က်ဳိင္းတံုၿမိဳ႕ အလက(ယန္းေလာ)ေရွ႕တြင္ စိတ္ၾကြေဆးျပားသယ္ေဆာင္လာသူအား ဖမ္းဆီးရမိ

က်ဳိင္းတံုၿမိဳ႕ အလက(ယန္းေလာ)ေရွ႕တြင္ စိတ္ၾကြေဆးျပားသယ္ေဆာင္လာသူအား ဖမ္းဆီးရမိ
ဇွန် 7, 2017
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ဳိင္းတံုၿမိဳ႕နယ္၊ ယန္းေလာေက်းရြာအုပ္စုရွိ အလက(ယန္းေလာ)ေက်ာင္းေရွ႕တြင္ မူးယစ္ေဆး၀ါးသတင္းအရ ေစာင့္ဆိုင္း ဖမ္းဆီးရာမွ စိတ္ၾကြေဆးျပားမ်ားအား သယ္ေဆာင္လာသူႏွင့္ အတူ ဇြန္လ(၇)ရက္ေန႔ ေန႔လယ္(၁)နာရီ၀န္းက်င္ အခ်ိန္က ဖမ္းဆီးရမိေၾကာင္း မူးယစ္တပ္ဖြဲ႔စု(၂၈)က်ဳိင္းတံုမွ သိရသည္။

မူးယစ္တပ္ဖြဲ႔စု(၂၈)က်ဳိင္းတံုမွ ရဲအုပ္ေသာ္ဇင္လင္း ဦးစီးသည့္ တပ္ဖြဲ႔၀င္မ်ားႏွင့္ သက္ဆိုင္ရာတို႔ ပါ၀င္သည့္ ပူးေပါင္းအဖြဲ႔သည္ အဆိုပါ ေနရာတြင္ မူးယစ္ေဆး၀ါး သတင္းအရ ေစာင့္ဆိုင္းစဥ္ ယန္းေလာရြာ ဘက္မွ က်ဳိင္းတံုၿမိဳ႕တြင္းသို႔ ေမာ္ေတာ္ဆိုင္ကယ္ျဖင့္ ေမာင္းႏွင္လာသူ အာမဲ(က်ား)အား ရပ္တန္႔စစ္ေဆး ရွာေဖြရာမွ ၎၏ ခါးပတ္အိတ္အတြင္းမွ Wy စာတမ္းပါ စိတ္ၾကြေဆးျပား စုစုေပါင္း (၂၂၂)ျပားအား ေတြ႕ရွိရ၍ ဖမ္းဆီးလိုက္ျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ မူးယစ္ေဆး၀ါးမ်ားကို က်ဳိင္းတံုၿမိဳ႕ လြယ္လံုေက်းရြာအုပ္စု၊ ၀မ္ပ်ဲန္ရြာေန မမီထူထံမွ  (၁၁၁,၀၀၀)က်ပ္ျဖင့္ ၀ယ္ယူ၍ ျပန္လာစဥ္ ယန္းေလာေက်ာင္းေရွ ့တြင္ ယခုလို ဖမ္းဆီးခံရျခင္း ျဖစ္ေၾကာင္း ထြက္ဆိုသည့္ အတြက္ ရဲတပ္ဖြဲ႔မွ ကြင္းဆက္ တရားခံအား ဖမ္းဆီးရမိေရး အတြက္ ႀကိဳးပမ္း ေနလ်က္ရွိေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ မူးယစ္ေဆး၀ါးမ်ားအား လက္၀ယ္တြင္ ေတြ ့ရိွသူ အာမဲအား က်ိဳင္းတုံၿမိဳ႕မ ရဲစခန္းတြင္ မယ(ပ) ၅၅/၂၀၁၇၊ မူး/စိတ္ ၁၅/၁၉(က)အရ အမႈဖြင့္ အေရးယူထားရွိၿပီး ကြင္းဆက္တရားခံအား အျမန္ဆုံး ဖမ္းဆီးရမိႏိုင္ေရးအတြက္ ေဆာင္ရြက္လွ်က္ရိွေၾကာင္း သိရသည္။

သတင္း - ဇြဲျမတ္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်၊ ယန်းလောကျေးရွာအုပ်စုရှိ အလက(ယန်းလော)ကျောင်းရှေ့တွင် မူးယစ်ဆေးဝါးသတင်းအရ စောင့်ဆိုင်း ဖမ်းဆီးရာမှ စိတ်ကြွဆေးပြားများအား သယ်ဆောင်လာသူနှင့် အတူ ဇွန်လ(၇)ရက်နေ့ နေ့လယ်(၁)နာရီဝန်းကျင် အချိန်က ဖမ်းဆီးရမိကြောင်း မူးယစ်တပ်ဖွဲ့စု(၂၈)ကျိုင်းတုံမှ သိရသည်။

မူးယစ်တပ်ဖွဲ့စု(၂၈)ကျိုင်းတုံမှ ရဲအုပ်သော်ဇင်လင်း ဦးစီးသည့် တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာတို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် အဆိုပါ နေရာတွင် မူးယစ်ဆေးဝါး သတင်းအရ စောင့်ဆိုင်းစဉ် ယန်းလောရွာ ဘက်မှ ကျိုင်းတုံမြို့တွင်းသို့ မော်တော်ဆိုင်ကယ်ဖြင့် မောင်းနှင်လာသူ အာမဲ(ကျား)အား ရပ်တန့်စစ်ဆေး ရှာဖွေရာမှ၎င်း၏ ခါးပတ်အိတ်အတွင်းမှ Wy စာတမ်းပါ စိတ်ကြွဆေးပြား စုစုပေါင်း (၂၂၂)ပြားအား တွေ့ရှိရ၍ ဖမ်းဆီးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးများကို ကျိုင်းတုံမြို့ လွယ်လုံကျေးရွာအုပ်စု၊ ဝမ်ပျဲန်ရွာနေ မမီထူထံမှ (၁၁၁,ဝဝဝ)ကျပ်ဖြင့် ဝယ်ယူ၍ ပြန်လာစဉ် ယန်းလောကျောင်းရှေ့တွင် ယခုလို ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း ထွက်ဆိုသည့် အတွက် ရဲတပ်ဖွဲ့မှ ကွင်းဆက် တရားခံအား ဖမ်းဆီးရမိရေး အတွက် ကြိုးပမ်း နေလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မူးယစ်ဆေးဝါးများအား လက်ဝယ်တွင် တွေ့ရှိသူ အာမဲအား ကျိုင်းတုံမြို့မ ရဲစခန်းတွင် မယ(ပ) ၅၅/၂၀၁၇၊ မူး/စိတ် ၁၅/၁၉(က)အရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်တရားခံအား အမြန်ဆုံး ဖမ်းဆီးရမိနိုင်ရေးအတွက် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

သတင်း - ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~