တရုတ္ႏုိင္ငံမွ ထိန္းသိမ္းထားသည့္ ျမန္မာကုန္သည္မ်ား၏ ဘဏ္စာရင္းအခ်ိဳ႕ ျပန္ဖြင့္ေပးေန

တရုတ္ႏုိင္ငံမွ ထိန္းသိမ္းထားသည့္ ျမန္မာကုန္သည္မ်ား၏ ဘဏ္စာရင္းအခ်ိဳ႕ ျပန္ဖြင့္ေပးေန
ဇွန် 24, 2017
By Tachileik News Agency

တရုတ္ႏိုင္ငံက ေလာင္းကစားေငြႏွင့္ ဆက္စပ္မႈရိွသည္ဟု သံသယျဖင့္ ထိန္းသိမ္းလိုက္သည့္ ျမန္မာကုန္သည္မ်ား၏ ဘဏ္စာရင္းမ်ား ျပန္လည္ဖြင့္ေပးေရး ျမန္မာကုန္သည္မ်ားက နယ္စပ္ၿမိဳ႕ မူဆယ္တြင္ ဇြန္လ(၂၃)ရက္ ေန႔ နံနက္က ဆႏၵထုတ္ေဖာ္ျပီးေနာက္ ယင္းေန႔ညေနပိုင္းမွစ၍ ဘဏ္စာရင္းမ်ား ျပန္ဖြင့္ေပးေနေၾကာင္း သိရသည္။

“မေန႔က မနက္ပိုင္းမွာ ျမန္မာကုန္သည္ အသိုင္းအဝိုင္းက ဆႏၵထုတ္ေဖာ္မႈကို မူဆယ္မွာ လုပ္ခဲ့တယ္။ ညေနပိုင္းေလာက္မွာ အေကာင့္(ဘဏ္စာရင္း) တခ်ိဳ႕ျပန္ဖြင့္ေပးေနတယ္လို႔ ၾကားရတဲ့အတြက္ ဘဏ္ေတြကို သြားၿပီးေတာ့ စံုစမ္းေနရတယ္။ ဒီေန႔ ေန႔ခင္းအထိ သိရသေလာက္ေတာ့ ဘဏ္အေကာင့္ စုစုေပါင္း(၃၀၈)ခုကို တရုတ္ဘက္က ျပန္ဖြင့္ေပးထားၿပီလို႔ သိရတယ္ “ဟု မူဆယ္မွ ကုန္သည္တစ္ဦးျဖစ္သူ ဦးေလာမိုက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ဇြန္လ(၂၄)ရက္ေန႔ ေန႔လယ္တြင္ ေျပာသည္။

တရုတ္ႏုိင္ငံမွ တာဝန္ရိွသူမ်ားက ေလာင္းကစားဆက္စပ္ေငြမ်ား လႊဲေျပာင္းေပးေနသည္ဟု သံသယ ရိွသည့္ တရုတ္ဘဏ္မွ ဘဏ္စာရင္းမ်ားကို ဇြန္လ (၁၇)ရက္ေန႔က ထိန္းသိမ္းလိုက္ရာတြင္ နယ္စပ္ ကုန္သြယ္ေရး လုပ္ကိုင္ေနသည့္ ျမန္မာကုန္သည္အခ်ိဳ႕၏ တရုတ္ဘဏ္စာရင္းအခ်ိဳ႕ ပါဝင္သြားသျဖင့္ ဇြန္လ (၂၃)ရက္ေန႔တြင္ ျမန္မာကုန္သည္မ်ားက ဆႏၵထုတ္ေဖာ္ခဲ့ၾကျခင္းျဖစ္သည္။

“ထိန္းခ်ဳပ္ထားခံရတဲ့ အေကာင့္ေတြမွာ ျမန္မာကုန္သည္အေကာင့္က (၁၀၀)ေက်ာ္ေလာက္ပါတယ္။ အခုျပန္ဖြင့္ ေပးထားသမ်ွထဲမွာ အကုန္ျပန္ပါလာသလားဆိုတာကိုေတာ့ မသိရေသးဘူး။ စံုစမ္းေနၾကတုန္းပဲ ရွိေသးတယ္” ဟု ကုန္သည္ ဦးေလာမိုက ေျပာသည္။

