တာခ်ီလိတ္တြင္ ေနအိမ္(၂၉)လံုး မီးေလာင္ျပာက် သြားခဲ့ရသူမ်ားထဲမွ မီးထဲပါသြားသည့္ ေျမစာရင္းပံုစံ(၁၀၅)မ်ားအား အသစ္ျပဳလုပ္ေပး

တာခ်ီလိတ္တြင္ ေနအိမ္(၂၉)လံုး မီးေလာင္ျပာက် သြားခဲ့ရသူမ်ားထဲမွ မီးထဲပါသြားသည့္ ေျမစာရင္းပံုစံ(၁၀၅)မ်ားအား အသစ္ျပဳလုပ္ေပး
ဇွန် 30, 2017
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕၊ မကာဟိုခမ္းရပ္ကြက္၊ ရွမ္းစုရြာတြင္ ၂၀၁၆ခုႏွစ္ ေမလ(၉)ရက္ေန႔က ျဖစ္ပြားခဲ့သည့္ မီးေလာင္မႈေၾကာင့္ ေနအိမ္(၂၉)လံုး မီးေလာင္ ျပာက်သြားခဲ့ရာတြင္ မီးထဲသို႔ ေျမစာရင္းပံုစံ(၁၀၅) ပါရွိ သြားသူမ်ားအား ၿမိဳ႕နယ္လယ္ယာေျမစီမံခန္႔ခဲြေရးႏွင့္ စာရင္းအင္းဦးစီးဌာနမွ အသစ္ျပဳလုပ္ေပးသည့္ ေျမစာရင္းပံုစံ (၁၀၅) ေပးအပ္ပြဲကို ဇြန္လ(၃၀)ရက္ေန႔တြင္ တာခ်ီလိတ္ၿမိဳ႕ မကာဟိုခမ္းရပ္ကြက္ရွိ မဟာျမတ္မုနိဘုန္းႀကီးေက်ာင္း၌ ျပဳလုပ္ခဲ့ၾကသည္။

အဆိုပါ ေပးအပ္ပြဲ အခမ္းအနားတြင္ ခရိုင္စီမံခန္႔ခြဲမႈ ေကာ္မတီဥကၠဌ၊ တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊ၊ တာခ်ီလိတ္ၿမိဳ႕နယ္လယ္ယာေျမစီမံခန္႔ခဲြေရးႏွင့္ စာရင္းအင္းဦးစီးဌာနမွ ဦးစီးအရာရွိ ဦးေက်ာ္နႏၵ၊ ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီဥကၠဌ ဦးစိုင္းလံုမား၊ အတြင္းေရးမွဴး ဦးစိုင္းေအာင္လင္း ႏွင့္ ရပ္မိရပ္ဖ ဦးၾကည္ျမင့္တို႔ တက္ေရာက္ၿပီး ေျမစာရင္းပံုစံ (၁၀၅)တို႔ကို မီးေဘးသင့္ခဲ့သူမ်ားထံ လက္၀ယ္အေရာက္ ေပးအပ္ခဲ့ၾကသည္။

အဆိုပါ မီးေလာင္ျပာက်သြားမႈေၾကာင့္ မီးထဲသို႔ ေနအိမ္(၂၉)လံုး ပါသြားသည့္အနက္ ေနအိမ္(၅)လံုး၏ ေျမစာရင္းပံုစံ(၁၀၅)မွာ ဆံုးရႈံးမႈမရွိခဲ့ေသာ္လည္း ေနအိမ္ (၂၄)လံုး၏ ေျမစာရင္းပံုစံ(၁၀၅)မွာ မီးထဲသို႔ပါသြား၍ ယခုလို သက္ဆိုင္ရာက အသစ္ျပဳလုပ္ေပးလိုက္ျခင္း ျဖစ္ေၾကာင္း သိရသည္။

မီးေလာင္မႈႏွင့္ ပတ္သက္၍ ေဒၚနန္းလတ္၏ ေနအိမ္ သြပ္မိုး၊ ထရံကာပ်ဥ္ခင္းအိမ္မွ မီးကူးစက္ ေလာင္ကြ်မ္းမႈေၾကာင့္ ရွမ္းစုရြာအတြင္းရွိ ၀ါးထရံအိမ္(၉)လံုး၊ ပ်ဥ္ေထာင္အိမ္ (၁၅)လံုး ႏွင့္ အုတ္ညႇပ္အိမ္ (၅)လံုး စုစုေပါင္း အိမ္ေျခ (၂၉)လံုး ျပာက်သြားခဲ့ရၿပီး က်ား(၇၆)ဦး ႏွင့္ မ (၈၉)ဦး စုစုေပါင္း (၁၆၅)ဦး အိုးမဲ့အိမ္မဲ့ျဖစ္ခဲ့ရေၾကာင္း သိရသည္။

