တာခ်ီလိတ္ရွိ အလက(၀မ္ပံု)အား အထက-ခြဲ(၀မ္ပံု)အျဖစ္ အဆင့္တိုးျမႇင့္ ဖြင့္လွစ္

တာခ်ီလိတ္ရွိ အလက(၀မ္ပံု)အား အထက-ခြဲ(၀မ္ပံု)အျဖစ္ အဆင့္တိုးျမႇင့္ ဖြင့္လွစ္
ဇွန် 9, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ၿမိဳ႕နယ္၊ မိုင္းဖုန္း(က)ေက်းရြာအုပ္စုရွိ အေျခခံပညာ အလယ္တန္းေက်ာင္း (၀မ္ပံု)အား အေျခခံပညာအထက္တန္းေက်ာင္း(ခြဲ)အျဖစ္ အဆင့္တိုးျမႇင့္ျခင္းႏွင့္ ဆိုင္းဘုတ္တင္ ဖြင့္လွစ္ျခင္း အခမ္းအနားကို ဇြန္လ(၉)ရက္ေန႔ နံနက္ပိုင္းက က်င္းပျပဳလုပ္ေၾကာင္း သိရသည္။

ယင္းဖြင့္ပြဲတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္မွ ေပးအပ္လွဴဒါန္းလာေသာ ကြန္ပ်ဴတာတစ္စံုအား ခရိုင္လ၀ကမွဴး ဦးေက်ာ္ေမာ္ထြန္းမွ တစ္ဆင့္ ေက်ာင္းအုပ္ဆရာမႀကီး ေဒၚတင္ေအး ထံသို႔ ေပးအပ္ လွဴဒါန္းေၾကာင္း သိရသည္။

အဆိုပါ အခမ္းအနားသို႔ ခရိုင္စီမံခန္႔ခြဲမႈေကာ္မတီ၊ အတြင္းေရးမွဴး ခရိုင္လ၀ကမွဴး ဦးေက်ာ္ေမာ္ထြန္း၊ ၀မ္ပံုေရေၾကာင္းရဲတပ္ဖြဲ႔မွ ဒုတိယရဲမွဴးႀကီး လွမိုး၊ တာခ်ီလိတ္ၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴး ရဲမွဴးသန္းႏု ႏွင့္ တာခ်ီလိတ္ၿမိဳ႕နယ္ ပညာေရးမွဴး ေဒၚမာမာဦး၊ မိုင္းဖုန္း(က)ေက်းရြာအုပ္စုအုပ္ခ်ဳပ္ေရးမွဴး ဦးစိုင္းဆြမ္လစ္ အပါအ၀င္ သက္ဆိုင္ရာ တာ၀န္ရွိသူမ်ား တက္ေရာက္ခဲ့ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ အေျခခံပညာအထက္တန္းေက်ာင္းမ်ားအေနျဖင့္ အထက(တာခ်ီလိတ္)၊ အထက(ဆန္ဆိုင္း)၊ အထက(ေဟာင္လိတ္)၊ အထက(မိုင္းကိုး)ႏွင့္ အေျခခံပညာအထက္တန္းေက်ာင္း(ခဲြ)မ်ား အေနျဖင့္ အထက-ခြဲ(ပုန္းထြန္) ႏွင့္ အထက(ခြဲ)၀မ္ပံုတို႔ ရွိေၾကာင္း သိရသည္။

ဓာတ္ပံု - ပညာေရး ၊ ၿမိဳ႕နယ္ေထြ/အုပ္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စုရှိ အခြေခံပညာ အလယ်တန်းကျောင်း (ဝမ်ပုံ)အား အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အဖြစ် အဆင့်တိုးမြှင့်ခြင်းနှင့် ဆိုင်းဘုတ်တင် ဖွင့်လှစ်ခြင်း အခမ်းအနားကို ဇွန်လ(၉)ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ကြောင်း သိရသည်။

ယင်းဖွင့်ပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ ပေးအပ်လှူဒါန်းလာသော ကွန်ပျူတာတစ်စုံအား ခရိုင်လဝကမှူး ဦးကျော်မော်ထွန်းမှ တစ်ဆင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်အေး ထံသို့ ပေးအပ် လှူဒါန်းကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲမှုကော်မတီ၊ အတွင်းရေးမှူး ခရိုင်လဝကမှူး ဦးကျော်မော်ထွန်း၊ ဝမ်ပုံရေကြောင်းရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး လှမိုး၊ တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနု နှင့် တာချီလိတ်မြို့နယ် ပညာရေးမှူး ဒေါ်မာမာဦး၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးစိုင်းဆွမ်လစ် အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် အခြေခံပညာအထက်တန်းကျောင်းများအနဖြေင့် အထက(တာချီလိတ်)၊ အထက(ဆန်ဆိုင်း)၊ အထက(ဟောင်လိတ်)၊ အထက(မိုင်းကိုး)နှင့် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)များ အနဖြေင့် အထက-ခွဲ(ပုန်းထွန်) နှင့် အထက(ခွဲ)ဝမ်ပုံတို့ ရှိကြောင်း သိရသည်။

ဓာတ်ပုံ - ပညာရေး၊ မြို့နယ်ထွေ/အုပ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~