တရုတ္ဘဏ္က ပိတ္ထားသည့္ ဘဏ္စာရင္းအခ်ိဳ႕ျပန္ဖြင့္ေပးေနေၾကာင္းကို ျမန္မာကုန္သည္မ်ားထံ အေၾကာင္းၾကားျခင္းမရိွဘဲ တစ္ဆင့္စကားျဖင့္သာ သိရသည့္အတြက္ ဇြန္လ (၂၄)ရက္ေန႔တြင္ ျမန္မာကုန္သည္မ်ားက တရုတ္ဘဏ္တြင္ သြားေရာက္စံုစမ္းေနၾကေၾကာင္း သိရသည္။

“အေကာင့္ေတြ ျပန္ဖြင့္ေပးေနၿပီလို႔ေတာ့ သတင္းၾကားပါတယ္။ ကုန္စည္အေရာင္းအဝယ္ကေတာ့ နည္းေနတုန္းပဲ။ တစ္ကယ္လို႔ ျမန္မာကုန္သည္ေတြရဲ့ အေကာင္ေ့တြအကုန္လံုး ျပန္ရၿပီဆိုရင္ေတာ့ ပံုမွန္အတိုင္း အေရာင္းအဝယ္ေတြ ျပန္ျဖစ္သြားမယ္လို႔ထင္ပါတယ္။ လက္ရွိအေျခအေနကေတာ့ အေရာင္းအဝယ္နည္းေနတုန္းပဲ။ တရုတ္ဘက္က ကုန္စည္အဝင္နည္းနည္းရွိတယ္။ ဒီဘက္ကလည္း နည္းနည္းပဲပို႔ေနတယ္”ဟု မူဆယ္ရွိ ပဲ၊ ေျပာင္း၊ ႏွမ္း ကုန္စည္ဒိုင္မွ မနန္းခရြန္ဆာက ေျပာသည္။

တရုတ္ႏုိင္ငံမွ ဘဏ္စာရင္းထိန္းခ်ဳပ္လုိက္သည့္ေနာက္ပိုင္းတြင္ တရုတ္သို႔တင္ပို႔ေနသည့္ ဆန္ႏွင့္ သၾကား ကုန္စည္စီးဆင္းမႈ ေလ်ာ့က်ခဲ့ေၾကာင္း မူဆယ္ကုန္သြယ္ေရးဇုန္ရွိ ကုန္သည္မ်ားထံမွ သိရသည္။

သတင္း - ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

တရုတ်နိုင်ငံက လောင်းကစားငွေနှင့် ဆက်စပ်မှုရှိသည်ဟု သံသယဖြင့် ထိန်းသိမ်းလိုက်သည့် မြန်မာကုန်သည်များ၏ ဘဏ်စာရင်းများ ပြန်လည်ဖွင့်ပေးရေး မြန်မာကုန်သည်များက နယ်စပ်မြို့ မူဆယ်တွင် ဇွန်လ(၂၃)ရက် နေ့ နံနက်က ဆန္ဒထုတ်ဖော်ပြီးနောက် ယင်းနေ့ညနေပိုင်းမှစ၍ ဘဏ်စာရင်းများ ပြန်ဖွင့်ပေးနေကြောင်း သိရသည်။

“မနေ့က မနက်ပိုင်းမှာ မြန်မာကုန်သည် အသိုင်းအဝိုင်းက ဆန္ဒထုတ်ဖော်မှုကို မူဆယ်မှာ လုပ်ခဲ့တယ်။ ညနေပိုင်းလောက်မှာ အကောင့်(ဘဏ်စာရင်း) တချို့ပြန်ဖွင့်ပေးနေတယ်လို့ ကြားရတဲ့အတွက် ဘဏ်တွေကို သွားပြီးတော့ စုံစမ်းနေရတယ်။ ဒီနေ့ နေ့ခင်းအထိ သိရသလောက်တော့ ဘဏ်အကောင့် စုစုပေါင်း(၃၀၈)ခုကို တရုတ်ဘက်က ပြန်ဖွင့်ပေးထားပြီလို့ သိရတယ် “ဟု မူဆယ်မှ ကုန်သည်တစ်ဦးဖြစ်သူ ဦးလောမိုက တာချီလိတ်သတင်းအေဂျင်စီသို့ ဇွန်လ(၂၄)ရက်နေ့ နေ့လယ်တွင် ပြောသည်။

