မုိင္းျဖတ္တြင္ ဘိန္းစိုက္ပ်ိဳးမႈပေပ်ာက္ေရး ေတာင္သူမ်ားအား အစားထုိးသီးႏွံမ်ိဳးေစ့ႏွင့္ ပ်ိဳးပင္ပံ့ပိုး

မုိင္းျဖတ္တြင္ ဘိန္းစိုက္ပ်ိဳးမႈပေပ်ာက္ေရး ေတာင္သူမ်ားအား အစားထုိးသီးႏွံမ်ိဳးေစ့ႏွင့္ ပ်ိဳးပင္ပံ့ပိုး
ဇွန် 15, 2017
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္းတြင္ ဘိန္းစိုက္ပ်ိဳးမႈ ပေပ်ာက္ေရး အစားထိုးသီးႏွံေျပာင္းလဲ စိုက္ပ်ိဳးေရးအတြက္ မ်ိဳးေစ့ႏွင့္ ႏွစ္ရွည္ပ်ိဳးပင္မ်ားေပးအပ္ေနရာ တာခ်ီလိတ္ခရိုင္၊ မိုင္းျဖတ္ၿမိဳ႕နယ္မွ ေတာင္သူမ်ားအား ဇြန္လ (၁၅)ရက္ေန႔တြင္ ေပးအပ္ေၾကာင္း သိရသည္။

 “မိုင္းျဖတ္ၿမိဳ႕နယ္အတြင္း ဘိန္းစိုက္ပ်ဳိးမႈ ပေပ်ာက္ဖို႔အတြက္ ေစ်းကြက္ဝင္ အစားထုိးသီးႏွံမ်ဳိးေစ့မ်ား ေျပာင္းလဲ စိုက္ပ်ဳိးျခင္းျဖင့္ ေတာင္သူေတြ ဝင္ေငြေတြ တိုးတက္ရရွိေစဖို႔ ဝင္ေငြတိုးတက္ရရွိသည္ႏွင့္အမွ်
လူေနမႈ အဆင့္အတန္း တိုးတက္ျမင့္မားလာေစရန္ ရည္ရြယ္ခ်က္နဲ႔ အစားထိုးသီးႏွံ စိုက္ပ်ဳိးေဆာင္ရြက္တာ ဒီႏွစ္ဆိုရင္ (၄)ႏွစ္ရွိပါၿပီ။ ဘိန္းစိုက္ပ်ဳိးေတာင္သူမ်ား ႏွစ္ခ်င္းဝင္ေငြရရွိေစဖို႔ ႏွစ္ခ်င္းသီးႏွံမ်ား
ေထာက္ပံ့ေပးအပ္ၿပီး ေရရွည္ ဝင္ေငြရရွိဖို႔အတြက္ ႏွစ္ရွည္သီးႏွံပင္ပ်ဳိးပင္မ်ားကိုလည္း ေပးေနတာျဖစ္ပါတယ္” ဟု ၿမိဳ႕နယ္စိုက္ပ်ဳိးေရးဦးစီးမွဴး ဦးသန္းထြဋ္လြင္က ေျပာသည္။

မိုင္းျဖတ္ၿမိဳ႕နယ္၊ မိုင္းတင္းအုပ္စု၊ လန္းဆတ္အုပ္စု၊ ေဟြရႈိအုပ္စု၊ နမ့္ပန္အုပ္စုမ်ားမွ ေတာင္သူမ်ားအား ပုလဲသြယ္မ်ဳိးစပါး (၇၀၀)ကီလို၊ အေစ့ထုတ္ေျပာင္း(၁၂၅)ကီလို၊ ေကာ္ဖီပ်ဳိးပင္(၃)ဧကစာ ၾကယ္ပဲပ်ဳိးပင္ (၂)ဧကစာ ေပးအပ္ခဲ့ေၾကာင္း သိရွိရသည္။

“ဒီမ်ဳိးေစ့ေတြနဲ႔ အပင္ေတြကို ရြာမွာရွိတဲ့သူေတြကိုေပးပါ့မယ္။ ေနာက္ထပ္လိုအပ္လို႔ရွိရင္လည္း စိုက္ပ်ဳိးေရးဦးစီးဌာနအေနနဲ႔ ကြ်န္ေတာ္တို႔ကို ကူညီေပးေစခ်င္ပါတယ္” ဟု မိုင္းတင္းအုပ္စု အုပ္ခ်ဳပ္ေရးမွဴး ဦးအိုက္အြန္က ေျပာသည္။

