိၿပီး ေက်ာင္းသား/ေက်ာင္းသူ (၂၂၄)ဦးတို႔ကို အတန္းပညာ သင္ၾကားေပးလွ်က္ ရွိေၾကာင္း သိရသည္။

အေျခခံပညာအလယ္တန္းေက်ာင္းခြဲမွ အေျခခံပညာအလက္တန္းေက်ာင္းအျဖစ္သို႔ အဆင့္ တိုးျမႇင့္ခံရသည့္ ေက်ာင္းမ်ားတြင္ ရွမ္းျပည္နယ္အေရွ႕ပိုင္း၌ အလက(ပါဆန္း) အပါအ၀င္ ေက်ာင္း(၈)ေက်ာင္းရွိၿပီး၊ ရွမ္းျပည္နယ္ေတာင္ပိုင္းတြင္ ေက်ာင္း(၇၅)ေက်ာင္း ႏွင့္ ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္ ေက်ာင္း(၁၄)ေက်ာင္းတိုးျမႇင့္ခံရရာ ရွမ္းျပည္နယ္တစ္ခုလံုးတြင္ ေက်ာင္းေပါင္း(၉၇)ေက်ာင္း အေျခခံပညာအလယ္တန္းေက်ာင္းအျဖစ္သို႔ အဆင့္တိုးျမႇင့္ခံရေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ကိုသာ


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ နမ့်ကုန်းကျေးရွာအုပ်စု၊ ပါဆန်းကျေးရွာရှိ အခြေခံပညာ အလယ်တန်းကျောင်းခွဲ(ပါဆန်း)အား အခြေခံပညာအလယ်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ခံရ၍ ဆိုင်းဘုတ်တင် အခမ်းအနား နှင့်အတူ စတင်ဖွင့်လှစ်ခြင်း အခမ်းအနားအား ဇွန်လ(၂၂)ရက်နေ့ နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ကြောင်း သိရသည်။

အခြေခံပညာအလယ်တန်းကျောင်း(ပါဆန်း)အဖြစ် အဆင့်တိုးမြှင့်ခြင်း အခမ်းအနားသို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းကျောက် နှင့် ဦးအားကို၊ မိုင်းဖြတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင် နှင့် ဌာနဆိုင်ရာ အကြီးအကဲများ ပညာရေးဌာန မှ တာဝန်ရှိသူများ ဆရာ/ဆရာမများ တက်ရောက်ကြကြောင်း သိရသည်။

"ကျွန်တော် က ပါဆန်းကျေးရွာ မှာနေတာပါ၊ ကျွန်တော့် ကလေးတွေက မူလတန်းတက်နေပါတယ် အလယ်တန်း အဆင့်ကိုလည်း မြို့ထဲကကျောင်းကို သွားမတက်ရတော့ဘူးဆိုတော့ အရမ်းဝမ်းသာပါတယ် ရွာက မြို့နဲ့ အလှမ်းဝေတယ်ဆိုတော့ ကလေးတွေ သွားတာ လာတာတွေကို စိတ်မချဘူးဖြစ်နေတာ ဒီမှာဘဲ အလယ်တန်းထိ စာသင်ရတော့မယ်ဆိုတော့ အရမ်းဝမ်းသာပါတယ်၊ ကျေးဇူးတင်ပါတယ်"ဟု ပါဆန်းကျေးရွာသား တစ်ဦးက ဆိုသည်။

အဆိုပါ ကျောင်းတွင် ဆရာ/ဆရာမ (၇)ဦးရှိပြီး ကျောင်းသား/ကျောင်းသူ (၂၂၄)ဦးတို့ကို အတန်းပညာ သင်ကြားပေးလျှက် ရှိကြောင်း သိရသည်။

အခြေခံပညာအလယ်တန်းကျောင်းခွဲမှ အခြေခံပညာအလက်တန်းကျောင်းအဖြစ်သို့ အဆင့် တိုးမြှင့်ခံရသည့် ကျောင်းများတွင် ရှမ်းပြည်နယ်အရှေ့ပိုင်း၌ အလက(ပါဆန်း) အပါအဝင် ကျောင်း(၈)ကျောင်းရှိပြီး၊ ရှမ်းပြည်နယ်တောင်ပိုင်းတွင် ကျောင်း(၇၅)ကျောင်း နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကျောင်း(၁၄)ကျောင်းတိုးမြှင့်ခံရရာ ရှမ်းပြည်နယ်တစ်ခုလုံးတွင် ကျောင်းပေါင်း(၉၇)ကျောင်း အခြေခံပညာအလယ်တန်းကျောင်းအဖြစ်သို့ အဆင့်တိုးမြှင့်ခံရကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ကိုသာ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~