ရွမ္းျပည္နယ္မွ ေကာ္ဖီႏွင့္လက္ဖက္ ျပည္ပတိုးခ်ဲ႕တင္ပို႔ႏုိင္ေရး အလုပ္ရံုေဆြးေႏြးပြဲ ေတာင္ႀကီးတြင္ က်င္းပမည္

ရွမ္းျပည္နယ္မွ ေကာ္ဖီႏွင့္လက္ဖက္ ျပည္ပတိုးခ်ဲ႕တင္ပို႔ႏုိင္ေရး အလုပ္ရံုေဆြးေႏြးပြဲ ေတာင္ႀကီးတြင္ က်င္းပမည္
ဇွန် 26, 2017
By Tachileik News Agency

ရွမ္းျပည္နယ္မွ ေကာ္ဖီႏွင့္လက္ဖက္ ျပည္ပတိုးခ်ဲ႕တင္ပို႔ႏုိင္ေရး ပထမဆံုး အလုပ္ရံုေဆြးေႏြးပြဲအား ရွမ္းျပည္နယ္ေတာင္ပိုင္း ေတာင္ႀကီးၿမိဳ႕ရိွ ကေမၻာဇကုန္သြယ္မႈဗဟိုဌာနတြင္ ဇြန္လ (၃၀)ရက္ေန႔၌ က်င္းပမည္ ျဖစ္ေၾကာင္း သိရသည္။

“ကြ်န္ေတာ္တို႔ ရွမ္းျပည္နယ္ရဲ႕ အဓိကထြက္ကုန္ေတြျဖစ္တဲ့ လက္ဖက္နဲ႔ေကာ္ဖီကို ေစ်းကြက္တိုးခ်ဲ႕ တင္ပို႔ႏုိင္ေရးအတြက္ ေဆြးေႏြးၾကမွာပါ။ ရွမ္းျပည္နယ္က ေကာင္းေကာင္းထုတ္ႏုိင္ေနတဲ့ လက္ဖက္ကို ေတာင္သူေတြ တြက္ေခ်ကိုက္ေအာင္၊ ေစ်းကြက္တိုးခ်ဲ႕ရရိွေအာင္ လုပ္ၾကရမွာပါ။ အခုအေနအထားက လက္ဖက္ထြက္ေနေပမဲ့ လက္ဖက္ေျခာက္ အခ်ိဳေျခာက္လိုမ်ိဳးဆို တရုတ္ကေနေတာင္ ျပန္တင္သြင္း ေရာင္းခ်ေနရတယ္။ ဒါေၾကာင့္ ထုတ္ကုန္ေတြ ဘယ္လိုျမႇင့္တင္ၿပီး ေစ်းကြက္ရွာမလဲဆိုတာ ေဆြးေႏြးၾကမွာပါ”ဟု ရွမ္းျပည္နယ္ စားသံုးသူေရးရာ ဦးစီးဌာနမွ လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးမင္းေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ အလုပ္ရံုေဆြးေႏြးပြဲသို႔ ရွမ္းျပည္နယ္တြင္းမွ ေကာ္ဖီႏွင့္လက္ဖက္လုပ္ငန္းရွင္မ်ား တက္ေရာက္ႏုိင္ၿပီး လက္ရိွတြင္ လုပ္ငန္းရွင္ေပါင္း (၁၅၀)ေက်ာ္အား ဖိတ္ၾကားထားၿပီးျဖစ္ေၾကာင္း ေဆြးေႏြးပြဲ က်င္းပႏုိင္ေရး ပူးေပါင္းေဆာင္ရြက္ေနသည့္ ရွမ္းျပည္နယ္စားသံုးသူေရးရာဦးစီးဌာနမွ သိရသည္။

အဆိုပါ အလုပ္ရံုေဆြးေႏြးပြဲအား စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန ျမန္မာကုန္သြယ္မႈ ျမႇင့္တင္ေရးအဖြဲ႕က ဦးေဆာင္က်င္းပျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ခ်ယ္ရီထိုက္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်မှ ကော်ဖီနှင့်လက်ဖက် ပြည်ပတိုးချဲ့တင်ပို့နိုင်ရေး ပထမဆုံး အလုပ်ရုံဆွေးနွေးပွဲအား ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ရှိ ကမ္ဘောဇကုန်သွယ်မှုဗဟိုဌာနတွင် ဇွန်လ (၃၀)ရက်နေ့၌ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ရှမ်းပြည်နယ်ရဲ့ အဓိကထွက်ကုန်တွဖြေစ်တဲ့ လက်ဖက်နဲ့ကော်ဖီကို ဈေးကွက်တိုးချဲ့ တင်ပို့နိုင်ရေးအတွက် ဆွေးနွေးကြမှာပါ။ ရှမ်းပြည်နယ်က ကောင်းကောင်းထုတ်နိုင်နေတဲ့ လက်ဖက်ကို တောင်သူတွေ တွက်ချေကိုက်အောင်၊ ဈေးကွက်တိုးချဲ့ရရှိအောင် လုပ်ကြရမှာပါ။ အခုအနေအထားက လက်ဖက်ထွက်နေပေမဲ့ လက်ဖက်ခြောက် အချိုခြောက်လိုမျိုးဆို တရုတ်ကနေတောင် ပြန်တင်သွင်း ရောင်းချနေရတယ်။ ဒါကြောင့် ထုတ်ကုန်တွေ ဘယ်လိုမြှင့်တင်ပြီး ဈေးကွက်ရှာမလဲဆိုတာ ဆွေးနွေးကြမှာပါ”ဟု ရှမ်းပြည်နယ် စားသုံးသူရေးရာ ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ရှမ်းပြည်နယ်တွင်းမှ ကော်ဖီနှင့်လက်ဖက်လုပ်ငန်းရှင်များ တက်ရောက်နိုင်ပြီး လက်ရှိတွင် လုပ်ငန်းရှင်ပေါင်း (၁၅၀)ကျော်အား ဖိတ်ကြားထားပြီးဖြစ်ကြောင်း ဆွေးနွေးပွဲ ကျင်းပနိုင်ရေး ပူးပေါင်းဆောင်ရွက်နေသည့် ရှမ်းပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့က ဦးဆောင်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~