မ်ိဳးေစ့ႏွင့္ပ်ိဳးပင္မ်ားေပးအပ္ပြဲသို႔ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးစိုးလႈိင္ႏွင့္ ဌာနဆိုင္ရာ အႀကီးအကဲမ်ား စိုက္ပ်ဳိးဦးစီးဌာနမွ ၿမိဳ႕နယ္ဦးစီးမွဴး ဦးသန္းထြဋ္လြင္ႏွင့္ ဝန္ထမ္းမ်ား ရပ္ကြက္ေက်းရြာအုပ္စု အုပ္ခ်ဳပ္ ေရးမွဴးမ်ား တက္ေရာက္ခဲ့ၾကေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ကိုသာ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ဘိန်းစိုက်ပျိုးမှု ပပျောက်ရေး အစားထိုးသီးနှံပြောင်းလဲ စိုက်ပျိုးရေးအတွက် မျိုးစေ့နှင့် နှစ်ရှည်ပျိုးပင်များပေးအပ်နေရာ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်မှ တောင်သူများအား ဇွန်လ (၁၅)ရက်နေ့တွင် ပေးအပ်ကြောင်း သိရသည်။

 “မိုင်းဖြတ်မြို့နယ်အတွင်း ဘိန်းစိုက်ပျိုးမှု ပပျောက်ဖို့အတွက် ဈေးကွက်ဝင် အစားထိုးသီးနှံမျိုးစေ့များ ပြောင်းလဲ စိုက်ပျိုးခြင်းဖြင့် တောင်သူတွေ ဝင်ငွေတွေ တိုးတက်ရရှိစေဖို့ ဝင်ငွေတိုးတက်ရရှိသည်နှင့်အမျှ
လူနေမှု အဆင့်အတန်း တိုးတက်မြင့်မားလာစေရန် ရည်ရွယ်ချက်နဲ့ အစားထိုးသီးနှံ စိုက်ပျိုးဆောင်ရွက်တာ ဒီနှစ်ဆိုရင် (၄)နှစ်ရှိပါပြီ။ ဘိန်းစိုက်ပျိုးတောင်သူများ နှစ်ချင်းဝင်ငွေရရှိစေဖို့ နှစ်ချင်းသီးနှံများထောက်ပံ့ပေးအပ်ပြီး ရေရှည် ဝင်ငွေရရှိဖို့အတွက် နှစ်ရှည်သီးနှံပင်ပျိုးပင်များကိုလည်း ပေးနေတာဖြစ်ပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးသန်းထွဋ်လွင်က ပြောသည်။

မိုင်းဖြတ်မြို့နယ်၊ မိုင်းတင်းအုပ်စု၊ လန်းဆတ်အုပ်စု၊ ဟွေရှိုအုပ်စု၊ နမ့်ပန်အုပ်စုများမှ တောင်သူများအား ပုလဲသွယ်မျိုးစပါး (၇၀၀)ကီလို၊ အစေ့ထုတ်ပြောင်း(၁၂၅)ကီလို၊ ကော်ဖီပျိုးပင်(၃)ဧကစာ ကြယ်ပဲပျိုးပင် (၂)ဧကစာ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

“ဒီမျိုးစေ့တွေနဲ့ အပင်တွေကို ရွာမှာရှိတဲ့သူတွေကိုပေးပါ့မယ်။ နောက်ထပ်လိုအပ်လို့ရှိရင်လည်း စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့ ကျွန်တော်တို့ကို ကူညီပေးစေချင်ပါတယ်” ဟု မိုင်းတင်းအုပ်စု အုပ်ချုပ်ရေးမှူး ဦးအိုက်အွန်က ပြောသည်။

မျိုးစေ့နှင့်ပျိုးပင်များပေးအပ်ပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ စိုက်ပျိုးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းထွဋ်လွင်နှင့် ဝန်ထမ်းများ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ကိုသာ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~