တာခ်ီလိတ္ၿမိဳ႕ ရန္ကုန္ရြာ၌ မူးယစ္ေဆးျဖတ္ကုသေရးႏွင့္ ျပန္လည္ထူေထာင္ေရးသင္တန္း ဇူလိုင္ ၁၀ ရက္ေန႔တြင္ ဖြင့္မည္၊ မူးယစ္ေဆး ျဖတ္လိုသူမ်ား စာရင္းေပးသြင္းႏိုင္

တာခ်ီလိတ္ၿမိဳ႕ ရန္ကုန္ရြာ၌ မူးယစ္ေဆးျဖတ္ကုသေရးႏွင့္ ျပန္လည္ထူေထာင္ေရးသင္တန္း ဇူလိုင္ ၁၀ ရက္ေန႔တြင္ ဖြင့္မည္၊ မူးယစ္ေဆး ျဖတ္လိုသူမ်ား စာရင္းေပးသြင္းႏိုင္
ဇွန် 25, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ ၊ မိုင္းကိုးေက်းရြာအုပ္စု ၊ ရန္ကုန္ရြာတြင္ မူးယစ္ေဆးျဖတ္ ကုသေရးႏွင့္ ျပန္လည္ထူေထာင္ေရးသင္တန္းကို ဇူလိုင္လ (၁၀) ရက္ေန႔၌ ဖြင့္လွစ္မည္ျဖစ္၍ ေဆးျဖတ္လိုသူမ်ား စာရင္းေပးသြင္းႏုိင္ၿပီ ျဖစ္ေၾကာင္း သိရသည္။

“တစ္ခါထဲ ေဆးလည္းျဖတ္ေပးမယ္။ ျပန္လည္ထူေထာင္ေရးလည္း လုပ္ေပးမယ္ေပါ့။ ကုသေရးဦးစီးဌာနက ေဆးျဖတ္တဲ့ အပိုင္းေပါ့ေနာ္။ ကၽြန္ေတာ္တို႔ လူမႈဝန္ထမ္းဦးစီးဌာနကေတာ့ ျပန္လည္ထူေထာင္ေရးအပိုင္း ႏွစ္ပိုင္း ရိွတာေပါ့ေနာ္။ တစ္ခါထဲ ေဆးလည္းျဖတ္ေပးမယ္ ။ ရုပ္ပိုင္းစိတ္ပိုင္း ျပန္လည္ထူေထာင္ေရးလည္း လုပ္ေပးမွာပါ။ ေဆးျဖတ္တာက ပထမႏွစ္ပတ္ေပါ့ေနာ္။ ျပန္လည္ထူေထာင္ေရးက သံုးပတ္ၾကာမွာပါ”ဟု ရွမ္းျပည္နယ္(အေရွ႕ပိုင္း) လူမႈဝန္ထမ္းရံုးမွ လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးေက်ာ္သူႏုိင္က တာခ်ီလိတ္ သတင္းေအဂ်င္စီသို႔ ေျပာသည္။

သင္တန္းတစ္ခုတြင္ လူဦးေရ (၅၀)လက္ခံၿပီး သင္တန္းသားမ်ားအား အခေၾကးေငြ လံုးဝ ေကာက္ခံျခင္း မရိွေၾကာင္း သိရသည္။

“ေဆးျဖတ္ဖို႔အတြက္ စရိတ္စက လံုးဝမရိွပါဘူး။ ကၽြန္ေတာ္တို႔က အခေၾကးေငြ ေကာက္ခံျခင္း မရိွပါဘူး။ ႏုိင္ငံေတာ္ အစိုးရက ေထာက္ပံ့စရိတ္နဲ႔ ေကၽြးေမြးၿပီးေတာ့ သင္တန္းကာလအတြင္းမွာ ျပန္လည္ ထူေထာင္ေရး ျပဳလုပ္ေပးမွာျဖစ္ပါတယ္”ဟု ရွမ္းျပည္နယ္(အေရွ႕ပိုင္း) လူမႈဝန္ထမ္းရံုးမွ လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးေက်ာ္သူႏုိင္က ေျပာသည္။

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) လူမႈဝန္ထမ္းဦးစီးဌာနအေနျဖင့္ က်ိဳင္းတံုၿမိဳ႕ႏွင့္ တာခ်ီလိတ္ၿမိဳ႕တို႔တြင္ တစ္ႏွစ္လွ်င္ အနည္းဆံုး တစ္ႀကိမ္စီ သင္တန္းဖြင့္လွစ္ၿပီး မူးယစ္ေဆးျဖတ္ျပန္လည္ထူေထာင္ေရးကို လုပ္ေဆာင္ေနျခင္း ျဖစ္ေၾကာင္း သိရသည္။

