ရခုိင္ျပည္နယ္ဘက္သို႔ ပို႔ေဆာင္မည့္ ကြ်န္းတံခါးမ်ား ငဖဲၿမိဳ႕တြင္ ဖမ္းဆီးရမိ

ရခုိင္ျပည္နယ္ဘက္သို႔ ပို႔ေဆာင္မည့္ ကြ်န္းတံခါးမ်ား ငဖဲၿမိဳ႕တြင္ ဖမ္းဆီးရမိ
မေ 18, 2017
By Tachileik News Agency

မေကြးတိုင္းေဒသႀကီး၊ ငဖဲၿမိဳ႕နယ္ စာတတ္ကူစစ္ေဆးေရးဂိတ္တြင္ ရခိုင္ျပည္နယ္ဘက္သို႔ ပို႔ေဆာင္မည့္ ကၽြန္းတံခါးမ်ားအား ေမလ(၁၇)ရက္ေန႔က ဖမ္းဆီးရမိေၾကာင္း ငဖဲၿမိဳ႕နယ္သစ္ေတာဦးစီးဌာနမွ သိရသည္။

“ကြ်န္ေတာ္တို႔ စစ္ေဆးေရးအဖြဲ႔က ကားဆရာဆီမွာ ေမ်ာစာ(သစ္သယ္ေဆာင္ခြင့္လက္မွတ္) ေတာင္းေတာ့ ေနာက္ကားက ေပးလိမ္႔ မယ္လို႔ ေျပာတာေၾကာင္႔ ေနာက္က ကားကိုေမးၾကည့္ေတာ႔ သူတို႔နဲ႔ မဆိုင္ဘူးေျပာလို႔ ေရွ႕ကားက မိုးကာကို လွပ္ၿပီးရွာလိုက္တာ ကၽြန္းတံခါးခ်ပ္ေတြ ေတြ႔ရတာပါပဲ”ဟု ပဒါန္းဘိနယ္တာဝန္ခံ ေတာအုပ္ ဦးထြန္းေနဝင္း က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မင္းဘူး - အမ္းကားလမ္း ငဖဲၿမိဳ႕နယ္ စာတတ္ကူေမာင္းတံဂိတ္တြင္ ေမ(၁၇)ရက္ နံနက္ပိုင္းက ငဖဲၿမိဳ႕နယ္ သစ္ေတာဦးစီးမွဴး ဦးေအာင္မင္းသူပါ သစ္ေတာဝန္ထမ္း(၁၄)ဦး သစ္ေတာရဲအဖဲြ႔၊ ပဒါန္းရဲကင္း စခန္းမွ ရဲတပ္ဖဲြ႔တို႔ ပူးေပါင္းအဖဲြ႔က တရားမဝင္သစ္မ်ား သယ္ေဆာင္ျခင္းမရိွေစေရးအတြက္ ယာဥ္မ်ားအား စစ္ေဆးမႈျပဳလုပ္စဥ္ တန္ခ်ိန္( ၂.၀၂၅၀) ရိွ ကၽြန္းတံခါးခ်ပ္ ဆိုဒ္စံု(၇၃)ခ်ပ္ကို ေတြ႔ရိွဖမ္းဆီးရမိခဲ႔ျခင္း ျဖစ္ေၾကာင္း သိရသည္။

ရန္ကုန္မွ ရခိုင္ျပည္နယ္ဘက္သို႔ ေမာင္းႏွင္လာသည့္ အဆိုပါကားတြင္ တင္ေဆာင္လာသည့္ ကၽြန္းတံခါးခ်ပ္မ်ားႏွင့္ ပတ္သက္၍ “စိုးစံသာ ကၽြန္းတံခါးႏွင္႔ အိမ္ေဆာက္ပစၥည္း ေရာင္းဝယ္ေရး”ဆိုင္မွ အေရာင္းေျပစာႏွင္႔ “ဓညဝတီကုန္စည္ပို႔ေဆာင္ေရးလုပ္ငန္း” ေျပစာသာပါရိွေၾကာင္း သိရသည္။

“အဲဒီ ကၽြန္းတံခါးခ်ပ္ေတြကို စကၠဴပုံးေတြ သြပ္ခ်ပ္ေတြ ေရသန္႔ဘူးခြံေတြနဲ႔ ဖုံးအုပ္ သယ္ေဆာင္လာတာျဖစ္ၿပီး တရားဝင္သစ္ျဖစ္ေၾကာင္း အေထာက္အထား မပါရိွပါဘူး”ဟု စာတတ္ကူဂိတ္ တာဝန္က် သစ္ေတာရဲတပ္ဖြဲ႕မွ ရဲတပ္ဖဲြ႔ဝင္တစ္ဦးကေျပာသည္။