တရုတ်နိုင်ငံမှ တာဝန်ရှိသူများက လောင်းကစားဆက်စပ်ငွေများ လွှဲပြောင်းပေးနေသည်ဟု သံသယ ရှိသည့် တရုတ်ဘဏ်မှ ဘဏ်စာရင်းများကို ဇွန်လ (၁၇)ရက်နေ့က ထိန်းသိမ်းလိုက်ရာတွင် နယ်စပ် ကုန်သွယ်ရေး လုပ်ကိုင်နေသည့် မြန်မာကုန်သည်အချို့၏ တရုတ်ဘဏ်စာရင်းအချို့ ပါဝင်သွားသဖြင့် ဇွန်လ (၂၃)ရက်နေ့တွင် မြန်မာကုန်သည်များက ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။

“ထိန်းချုပ်ထားခံရတဲ့ အကောင့်တွေမှာ မြန်မာကုန်သည်အကောင့်က (၁၀၀)ကျော်လောက်ပါတယ်။ အခုပြန်ဖွင့် ပေးထားသမျှထဲမှာ အကုန်ပြန်ပါလာသလားဆိုတာကိုတော့ မသိရသေးဘူး။ စုံစမ်းနကြေတုန်းပဲ ရှိသေးတယ်” ဟု ကုန်သည် ဦးလောမိုက ပြောသည်။

တရုတ်ဘဏ်က ပိတ်ထားသည့် ဘဏ်စာရင်းအချို့ပြန်ဖွင့်ပေးနေကြောင်းကို မြန်မာကုန်သည်များထံ အကြောင်းကြားခြင်းမရှိဘဲ တစ်ဆင့်စကားဖြင့်သာ သိရသည့်အတွက် ဇွန်လ (၂၄)ရက်နေ့တွင် မြန်မာကုန်သည်များက တရုတ်ဘဏ်တွင် သွားရောက်စုံစမ်းနကြေကြောင်း သိရသည်။

“အကောင့်တွေ ပြန်ဖွင့်ပေးနပြေီလို့တော့ သတင်းကြားပါတယ်။ ကုန်စည်အရောင်းအဝယ်ကတော့ နည်းနေတုန်းပဲ။ တစ်ကယ်လို့ မြန်မာကုန်သည်တွေရဲ့ အကောငေ့်တွအကုန်လုံး ပြန်ရပြီဆိုရင်တော့ ပုံမှန်အတိုင်း အရောင်းအဝယ်တွေ ပြန်ဖြစ်သွားမယ်လို့ထင်ပါတယ်။ လက်ရှိအခြေအနေကတော့ အရောင်းအဝယ်နည်းနေတုန်းပဲ။ တရုတ်ဘက်က ကုန်စည်အဝင်နည်းနည်းရှိတယ်။ ဒီဘက်ကလည်း နည်းနည်းပဲပို့နေတယ်”ဟု မူဆယ်ရှိ ပဲ၊ ပြောင်း၊ နှမ်း ကုန်စည်ဒိုင်မှ မနန်းခရွန်ဆာက ပြောသည်။

တရုတ်နိုင်ငံမှ ဘဏ်စာရင်းထိန်းချုပ်လိုက်သည့်နောက်ပိုင်းတွင် တရုတ်သို့တင်ပို့နေသည့် ဆန်နှင့် သကြား ကုန်စည်စီးဆင်းမှု လျော့ကျခဲ့ကြောင်း မူဆယ်ကုန်သွယ်ရေးဇုန်ရှိ ကုန်သည်များထံမှ သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~