ေနအိမ္အား ဓာတ္ဆီေလာင္းၿပီး မီးရႈိ႕ကာ ထြက္ေျပးတိမ္းေရွာင္သြားၿပီး တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ (ပ)၈၄/၂၀၁၆ ပုဒ္မ(၄၃၆)ျဖင့္ အမႈဖြင့္ ခံထားရသည့္ ေအာင္ေအာင္သန္း(ခ)စိုင္းေအာင္သန္း(ခ)အိုက္တြန္အား ယေန႔အခ်ိန္ထိ ေဖာ္ထုတ္ဖမ္းဆီး ရမိေသးျခင္း မရွိေၾကာင္း သိရသည္။

ဓာတ္ပံု - ယာေဆး


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်၊ ရှမ်းစုရွာတွင် ၂၀၁၆ခုနှစ် မေလ(၉)ရက်နေ့က ဖြစ်ပွားခဲ့သည့် မီးလောင်မှုကြောင့် နေအိမ်(၂၉)လုံး မီးလောင် ပြာကျသွားခဲ့ရာတွင် မီးထဲသို့ မြေစာရင်းပုံစံ(၁၀၅) ပါရှိ သွားသူများအား မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ အသစ်ပြုလုပ်ပေးသည့် မြေစာရင်းပုံစံ (၁၀၅) ပေးအပ်ပွဲကို ဇွန်လ(၃၀)ရက်နေ့တွင် တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်ရှိ မဟာမြတ်မုနိဘုန်းကြီးကျောင်း၌ ပြုလုပ်ခဲ့ကြသည်။

အဆိုပါ ပေးအပ်ပွဲ အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲမှု ကော်မတီဥက္ကဌ၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ တာချီလိတ်မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်နန္ဒ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးစိုင်းလုံမား၊ အတွင်းရေးမှူး ဦးစိုင်းအောင်လင်း နှင့် ရပ်မိရပ်ဖ ဦးကြည်မြင့်တို့ တက်ရောက်ပြီး မြေစာရင်းပုံစံ (၁၀၅)တို့ကို မီးဘေးသင့်ခဲ့သူများထံ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြသည်။

အဆိုပါ မီးလောင်ပြာကျသွားမှုကြောင့် မီးထဲသို့ နေအိမ်(၂၉)လုံး ပါသွားသည့်အနက် နေအိမ်(၅)လုံး၏ မြေစာရင်းပုံစံ(၁၀၅)မှာ ဆုံးရှုံးမှုမရှိခဲ့သော်လည်း နေအိမ် (၂၄)လုံး၏ မြေစာရင်းပုံစံ(၁၀၅)မှာ မီးထဲသို့ပါသွား၍ ယခုလို သက်ဆိုင်ရာက အသစ်ပြုလုပ်ပေးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

မီးလောင်မှုနှင့် ပတ်သက်၍ ဒေါ်နန်းလတ်၏ နေအိမ် သွပ်မိုး၊ ထရံကာပျဉ်ခင်းအိမ်မှ မီးကူးစက် လောင်ကျွမ်းမှုကြောင့် ရှမ်းစုရွာအတွင်းရှိ ဝါးထရံအိမ်(၉)လုံး၊ ပျဉ်ထောင်အိမ် (၁၅)လုံး နှင့် အုတ်ညှပ်အိမ် (၅)လုံး စုစုပေါင်း အိမ်ခြေ (၂၉)လုံး ပြာကျသွားခဲ့ရပြီး ကျား(၇၆)ဦး နှင့် မ (၈၉)ဦး စုစုပေါင်း (၁၆၅)ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း သိရသည်။

နေအိမ်အား ဓာတ်ဆီလောင်းပြီး မီးရှို့ကာ ထွက်ပြေးတိမ်းရှောင်သွားပြီး တာချီလိတ်မြို့မရဲစခန်းမှ (ပ)၈၄/၂၀၁၆ ပုဒ်မ(၄၃၆)ဖြင့် အမှုဖွင့် ခံထားရသည့် အောင်အောင်သန်း(ခ)စိုင်းအောင်သန်း(ခ)အိုက်တွန်အား ယနေ့အချိန်ထိ ဖော်ထုတ်ဖမ်းဆီး ရမိသေးခြင်း မရှိကြောင်း သိရသည်။

ဓာတ်ပုံ - ယာဆေး

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~