တာခ်ီလိတ္ဘက္မွ ၀င္ေရာက္လာမည့္ မသကၤာသူမ်ားအား စစ္ေဆးရန္အတြက္ ထိုင္းဘတ္ေငြ သိန္း(၈၀)၀န္းက်င္ တန္ဖိုးရွိ ခႏၶာကိုယ္စစ္ေဆးရွာေဖြေရး စက္တစ္လံုး မယ္ဆိုင္အ၀င္ သီးသန္႔ခန္းတြင္ တပ္ဆင္ထား

တာခ်ီလိတ္ဘက္မွ ၀င္ေရာက္လာမည့္ မသကၤာသူမ်ားအား စစ္ေဆးရန္အတြက္ ထိုင္းဘတ္ေငြ သိန္း(၈၀)၀န္းက်င္ တန္ဖိုးရွိ ခႏၶာကိုယ္စစ္ေဆးရွာေဖြေရး စက္တစ္လံုး မယ္ဆိုင္အ၀င္ သီးသန္႔ခန္းတြင္ တပ္ဆင္ထား
ဇွန် 23, 2017
By Tachileik News Agency

တာခ်ီလိတ္ရွိ ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရး အမွတ္(၁)တံတားမွ တစ္ဆင့္ ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕သို႔ ၀င္ေရာက္ လာသူမ်ားထဲမွ မသကၤာဖြယ္ ေတြ႕ရွိရသူမ်ားအား စစ္ေဆးႏိုင္ရန္အတြက္ ထိုင္းဘတ္ေငြ သိန္း(၈၀)၀န္းက်င္ တန္ဖိုးရွိ ခႏၶာကိုယ္စစ္ေဆးရွာေဖြေရး Body Scanner စက္တစ္လံုးအား ဇြန္လ(၂၀)ရက္ေန႔က မယ္ဆိုင္အ၀င္ သီးသန္႔ခန္းတြင္ တပ္ဆင္ထားကာ စတင္အသံုးျပဳေနၿပီျဖစ္ေၾကာင္း သိရသည္။

အဆိုပါ စက္အား မယ္ဆိုင္၀င္ေပါက္၏ သီးသန္႔ခန္းတြင္ ထားရွိၿပီး ျမန္မာဘက္မွ ၀င္ေရာက္လာသူတိုင္းကို စစ္ေဆးျခင္းမဟုတ္ဘဲ မသကၤာဖြယ္ရွိသူကိုသာ ယင္းစက္ျဖင့္ ရွာေဖြစစ္ေဆးျခင္း ျဖစ္ေၾကာင္း သိရသည္။
"စက္ကို စတင္အသံုးျပဳေနၿပီ၊ သီးသန္႔အခန္းထဲမွာ ထား ထားတယ္၊ ၀င္လာတဲ့လူေတြထဲက မသကၤာတဲ့လူကိုပဲ ေခၚစစ္တယ္။"ဟု မယ္ဆိုင္ အေကာက္ခြန္ဌာနမွ တာ၀န္ရွိသူ တစ္ဦးက ဆိုသည္။

အဆိုပါစက္အား အေမရိကန္ျပည္ေထာင္စု ေကာင္စစ္ဝန္ ဂ်နီဖာဟာရတ္က ထိုင္းႏိုင္ငံ အေကာက္ခြန္ဌာန ဒုတိယညြန္ၾကားေရးမွဴးခ်ဳပ္ ႏိုင္ေအြးခ်ိဳင္း ကြန္ထစ္မြမ္းတီးထံ ဇြန္လ (၂၀)ရက္ေန႔က လႊဲေျပာင္း ေပးအပ္လုိက္ျခင္းျဖစ္သည္။

ထုိင္းႏွင့္ အေမရိကန္ပူးေပါင္းေဆာင္ရြက္ေရး အစီအစဥ္အရ ပံ့ပိုးေပးျခင္းျဖစ္ေၾကာင္းႏွင့္ စက္၏ စြမ္းေဆာင္ခ်က္မွာ ခႏၶာကိုယ္အတြင္း ႏွင့္ ၀တ္ဆင္ထားေသာ အ၀တ္အထည္မ်ားအၾကား လွ်ဳိ႕၀ွက္သယ္ေဆာင္လာသည့္ တရားမ၀င္ပစၥည္းမ်ားအား 3D ပံုစံျဖင့္ အေသးစိတ္စစ္ေဆးႏိုင္ၿပီး လ်င္ျမန္ မွန္ကန္စြာ စြမ္းေဆာင္ႏိုင္သည့္ အဆင့္ျမင့္ စက္တစ္လံုးျဖစ္ၿပီး တန္ဖိုးေငြမွာ ထိုင္းဘတ္ေငြ သိန္း(၈၀)၀န္းက်င္ရွိေၾကာင္းႏွင့္ ယင္းစက္ေၾကာင့္ ခႏၶာကိုယ္ေပၚ ဆိုးက်ဳိးက်ေရာက္မႈ ရွိမည္မဟုတ္ေၾကာင္းလည္း သိရသည္။

