မိုင္းေယာင္းတြင္ လင္မယားခ်င္း စကားမ်ားရာမွ ဇနီးျဖစ္သူအား ဓါးျဖင့္ခုတ္၊ မိမိကိုကိုယ္ လည္ပင္းဓါးျဖင့္လွီး

မိုင္းေယာင္းတြင္ လင္မယားခ်င္း စကားမ်ားရာမွ ဇနီးျဖစ္သူအား ဓါးျဖင့္ခုတ္၊ မိမိကိုကိုယ္ လည္ပင္းဓါးျဖင့္လွီး
မေ 18, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ခရိုင္၊ မိုင္းေယာင္းၿမိဳ႕တြင္ လင္မယားခ်င္း စကားမ်ား ရန္ျဖစ္ရာမွ ဇနီးျဖစ္သူအား ဓါးျဖင့္ ခုတ္ၿပီး မိမိကိုယ္ကိုယ္လည္ပင္းအား ဓါးျဖင့္ျပန္လီွးမႈ ေမလ(၁၇)ရက္ေန႔ ညပိုင္းက ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

မိုင္းေယာင္းၿမိဳ႕နယ္၊ မုန္းလိုက္ေက်းရြာအုပ္စု၊ ပါဆန္းေက်းရြာ၊ ငါးကန္အနီးရွိ ရာဘာၿခံေစာင့္လုပ္သား အိုက္ရႈးသည္ ၎၏ ဇနီးျဖစ္သူ မနာေရွာႏွင့္ စကားမ်ားရန္ျဖစ္ရာမွ အရိုး(၆)လက္မ အသြား(၁၅)လက္မခန္႔ရွိသည့္ ကိုင္းခုတ္ဓါးျဖင့္ ခုတ္ခဲ့ေၾကာင္း သတင္းရရွိ၍ သက္ဆိုင္ရာ ရဲတပ္ဖြဲ႔မွ သြားေရာက္ စစ္ေဆးရာ မနာေရွာ၏ ယာဘက္ လက္ေမာင္းႏွင့္ လက္ဖ်ံတို႔တြင္ အရွည္(၇)လက္မခန္႔ ျပတ္ရွဒဏ္ရာ(၁)ခ်က္၊ ယာဘက္ပါးတြင္ အရွည္(၄)လက္မခန္႔ရွိ ျပတ္ရွဒဏ္ရာ (၁)ခ်က္ရရွိေၾကာင္း ႏွင့္ ဓါးျဖင့္ ခုတ္သူ အိုက္ရူးမွာ ၎၏ ဓါးျဖင့္ပင္ မိမိကိုယ္ကိုယ္ လည္ပင္းအား လွီးျဖတ္ခ့ဲရာမွ အလ်ား(၅)လက္မခန္႔ရွိ ျပတ္ရွဒဏ္ရာ(၁)ခ်က္ ရရွိသြား၍ ၎တို႔ ႏွစ္ဦးအား ရဲေဆးစာျဖင့္ မိုင္းေယာင္းျပည္သူေဆးရံုသို႔ ပို႔ေဆာင္ထားရေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ဓားျဖင့္ခုတ္သူ အိုက္ရႈးအား မိုင္းေယာင္းၿမိဳ႕မရဲစခန္းတြင္ (ပ)၃၅/၂၀၁၇၊ ရာဇသတ္ႀကီးပုဒ္မ (၃၂၆)ျဖင့္လည္းေကာင္း၊ (ပ)၃၆/၂၀၁၇၊ ရာဇသတ္ႀကီးပုဒ္မ (၃၀၉)ျဖင့္လည္းေကာင္း အမႈဖြင့္လွစ္ေဆာင္ရြက္ထားရွိေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့တွင် လင်မယားချင်း စကားများ ရန်ဖြစ်ရာမှ ဇနီးဖြစ်သူအား ဓားဖြင့် ခုတ်ပြီး မိမိကိုယ်ကိုယ်လည်ပင်းအား ဓားဖြင့်ပြန်လှီးမှု မေလ(၁၇)ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ်၊ မုန်းလိုက်ကျေးရွာအုပ်စု၊ ပါဆန်းကျေးရွာ၊ ငါးကန်အနီးရှိ ရာဘာခြံစောင့်လုပ်သား အိုက်ရှုးသည်၎င်း၏ ဇနီးဖြစ်သူ မနာရှောနှင့် စကားများရန်ဖြစ်ရာမှ အရိုး(၆)လက်မ အသွား(၁၅)လက်မခန့်ရှိသည့် ကိုင်းခုတ်ဓားဖြင့် ခုတ်ခဲ့ကြောင်း သတင်းရရှိ၍ သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ သွားရောက် စစ်ဆေးရာ မနာရှော၏ ယာဘက် လက်မောင်းနှင့် လက်ဖျံတို့တွင် အရှည်(၇)လက်မခန့် ပြတ်ရှဒဏ်ရာ(၁)ချက်၊ ယာဘက်ပါးတွင် အရှည်(၄)လက်မခန့်ရှိ ပြတ်ရှဒဏ်ရာ (၁)ချက်ရရှိကြောင်း နှင့် ဓားဖြင့် ခုတ်သူ အိုက်ရူးမှာ၎င်း၏ ဓားဖြင့်ပင် မိမိကိုယ်ကိုယ် လည်ပင်းအား လှီးဖြတ်ခဲ့ရာမှ အလျား(၅)လက်မခန့်ရှိ ပြတ်ရှဒဏ်ရာ(၁)ချက် ရရှိသွား၍၎င်းတို့ နှစ်ဦးအား ရဲဆေးစာဖြင့် မိုင်းယောင်းပြည်သူဆေးရုံသို့ ပို့ဆောင်ထားရကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဓားဖြင့်ခုတ်သူ အိုက်ရှုးအား မိုင်းယောင်းမြို့မရဲစခန်းတွင် (ပ)၃၅/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ (၃၂၆)ဖြင့်လည်းကောင်း၊ (ပ)၃၆/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ (၃၀၉)ဖြင့်လည်းကောင်း အမှုဖွင့်လှစ်ဆောင်ရွက်ထားရှိကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~