တာချီလိတ်တွင် အမျိုးသားတစ်ဦး အရက်အမူးလွန်ပြီး လမ်းပေါ်၌ လဲကျသေဆုံး

တာချီလိတ်တွင် အမျိုးသားတစ်ဦး အရက်အမူးလွန်ပြီး လမ်းပေါ်၌ လဲကျသေဆုံး
ဇှနျ 21, 2017
By Tachileik News Agency





~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက် စံပယ်လမ်းပေါ်တွင် အမျိုးသားတစ်ဦး အရက်အမူးလွန်ကာ လမ်းပေါ်တွင် လဲကျသေဆုံးမှု ဇွန်လ(၂၁)ရက်နေ့ နံနက်အစောပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သေဆုံးသူသည် အသက်(၄၀)ဝန်းကျင်ရှိပြီး ဦးမောင်အေး ဖြစ်ကြောင်း နှင့်၎င်းသည် ကီလိုလှည်း တွန်းနေစဉ် လဲကျသေဆုံးခြင်း ဖြစ်သည်ကို စစ်ဆေးတွေ့ရှိရကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ သေဆုံးမှုနှင့် ပတ်သက်၍ တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့ နှင့် ဆန်ဆိုင်း(ခ)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတို့မှ တာဝန်ရှိသူများက သွားရောက် စစ်ဆေးမှုများ ပြုလုပ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~