တာခ်ီလိတ္တြင္ ၾကက္သြန္ျဖဴေရာင္း၀ယ္ လုပ္ကိုင္သူ အမ်ဳိးသားတစ္ဦး ေသနတ္ျဖင့္ ပစ္သတ္ခံရ

တာခ်ီလိတ္တြင္ ၾကက္သြန္ျဖဴေရာင္း၀ယ္ လုပ္ကိုင္သူ အမ်ဳိးသားတစ္ဦး ေသနတ္ျဖင့္ ပစ္သတ္ခံရ
မေ 3, 2017
By Tachileik News Agency

ျမန္မာ - ထိုင္း နယ္စပ္ တာခ်ီလိတ္ၿမိဳ႕တြင္ ၾကက္သြန္ျဖဴေရာင္း၀ယ္ေရး လုပ္ကိုင္သူ အမ်ဳိးသားတစ္ဦး ၎၏ ေနအိမ္ ၾကက္သြန္ရံုတြင္ ေသနတ္ျဖင့္ ပစ္သတ္ခံရေၾကာင္း ႏွင့္ ပစ္သတ္သြားသူအား ရဲတပ္ဖြဲ႔မွ စံုစမ္းရွာေဖြေနဆဲ ျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕ မယ္ေခါင္ရပ္ကြက္အတြင္းရွိ ေနအိမ္တြင္ အသက္(၃၀)၀န္းက်င္ရွိ စိုင္းရီသည္ ေမလ(၃)ရက္ေန႔ ညေနပိုင္းက ေသြးထြက္ဒဏ္ရာျဖင့္ ေသဆံုးေနေၾကာင္း ရဲတပ္ဖြဲ႔သို႔ အေၾကာင္းၾကားခ်က္အရ သက္ဆိုင္ရာ ရဲတပ္ဖြဲ႔၀င္မ်ားမွ သြားေရာက္၍ စစ္ေဆးမႈမ်ား ျပဳလုပ္ရာတြင္ ၎သည္ ပက္လက္ အေနအထားျဖင့္ ေက်ာယာဘက္ျပင္ က်ည္၀င္ဒဏ္ရာ (၁)ခ်က္၊ ၀ဲဘက္ခါးက်ည္၀င္ ဒဏ္ရာ (၁)ခ်က္တို႔ျဖင့္ ဒဏ္ရာရရွိထားၿပီး ခႏၶာကိုယ္အႏွံ႔ စစ္ေဆးမႈမ်ား ျပဳလုပ္ရာ၌ ရရွိထားေသာ က်ည္၀င္ ဒဏ္ရာမ်ား၏ တစ္ဖက္တြင္ က်ည္ဆံေဖာက္ထြက္သြားသည့္ က်ည္ထြက္ဒဏ္ရာကိုလည္း ေတြ႕ရွိရေၾကာင္း သိရသည္။

အခင္းျဖစ္စဥ္ႏွင့္ စပ္လ်ဥ္း၍ ရဲတပ္ဖြဲ႔မွ စစ္ေဆးမႈမ်ား ျပဳလုပ္ရာတြင္ ေသနတ္ျဖင့္ ပစ္သတ္ခံရသူ စိုင္းရီ၏ ဇနီးျဖစ္သူသည္ ကေလးႀကိဳရန္အတြက္ ေနအိမ္မွ ထြက္သြားစဥ္ ၎သည္(သတ္ခံရသူ) ေနအိမ္ေရွ႕ သမံတလင္းေပၚတြင္ ၾကက္သြန္ျဖဴခြာေနေၾကာင္း ႏွင့္ ၎၏ ဇနီးသည္ ကေလးႀကိဳရာက ျပန္အေရာက္တြင္ ခင္ပြန္းျဖစ္သူမွာ ေသြးထြက္ဒဏ္ရာမ်ားျဖင့္ ေသဆံုးေနသည္ကို ေတြ႕ရွိရ၍ သက္ဆိုင္ရာသို႔ အေၾကာင္းၾကား ျခင္း ျဖစ္ေၾကာင္း သိရသည္။

အခင္းျဖစ္ပြားမႈႏွင့္ ပတ္သက္၍ ျပစ္မႈက်ဴးလြန္သူအား အျမန္ဆံုး ဖမ္းဆီးရမိေရးအတြက္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၉၀/၂၀၁၇၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ ျဖင့္ အမႈဖြင့္ထားရွိၿပီး စံုစမ္းေဖာ္ထုတ္ေနလ်က္ရွိေၾကာင္း သိရသည္။

ဓာတ္ပံု - တာခ်ီလိတ္နာေရးကူညီမႈအသင္း


~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်တွင် ကြက်သွန်ဖြူရောင်းဝယ် လုပ်ကိုင်သူ အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ
......................

မြန်မာ - ထိုင်း နယ်စပ် တာချီလိတ်မြို့တွင် ကြက်သွန်ဖြူရောင်းဝယ်ရေး လုပ်ကိုင်သူ အမျိုးသားတစ်ဦး၎င်း၏ နေအိမ် ကြက်သွန်ရုံတွင် သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း နှင့် ပစ်သတ်သွားသူအား ရဲတပ်ဖွဲ့မှ စုံစမ်းရှာဖွေနေဆဲ ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်အတွင်းရှိ နေအိမ်တွင် အသက်(၃၀)ဝန်းကျင်ရှိ စိုင်းရီသည် မေလ(၃)ရက်နေ့ ညနေပိုင်းက သွေးထွက်ဒဏ်ရာဖြင့် သေဆုံးနေကြောင်း ရဲတပ်ဖွဲ့သို့ အကြောင်းကြားချက်အရ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များမှ သွားရောက်၍ စစ်ဆေးမှုများ ပြုလုပ်ရာတွင်၎င်းသည် ပက်လက် အနေအထားဖြင့် ကျောယာဘက်ပြင် ကျည်ဝင်ဒဏ်ရာ (၁)ချက်၊ ဝဲဘက်ခါးကျည်ဝင် ဒဏ်ရာ (၁)ချက်တို့ဖြင့် ဒဏ်ရာရရှိထားပြီး ခန္ဓာကိုယ်အနှံ့ စစ်ဆေးမှုများ ပြုလုပ်ရာ၌ ရရှိထားသော ကျည်ဝင် ဒဏ်ရာများ၏ တစ်ဖက်တွင် ကျည်ဆံဖောက်ထွက်သွားသည့် ကျည်ထွက်ဒဏ်ရာကိုလည်း တွေ့ရှိရကြောင်း သိရသည်။

အခင်းဖြစ်စဉ်နှင့် စပ်လျဉ်း၍ ရဲတပ်ဖွဲ့မှ စစ်ဆေးမှုများ ပြုလုပ်ရာတွင် သေနတ်ဖြင့် ပစ်သတ်ခံရသူ စိုင်းရီ၏ ဇနီးဖြစ်သူသည် ကလေးကြိုရန်အတွက် နေအိမ်မှ ထွက်သွားစဉ်၎င်းသည်(သတ်ခံရသူ) နေအိမ်ရှေ့ သမံတလင်းပေါ်တွင် ကြက်သွန်ဖြူခွာနေကြောင်း နှင့်၎င်း၏ ဇနီးသည် ကလေးကြိုရာက ပြန်အရောက်တွင် ခင်ပွန်းဖြစ်သူမှာ သွေးထွက်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရ၍ သက်ဆိုင်ရာသို့ အကြောင်းကြား ခြင်း ဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်ပွားမှုနှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၉၀/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားရှိပြီး စုံစမ်းဖော်ထုတ်နေလျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~