“ဒီေဒသရဲ႕ ေတာင္းဆိုခ်က္၊ ေဒသရဲ႕အေျခအေနအရ ကၽြန္ေတာ္တို႔အေနနဲ႔ ႏုိင္တဲ့ အတုိင္းအတာနဲ႔ လုပ္ေပးေနပါတယ္။ ေဆးျဖတ္ခ်င္သူေတြကိုယ္တိုင္ျဖစ္ေစ၊ မိဘေတြက လာအပ္လို႔ျဖစ္ေစ ဆႏၵအရ ေဆးျဖတ္ခ်င္တဲ့ သူတုိင္းကို ေဆးျဖတ္ေပးတာအျပင္ ေနာက္တစ္ခါျပန္လည္သံုးစြဲျခင္း မရိွေအာင္ ကၽြန္ေတာ္တို႔ လူမႈဝန္ထမ္းဦးစီးဌာနကေန ထုတ္ျပန္ထားတဲ့ ျပန္လည္ထူေထာင္ေရးလမ္းညႊန္ပါအတိုင္း ရုပ္ပိုင္းစိတ္ပိုင္း ျပန္လည္ထူေထာင္ေပးပါတယ္”ဟု ရွမ္းျပည္နယ္(အေရွ႕ပိုင္း) လူမႈဝန္ထမ္းရံုးမွ လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးေက်ာ္သူႏုိင္က ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕မွ လူမႈကူညီေရးအဖြဲ႕တစ္ခုျဖစ္သည့္ မဇၨ်ိမလူမႈကူညီေရးအဖြဲ႕ကလည္း အဆိုပါ သင္တန္းတက္ေရာက္လိုသူမ်ား စာရင္းေကာက္ယူေနရာ မဇၨ်ိမလူမႈကူညီေရးအသင္း ဖုန္း ၀၉ ၅၂၄၁၃၄၂ သို႔လည္း ဆက္သြယ္ စာရင္းေပးသြင္းႏုိင္ေၾကာင္း သိရသည္။

“ကၽြန္ေတာ္တုိ႔ အရင္က စာရင္းေကာက္ထားတဲ့ မူးယစ္ေဆးစြဲသူ (၁၂၅)ဦးကလည္း လက္ရိွမွာ စာရင္းျပန္ေကာက္ဖို႔ လိုေနပါတယ္။ ဒါေၾကာင့္ အခုဖြင့္တဲ့သင္တန္းမွာ တက္ေရာက္လိုသူေတြကို စာရင္းထပ္ ေကာက္ေနပါတယ္။ ေဆးျဖတ္လိုသူေတြရိွရင္လည္း ကၽြန္ေတာ္တုိ႔ မဇၨ်ိမလူမႈကူညီေရး အသင္းရံုးခန္းမွာ စာရင္းလာေပးႏုိင္ပါတယ္”ဟု မဇၨ်ိမလူမႈကူညီေရးအသင္း ဥကၠဌ ဦးတင့္ေဆြက ေျပာသည္။

မူးယစ္ေဆးျဖတ္ ကုသေရးႏွင့္ ျပန္လည္ထူေထာင္ေရးသင္တန္း တက္ေရာက္လိုသူမ်ားသည္ ကိုယ္တိုင္ေသာ္ လည္းေကာင္း၊ မိဘအုပ္ထိန္းသူမ်ားကေသာ္ လည္းေကာင္း၊ လူမႈေရးအသင္း အဖြဲ႕မ်ားမွတစ္ဆင့္ ေသာ္ လည္းေကာင္း လူမႈဝန္ထမ္းဦးစီးဌာနသို႔ ဆက္သြယ္၍ ဖုန္း ၀၉-၄၂၀၇၀၇၆၁၉ ႏွင့္ ၀၈၄-၂၂၅၂၉ သို႔ ရံုးခ်ိန္အတြင္း ဆက္သြယ္ေမးျမန္းႏုိင္ေၾကာင္း သိရသည္။

သတင္း - ခ်ယ္ရီထိုက္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ မိုင်းကိုးကျေးရွာအုပ်စု၊ ရန်ကုန်ရွာတွင် မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေးသင်တန်းကို ဇူလိုင်လ (၁၀) ရက်နေ့၌ ဖွင့်လှစ်မည်ဖြစ်၍ ဆေးဖြတ်လိုသူများ စာရင်းပေးသွင်းနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

“တစ်ခါထဲ ဆေးလည်းဖြတ်ပေးမယ်။ ပြန်လည်ထူထောင်ရေးလည်း လုပ်ပေးမယ်ပေါ့။ ကုသရေးဦးစီးဌာနက ဆေးဖြတ်တဲ့ အပိုင်းပေါ့နော်။ ကျွန်တော်တို့ လူမှုဝန်ထမ်းဦးစီးဌာနကတော့ ပြန်လည်ထူထောင်ရေးအပိုင်း နှစ်ပိုင်း ရှိတာပေါ့နော်။ တစ်ခါထဲ ဆေးလည်းဖြတ်ပေးမယ်။ ရုပ်ပိုင်းစိတ်ပိုင်း ပြန်လည်ထူထောင်ရေးလည်း လုပ်ပေးမှာပါ။ ဆေးဖြတ်တာက ပထမနှစ်ပတ်ပေါ့နော်။ ပြန်လည်ထူထောင်ရေးက သုံးပတ်ကြာမှာပါ”ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) လူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်သူနိုင်က တာချီလိတ် သတင်းအေဂျင်စီသို့ ပြောသည်။