ယာဥ္ေမာင္းႏွင္႔ ယာဥ္ေနာက္လိုက္တို႔၏ ထြက္ဆိုခ်က္မ်ားအရ ယင္း ကၽြန္းတံခါးခ်ပ္မ်ားပိုင္ရွင္မွာ စိုးစံသာ ကၽြန္းတံခါးႏွင္႔ အိမ္ေဆာက္ပစၥည္း ေရာင္းဝယ္ေရး”လုပ္ငန္းပိုင္ရွင္ ဦးနီလွေထြးျဖစ္ၿပီး ယာဥ္ပိုင္ရွင္မွာ ဦးစိုးဝင္းေအာင္(ဓညဝတီကုန္စည္ပို႔ေဆာင္ေရးလုပ္ငန္း)ျဖစ္ေၾကာင္း သိရိွရသျဖင္႔ တရားမဝင္ကၽြန္း တံခါးခ်ပ္မ်ားကို သယ္ေဆာင္ေရာင္းဝယ္မႈျပဳလုပ္ၾကသူ အဆိုပါ(၄)ဦးအား ငဖဲၿမိဳ႕မရဲစခန္းမွ (ပ)၇၃/ ၂၀၁၇၊ ပပက ၆(၁) ျဖင္႔ အမႈဖြင္႔ အေရးယူေဆာင္ရြက္လ်က္ရိွေၾကာင္း သိရသည္။

သတင္း - ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ် စာတတ်ကူစစ်ဆေးရေးဂိတ်တွင် ရခိုင်ပြည်နယ်ဘက်သို့ ပို့ဆောင်မည့် ကျွန်းတံခါးများအား မေလ(၁၇)ရက်နေ့က ဖမ်းဆီးရမိကြောင်း ငဖဲမြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။

“ကျွန်တော်တို့ စစ်ဆေးရေးအဖွဲ့က ကားဆရာဆီမှာ မျောစာ(သစ်သယ်ဆောင်ခွင့်လက်မှတ်) တောင်းတော့ နောက်ကားက ပေးလိမ့် မယ်လို့ ပြောတာကြောင့် နောက်က ကားကိုမေးကြည့်တော့ သူတို့နဲ့ မဆိုင်ဘူးပြောလို့ ရှေ့ကားက မိုးကာကို လှပ်ပြီးရှာလိုက်တာ ကျွန်းတံခါးချပ်တွေ တွေ့ရတာပါပဲ”ဟု ပဒါန်းဘိနယ်တာဝန်ခံ တောအုပ် ဦးထွန်းနေဝင်း က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မင်းဘူး - အမ်းကားလမ်း ငဖဲမြို့နယ် စာတတ်ကူမောင်းတံဂိတ်တွင် မေ(၁၇)ရက် နံနက်ပိုင်းက ငဖဲမြို့နယ် သစ်တောဦးစီးမှူး ဦးအောင်မင်းသူပါ သစ်တောဝန်ထမ်း(၁၄)ဦး သစ်တောရဲအဖွဲ့၊ ပဒါန်းရဲကင်း စခန်းမှ ရဲတပ်ဖွဲ့တို့ ပူးပေါင်းအဖွဲ့က တရားမဝင်သစ်များ သယ်ဆောင်ခြင်းမရှိစေရေးအတွက် ယာဉ်များအား စစ်ဆေးမှုပြုလုပ်စဉ် တန်ချိန်( ၂.ဝ၂၅၀) ရှိ ကျွန်းတံခါးချပ် ဆိုဒ်စုံ(၇၃)ချပ်ကို တွေ့ရှိဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မှ ရခိုင်ပြည်နယ်ဘက်သို့ မောင်းနှင်လာသည့် အဆိုပါကားတွင် တင်ဆောင်လာသည့် ကျွန်းတံခါးချပ်များနှင့် ပတ်သက်၍ “စိုးစံသာ ကျွန်းတံခါးနှင့် အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေး”ဆိုင်မှ အရောင်းပြေစာနှင့် “ဓညဝတီကုန်စည်ပို့ဆောင်ရေးလုပ်ငန်း” ပြေစာသာပါရှိကြောင်း သိရသည်။

“အဲဒီ ကျွန်းတံခါးချပ်တွေကို စက္ကူပုံးတွေ သွပ်ချပ်တွေ ရေသန့်ဘူးခွံတွေနဲ့ ဖုံးအုပ် သယ်ဆောင်လာတာဖြစ်ပြီး တရားဝင်သစ်ဖြစ်ကြောင်း အထောက်အထား မပါရှိပါဘူး”ဟု စာတတ်ကူဂိတ် တာဝန်ကျ သစ်တောရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့၏ ထွက်ဆိုချက်များအရ ယင်း ကျွန်းတံခါးချပ်များပိုင်ရှင်မှာ စိုးစံသာ ကျွန်းတံခါးနှင့် အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေး”လုပ်ငန်းပိုင်ရှင် ဦးနီလှထွေးဖြစ်ပြီး ယာဉ်ပိုင်ရှင်မှာ ဦးစိုးဝင်းအောင်(ဓညဝတီကုန်စည်ပို့ဆောင်ရေးလုပ်ငန်း)ဖြစ်ကြောင်း သိရှိရသဖြင့် တရားမဝင်ကျွန်း တံခါးချပ်များကို သယ်ဆောင်ရောင်းဝယ်မှုပြုလုပ်ကြသူ အဆိုပါ(၄)ဦးအား ငဖဲမြို့မရဲစခန်းမှ (ပ)၇၃/ ၂၀၁၇၊ ပပက ၆(၁) ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~