ရွမ္း(အေရွ႕)မွ လူမႈေရးပင္စင္ ရရွိသည့္ အသက္(၉၀)ႏွစ္အထက္ ဘိုးဘြား(၁၈၂)ဦးအား (၃)လတစ္ႀကိမ္ ေထာက္ပံ့ေငြမ်ား စတင္ေပးအပ္

ရွမ္း(အေရွ႕)မွ လူမႈေရးပင္စင္ ရရွိသည့္ အသက္(၉၀)ႏွစ္အထက္ ဘိုးဘြား(၁၈၂)ဦးအား (၃)လတစ္ႀကိမ္ ေထာက္ပံ့ေငြမ်ား စတင္ေပးအပ္
ဇွန် 15, 2017
By Tachileik News Agency

အသက္(၉၀)ႏွစ္ႏွင့္အထက္ရွိ သက္ႀကီးဘိုးဘြားမ်ားအား ႏိုင္ငံေတာ္အစိုးရမွ စတင္၍ ေထာက္ပံ့ ေပးအပ္သည့္ လူမႈေရးပင္စင္ အျဖစ္ တစ္လလွ်င္ က်ပ္(၁၀,၀၀၀)ႏႈန္းျဖင့္ သံုးလလွ်င္ တစ္ႀကိမ္ ေပးအပ္သည့္ ေထာက္ပံ့ေငြမ်ားအား ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕ ဇြန္လ(၁၅)ရက္ေန႔ နံနက္ပိုင္းက တာခ်ီလိတ္ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနရံုးတြင္ ေပးအပ္ရာ တာခ်ီလိတ္ၿမိဳ႕နယ္ တစ္ခုလံုးတြင္ (၅၈)ဦးရွိေၾကာင္း သိရသည္။

ေထာက္ပံ့ေငြေပးအပ္ပြဲသို႔ တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္း၀င္းေအာင္ ႏွင့္ လူမႈ၀န္ထမ္း ဦးစီးဌာနမွ တာ၀န္ရွိသူမ်ားအျပင္ သက္ဆိုင္ရာ ရပ္ကြက္/ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးမ်ား တက္ေရာက္ ခဲ့ေၾကာင္း သိရသည္။

လူမႈေရးပင္စင္ရရွိသည့္ အသက္(၉၀)ႏွစ္ႏွင့္အထက္ရွိ သက္ႀကီးဘိုးဘြားမ်ားထဲမွ တာခ်ီလိတ္ၿမိဳ႕မွ (၄၂)ဦး၊ တာေလၿမိဳ႕မွ(၁၅)ဦး ႏွင့္ က်ဳိင္းလပ္မွ (၁)ဦး စုစုေပါင္း (၅၈)ဦး ပါ၀င္ေၾကာင္း သိရသည္။

"ယခု ပထမ(၃)လပတ္ထဲမွာ ဒီ အဘိုး/အဘြား သာမကဘဲ မိမိရပ္ကြက္ေက်းရြာမ်ားထဲမွာ စာရင္းေကာက္ယူဖို႔ က်န္ရွိေနခဲ့တဲ့ အသက္(၉၀)ေက်ာ္ အဘိုး/အဘြားမ်ား က်န္ရွိေနေသးတယ္ ဆိုရင္လည္း သတ္မွတ္ထားတဲ့ ပံုစံအတိုင္း ျဖည့္စြက္ၿပီး လိုအပ္တဲ့ အိမ္ေထာင္စုစာရင္း/မွတ္ပံုတင္ မိတၱဴမ်ား၊ အုပ္ခ်ဳပ္ေရးမွဴး ေထာက္ခံခ်က္မ်ားနဲ႔အတူ တင္ျပႏိုင္ပါတယ္"ဟု တာခ်ီလိတ္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္း၀င္းေအာင္က အဆိုပါ ေပးအပ္ပြဲတြင္ ေျပာၾကားသည္။

"ဒုတိယ(၃)လပတ္အတြက္ ေထာက္ပံ့ေပးေငြမ်ားကိုေတာ့ လာမဲ့ စက္တင္ဘာလယ္ေလာက္မွာ အခုလိုပဲ တစ္ေပါင္းတစည္းတည္း ထုတ္ေပးသြားမွာ ျဖစ္ပါတယ္၊"ဟု ၎က ဆက္လက္ေျပာၾကားသည္။

အလားတူပင္ မိုင္းျဖတ္ၿမိဳ႕နယ္ရွိ လူမႈေရးပင္စင္ရရွိသူ အသက္(၉၀)ႏွစ္ႏွင့္အထက္ သက္ႀကီးဘိုးဘြား(၅)ဦးအား မိုင္းၿဖတ္ၿမိဳ႕ရွိ ဘုရင့္ေနာင္ခန္းမတြင္ မိုင္းျဖတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးစိုးလႈိင္ႏွင့္ လူမႈ၀န္ထမ္းဦးစီးဌာနမွ တာ၀န္ရွိသူမ်ားက ေပးအပ္ၿပီး အခမ္းအနားသို႔ မတက္ေရာက္ႏိုင္သူမ်ားကို အိမ္တိုက္ရာေရာက္ ေပးအပ္ေၾကာင္း သိရသည္။