သင်တန်းတစ်ခုတွင် လူဦးရေ (၅၀)လက်ခံပြီး သင်တန်းသားများအား အခကြေးငွေ လုံးဝ ကောက်ခံခြင်း မရှိကြောင်း သိရသည်။

“ဆေးဖြတ်ဖို့အတွက် စရိတ်စက လုံးဝမရှိပါဘူး။ ကျွန်တော်တို့က အခကြေးငွေ ကောက်ခံခြင်း မရှိပါဘူး။ နိုင်ငံတော် အစိုးရက ထောက်ပံ့စရိတ်နဲ့ ကျွေးမွေးပြီးတော့ သင်တန်းကာလအတွင်းမှာ ပြန်လည် ထူထောင်ရေး ပြုလုပ်ပေးမှာဖြစ်ပါတယ်”ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) လူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်သူနိုင်က ပြောသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း) လူမှုဝန်ထမ်းဦးစီးဌာနအနဖြေင့် ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့တို့တွင် တစ်နှစ်လျှင် အနည်းဆုံး တစ်ကြိမ်စီ သင်တန်းဖွင့်လှစ်ပြီး မူးယစ်ဆေးဖြတ်ပြန်လည်ထူထောင်ရေးကို လုပ်ဆောင်နခြေင်း ဖြစ်ကြောင်း သိရသည်။

“ဒီဒေသရဲ့ တောင်းဆိုချက်၊ ဒေသရဲ့အခြေအနေအရ ကျွန်တော်တို့အနေနဲ့ နိုင်တဲ့ အတိုင်းအတာနဲ့ လုပ်ပေးနေပါတယ်။ ဆေးဖြတ်ချင်သူတွေကိုယ်တိုင်ဖြစ်စေ၊ မိဘတွေက လာအပ်လို့ဖြစ်စေ ဆန္ဒအရ ဆေးဖြတ်ချင်တဲ့ သူတိုင်းကို ဆေးဖြတ်ပေးတာအပြင် နောက်တစ်ခါပြန်လည်သုံးစွဲခြင်း မရှိအောင် ကျွန်တော်တို့ လူမှုဝန်ထမ်းဦးစီးဌာနကနေ ထုတ်ပြန်ထားတဲ့ ပြန်လည်ထူထောင်ရေးလမ်းညွှန်ပါအတိုင်း ရုပ်ပိုင်းစိတ်ပိုင်း ပြန်လည်ထူထောင်ပေးပါတယ်”ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) လူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်သူနိုင်က ပြောသည်။

တာချီလိတ်မြို့မှ လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သည့် မဇ္ဇျိမလူမှုကူညီရေးအဖွဲ့ကလည်း အဆိုပါ သင်တန်းတက်ရောက်လိုသူများ စာရင်းကောက်ယူနေရာ မဇ္ဇျိမလူမှုကူညီရေးအသင်း ဖုန်း ဝ၉ ၅၂၄၁၃၄၂ သို့လည်း ဆက်သွယ် စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

“ကျွန်တော်တို့ အရင်က စာရင်းကောက်ထားတဲ့ မူးယစ်ဆေးစွဲသူ (၁၂၅)ဦးကလည်း လက်ရှိမှာ စာရင်းပြန်ကောက်ဖို့ လိုနေပါတယ်။ ဒါကြောင့် အခုဖွင့်တဲ့သင်တန်းမှာ တက်ရောက်လိုသူတွေကို စာရင်းထပ် ကောက်နေပါတယ်။ ဆေးဖြတ်လိုသူတွေရှိရင်လည်း ကျွန်တော်တို့ မဇ္ဇျိမလူမှုကူညီရေး အသင်းရုံးခန်းမှာ စာရင်းလာပေးနိုင်ပါတယ်”ဟု မဇ္ဇျိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေက ပြောသည်။

မူးယစ်ဆေးဖြတ် ကုသရေးနှင့် ပြန်လည်ထူထောင်ရေးသင်တန်း တက်ရောက်လိုသူများသည် ကိုယ်တိုင်သော် လည်းကောင်း၊ မိဘအုပ်ထိန်းသူများကသော် လည်းကောင်း၊ လူမှုရေးအသင်း အဖွဲ့များမှတစ်ဆင့် သော် လည်းကောင်း လူမှုဝန်ထမ်းဦးစီးဌာနသို့ ဆက်သွယ်၍ ဖုန်း ဝ၉-၄၂၀၇၀၇၆၁၉ နှင့် ဝ၈၄-၂၂၅၂၉ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~