ျမန္မာ - ထိုင္း နယ္စပ္တစ္ေလွ်ာက္တြင္ ဇြန္လအတြင္း စိတ္ၾကြေဆးျပားေပါင္း (၆.၉)သန္း ႏွင့္ အိုက္စ္(၁)ကီလို အပါအ၀င္ တရားခံ (၇)ဦးတို႔ကို ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

သတင္း - ကိုေဇာင္း
Photo: MGR Onlin


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားမှ တစ်ဆင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့သို့ ဝင်ရောက် လာသူများထဲမှ မသင်္ကာဖွယ် တွေ့ရှိရသူများအား စစ်ဆေးနိုင်ရန်အတွက် ထိုင်းဘတ်ငွေ သိန်း(၈၀)ဝန်းကျင် တန်ဖိုးရှိ ခန္ဓာကိုယ်စစ်ဆေးရှာဖွေရေး Body Scanner စက်တစ်လုံးအား ဇွန်လ(၂၀)ရက်နေ့က မယ်ဆိုင်အဝင် သီးသန့်ခန်းတွင် တပ်ဆင်ထားကာ စတင်အသုံးပြုနပြေီဖြစ်ကြောင်း သိရသည်။

အဆိုပါ စက်အား မယ်ဆိုင်ဝင်ပေါက်၏ သီးသန့်ခန်းတွင် ထားရှိပြီး မြန်မာဘက်မှ ဝင်ရောက်လာသူတိုင်းကို စစ်ဆေးခြင်းမဟုတ်ဘဲ မသင်္ကာဖွယ်ရှိသူကိုသာ ယင်းစက်ဖြင့် ရှာဖွေစစ်ဆေးခြင်း ဖြစ်ကြောင်း သိရသည်။
"စက်ကို စတင်အသုံးပြုနပြေီ၊ သီးသန့်အခန်းထဲမှာ ထား ထားတယ်၊ ဝင်လာတဲ့လူတွေထဲက မသင်္ကာတဲ့လူကိုပဲ ခေါ်စစ်တယ်။"ဟု မယ်ဆိုင် အကောက်ခွန်ဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

အဆိုပါစက်အား အမေရိကန်ပြည်ထောင်စု ကောင်စစ်ဝန် ဂျနီဖာဟာရတ်က ထိုင်းနိုင်ငံ အကောက်ခွန်ဌာန ဒုတိယညွန်ကြားရေးမှူးချုပ် နိုင်အွေးချိုင်း ကွန်ထစ်မွမ်းတီးထံ ဇွန်လ (၂၀)ရက်နေ့က လွှဲပြောင်း ပေးအပ်လိုက်ခြင်းဖြစ်သည်။

ထိုင်းနှင့် အမေရိကန်ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်အရ ပံ့ပိုးပေးခြင်းဖြစ်ကြောင်းနှင့် စက်၏ စွမ်းဆောင်ချက်မှာ ခန္ဓာကိုယ်အတွင်း နှင့် ဝတ်ဆင်ထားသော အဝတ်အထည်များအကြား လျှို့ဝှက်သယ်ဆောင်လာသည့် တရားမဝင်ပစ္စည်းများအား 3D ပုံစံဖြင့် အသေးစိတ်စစ်ဆေးနိုင်ပြီး လျင်မြန် မှန်ကန်စွာ စွမ်းဆောင်နိုင်သည့် အဆင့်မြင့် စက်တစ်လုံးဖြစ်ပြီး တန်ဖိုးငွေမှာ ထိုင်းဘတ်ငွေ သိန်း(၈၀)ဝန်းကျင်ရှိကြောင်းနှင့် ယင်းစက်ကြောင့် ခန္ဓာကိုယ်ပေါ် ဆိုးကျိုးကျရောက်မှု ရှိမည်မဟုတ်ကြောင်းလည်း သိရသည်။

မြန်မာ - ထိုင်း နယ်စပ်တစ်လျှောက်တွင် ဇွန်လအတွင်း စိတ်ကြွဆေးပြားပေါင်း (၆.၉)သန်း နှင့် အိုက်စ်(၁)ကီလို အပါအဝင် တရားခံ (၇)ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

သတင်း - ကိုဇောင်း
Photo: MGR Online

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~