အသက္(၉၀)ႏွစ္ႏွင့္အထက္ရွိ သက္ႀကီးဘိုးဘြားမ်ားအား ႏိုင္ငံေတာ္အစိုးရမွ စတင္၍ ေထာက္ပံ့ ေပးအပ္သည့္ လူမႈေရးပင္စင္အျဖစ္ တစ္လလွ်င္ က်ပ္(၁၀၀၀၀)ႏႈန္းျဖင့္ သံုးလလွ်င္ တစ္ႀကိမ္ ေပးအပ္သည့္ ပထမ(၃)လပတ္တြင္ ရွမ္းျပည္နယ္အေရွ႕ပိုင္းရွိ ၿမိဳ႕နယ္(၉)ၿမိဳ႕နယ္မွ အသက္(၉၀)ႏွစ္အထက္ ဘိုးဘြား(၁၈၂)ဦးအား လူမႈေရးပင္စင္အျဖစ္  ဧၿပီလ၊ ေမလ ႏွင့္ ဇြန္လအတြင္း တစ္ေပါင္းတစည္းတည္း အျဖစ္ ဇြန္လ(၁၅)ရက္ေန႔တြင္ ျမန္မာတစ္ႏိုင္ငံလံုး အတိုင္းအတာအေနျဖင့္ ေပးအပ္ျခင္း ျဖစ္ေၾကာင္း သိရသည္။

ဓာတ္ပံု - ေဇာင္းညီ ၊ ကိုသာ


~~~~~~~~⊰❂ unicode ~~~~~~~~
အသက်(၉၀)နှစ်နှင့်အထက်ရှိ သက်ကြီးဘိုးဘွားများအား နိုင်ငံတော်အစိုးရမှ စတင်၍ ထောက်ပံ့ ပေးအပ်သည့် လူမှုရေးပင်စင် အဖြစ် တစ်လလျှင် ကျပ်(၁၀,ဝဝဝ)နှုန်းဖြင့် သုံးလလျှင် တစ်ကြိမ် ပေးအပ်သည့် ထောက်ပံ့ငွေများအား ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ ဇွန်လ(၁၅)ရက်နေ့ နံနက်ပိုင်းက တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ပေးအပ်ရာ တာချီလိတ်မြို့နယ် တစ်ခုလုံးတွင် (၅၈)ဦးရှိကြောင်း သိရသည်။

ထောက်ပံ့ငွေပေးအပ်ပွဲသို့ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် နှင့် လူမှုဝန်ထမ်း ဦးစီးဌာနမှ တာဝန်ရှိသူများအပြင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက် ခဲ့ကြောင်း သိရသည်။

လူမှုရေးပင်စင်ရရှိသည့် အသက်(၉၀)နှစ်နှင့်အထက်ရှိ သက်ကြီးဘိုးဘွားများထဲမှ တာချီလိတ်မြို့မှ (၄၂)ဦး၊ တာလမြေို့မှ(၁၅)ဦး နှင့် ကျိုင်းလပ်မှ (၁)ဦး စုစုပေါင်း (၅၈)ဦး ပါဝင်ကြောင်း သိရသည်။

"ယခု ပထမ(၃)လပတ်ထဲမှာ ဒီ အဘိုး/အဘွား သာမကဘဲ မိမိရပ်ကွက်ကျေးရွာများထဲမှာ စာရင်းကောက်ယူဖို့ ကျန်ရှိနေခဲ့တဲ့ အသက်(၉၀)ကျော် အဘိုး/အဘွားများ ကျန်ရှိနေသေးတယ် ဆိုရင်လည်း သတ်မှတ်ထားတဲ့ ပုံစံအတိုင်း ဖြည့်စွက်ပြီး လိုအပ်တဲ့ အိမ်ထောင်စုစာရင်း/မှတ်ပုံတင် မိတ္တူများ၊ အုပ်ချုပ်ရေးမှူး ထောက်ခံချက်များနဲ့အတူ တင်ပြနိုင်ပါတယ်"ဟု တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်က အဆိုပါ ပေးအပ်ပွဲတွင် ပြောကြားသည်။

"ဒုတိယ(၃)လပတ်အတွက် ထောက်ပံ့ပေးငွေများကိုတော့ လာမဲ့ စက်တင်ဘာလယ်လောက်မှာ အခုလိုပဲ တစ်ပေါင်းတစည်းတည်း ထုတ်ပေးသွားမှာ ဖြစ်ပါတယ်၊"ဟု၎င်းက ဆက်လက်ပြောကြားသည်။

အလားတူပင် မိုင်းဖြတ်မြို့နယ်ရှိ လူမှုရေးပင်စင်ရရှိသူ အသက်(၉၀)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား(၅)ဦးအား မိုင်းဖြတ်မြို့ရှိ ဘုရင့်နောင်ခန်းမတွင် မိုင်းဖြတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်နှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများက ပေးအပ်ပြီး အခမ်းအနားသို့ မတက်ရောက်နိုင်သူများကို အိမ်တိုက်ရာရောက် ပေးအပ်ကြောင်း သိရသည်။

အသက်(၉၀)နှစ်နှင့်အထက်ရှိ သက်ကြီးဘိုးဘွားများအား နိုင်ငံတော်အစိုးရမှ စတင်၍ ထောက်ပံ့ ပေးအပ်သည့် လူမှုရေးပင်စင်အဖြစ် တစ်လလျှင် ကျပ်(၁၀၀၀၀)နှုန်းဖြင့် သုံးလလျှင် တစ်ကြိမ် ပေးအပ်သည့် ပထမ(၃)လပတ်တွင် ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ မြို့နယ်(၉)မြို့နယ်မှ အသက်(၉၀)နှစ်အထက် ဘိုးဘွား(၁၈၂)ဦးအား လူမှုရေးပင်စင်အဖြစ် ဧပြီလ၊ မေလ နှင့် ဇွန်လအတွင်း တစ်ပေါင်းတစည်းတည်း အဖြစ် ဇွန်လ(၁၅)ရက်နေ့တွင် မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအနဖြေင့် ပေးအပ်ခြင်း ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - ဇောင်းညီ၊ ကိုသာ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~